fbpx

This is digital planet.

SamsungTech News

ကင်မရာဘုရင်အဖြစ် ပြန်လည်နန်းလုမည့် Galaxy S10

Zawgyi




Unicode

ဖုန်း Company တော်တော်များများက သူတို့ရဲ့ နည်းပညာတွေကို ပိုမို တိုးတတ်လာအောင်အမျိုးမျိုး ကြိုးစားနေကြပါတယ်။ တနည်းအားဖြင့် Performance ပိုင်းတွေ Camera ပိုင်းတွေမှာပေါ့။ Low-light photography နဲ့ ပက်သက်ပြီး OnePlus ဆိုလည်း Intelligence Pixel Technology ဆိုပြီး ကြိုးစားအားထုတ်ခဲ့သလို အခြားသော Company တွေလည်း ကြိုးစားနေကြတုန်းပါ။ Low-light photography နဲ့ပက်သက်ပြီး Impressive Solution တစ်ခုဖြစ်တဲ့ Google ရဲ့ Night Sight Features ဟာ OnePlus တို့ Xiaomi တို့ကူးစက်စေပြီးနောက် Nightscape တို့ Night Scene ဆိုပြီး ထွက်ပေါ်လာပါတယ်။ နောက်ပိုင်း Huawei မှာဆို Night Mode၊ Honor မှာဆို Super-Bright Mode စသဖြင့် အဆင့်ဆင့်ကူးစက်လာတယ်။

အခုဆို Samsung ဆိုလည်း Night mode နဲ့ပက်သက်ပြီး ပိုကောင်းစေတဲ့ အလားတူ feature ကို သူရဲ့ Flagship ဖုန်းအသစ်မှာ ထည့်ဖို့ကြိုးစားနေတယ်။ xda ရဲ့တူးဆွချက်အရ Galaxy Note 9’s One UI မှာပါတဲ့ Samsung Stock Camera မှာ Night Mode နဲ့တူညီတဲ့ Feature တစ်ခုပါဝင်မယ်သိရပါတယ်။

ဒီ Feature ဟာ Bright Night လို့ခေါ်ပြီး အသစ်ထွက်ရှိမဲ့ Galaxy S10 မှာပါဝင်နိုင်ပါတယ်။ Galaxy S10 ဟာ S9 မှာ ခဏတာ ကင်မရာဘုရင်ဖြစ်ခဲ့မှုကို ပြန်လည်နန်းလုမဲ့ဖုန်းတစ်လုံးဖြစ်နိုင်တဲ့အပြင် In-display Front Camera, Ultrasonic Fingerprint နဲ့ Triple-camera တို့ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။