This is digital planet.

Tech NewsZTE

ကမ္ဘာ့ပထမဆုံး Snapdragon 865 ဖုန်းဟာ ZTE ရဲ့ Axon 10s Pro ဖြစ်လာ

တရုတ်ကုမ္ပဏီတစ်ခုကတော့ Samsung ကို Snapdragon 865 phone ကိုပထမဆုံးထုတ်လာဖို့ကို အနိုင်ပိုင်းလိုက်ပါပြီ။ ထို ကုမ္ပဏီကတော့ ZTE ပဲဖြစ်ပါတယ်။ ZTE ဟာ ZTE Axon 10s Pro ဖုန်းကိုတရား၀င်မိတ်ဆက်လိုက်ပါပြီ။

ZTE Axon 10s Pro ရဲ့ Design နဲ့ Specs တော်တော်များများဟာ အရင်နှစ်ကထွက်ခဲ့တဲ့ Axon 10 Pro အတိုင်းပဲ သိပ်ပြောင်းလဲလာခြင်းမရှိပါဘူး။ ဖုန်းမှာ 1080p resolution ရှိတဲ့ 6.47-inch AMOLED curved display ပါ၀င်ပြီး Aspect ratio 19.5:9 ရှိပါတယ်။ ဖုန်းရဲ့  Screen မှာ In-display fingerprint sensor ပါပြီး အခုနောက်ပိုင်းတွေ့နေရတဲ့ Waterdrop-notch ပါ၀င်ပါတယ်။

ဖုန်းမှာ 48MP main sensor၊ 20MP wide-angle lens (125 degrees) နဲ့ 8MP telephoto lens တို့ပါတဲ့ Triple camera setup ကိုတပ်ဆင်ပေးထားပါတယ်။ Selfie Camera ကတော့ 20MP ရှိပါတယ်။

Axon 10s Pro မှာသိသိသာသာ‌ ပြောင်းလဲလာတာက Snapdragon 865 Chipset ပဲဖြစ်ပါတယ်။ 2019 Axon 10 Pro မှာ Snapdragon 855 Chipset ကိုပဲသုံးပေးထားပါတယ်။ အဲ့လို Snapdragon 865 Chipset ‌‌ပြောင်းလိုက်တာက ဖုန်းရဲ့ Overall Performance နဲ့ GPU ဟာတိုးတက်လာပြီး 5G Connectivity ပါရလာပါတယ်။

နောက်ထပ်ဖုန်းမှာ Wi-Fi 6 ထောက်ပံ့ပေးထားပြီး Connectivity ပိုင်းကို တိုးတက်စေဖို့ Wi-Fi, LTE ဒါမှမဟုတ် 5G networks ကြား‌ပြောင်းနိုင်တဲ့ Link-Booster Feature ပါ၀င်လာပါတယ်။ Axon 10s Pro မှာ 12GB LPDDR5 RAM ကို 256GB UFS 3.0 storage နဲ့တွဲပေးထားပြီး 6GB/128GB Version လည်းရှိ‌ပါသေးတယ်။ ဖုန်းမှာ Qualcomm Quick Charge 4.0 ထောက်ပံ့ပေးထားတဲ့ 4,000mAh battery နဲ့အားဖြည့်ပေးထားပါတယ်။

ZTE Axon 10s Pro ရဲ့ ဈေးနှုန်း

လောလောဆယ်မှာတော့ Axon 10s Pro ရံ့ဈေးနှုန်း နဲ့ တရား၀င်ထွက်ရှိလာမယ့်ရက်ကိုအတိအကျမသိရသေးပါဘူး။ ဖုန်းရဲ့ဈေးဟာ Axon 10 Pro ‌ရဲ့ဈေး $469 (7 သိန်း၀န်းကျင်) ၀န်းကျင်လောက်ပဲရှိလာနိုင်ပါတယ်။

Ref: Android Authority