fbpx

This is digital planet.

Tech NewsXiaomi

ကမ္ဘာအမြန်ဆုံး အားသွင်းစနစ်ဖြစ်လာဖွယ်ရှိတဲ့ Xiaomi ရဲ့ Turbo Charge

လက်ရှိကမ္ဘာအမြန်ဆုံးအားသွင်းစနစ်လို့ဆိုရမယ့် OPPO ရဲ့ SuperVOOC ထက်ပိုမိုမြန်ဆန်တဲ့ 100W Fast Charging စနစ်ကို Xiaomi က အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီလို့ Xiaomi President / Co-founder ဖြစ်သူ Lin Bin က သူရဲ့ Weibo အကောင့်ကနေတဆင့် အတည်ပြုထုတ်ပြန်ပေးသွားခဲ့ပါတယ်။ Xiaomi ရဲ့ အင်ဂျင်နီယာတွေ အနေနဲ့ အံသြသင့်ဖွယ်ကောင်းတဲ့ ဒီ 100W Fast Charging ဟာ 4000mAh ဘက်ထရီကို ၁၇ မိနစ်အတွင်း အားသွင်းပေးနိုင်တယ်ဆိုတာကိုလဲ Video နဲ့တကွ ဖော်ပြခဲ့ပါတယ်။ လက်ရှိဈေးကွက်ထဲမှာတော့ OPPO ရဲ့ SuperVOOC စနစ်ဟာ အမြန်ဆုံးအားသွင်းစနစ်အနေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။

စမ်းသပ်ချက်တွေအရ 3700 mAh ရှိတဲ့ Xiaomi model တစ်ခုကို SuperVOOC Fast Charging နဲ့အားသွင်းကြည့်ရာမှာ ၁၇ မိနစ်အတွင်း 65 % ရရှိခဲ့တာကိုမြင်တွေရပြီး 4000 mAh ရှိတဲ့ စမတ်ဖုန်းကတော့ 0 – 100% ရရှိဖို့ကို ၁၇ မိနစ်ပဲအချိန်ယူရရတယ်လို့သိရပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ Lin Bin အနေနဲ့ အဆိုပါ နည်းပညာ အကြောင်းကိုအသေးစိတ်မပြောသွားခဲ့ပါဘူး။ ဒီ 100W Fast Charging နည်းပညာ ဟာ မကြာခင်အချိန်အတွင်းမှာပဲ ပွဲထွက်လာနိုင်မလာဆိုတာကတော့ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ အနီးစပ်ဆုံး Mi Mix 3 ( 5G edition ) နဲ့ Mi Mix 4 တို့မှာပါဝင်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Ref: Gizmochina