fbpx

This is digital planet.

realmeTech News

realme က ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူစာရင်းတွင် အဆင့်-၇နေရာသို့ ရောက်ရှိလာခဲ့

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်သို့ ၂ဝ၁၈ မေလ မှ စတင်ဝင်ရောက်လာခဲ့သည့် realme အမှတ်တံဆိပ်စမတ်ဖုန်းကုမ္ပဏီအနေဖြင့် ယခုအခါတွင် ၂ဝ၁၉ တတိယ ၃လပတ်အတွက် Counterpoint ကထုတ်ပြန်သည့် တစ်ကမ္ဘာလုံးဆိုင်ရာမိုဘိုင်းဖုန်းတင်ပို့ရောင်းချမှုအချက်အလက်များအရ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူစာရင်းတွင် အဆင့်-၇နေရာသို့ တိုးမြင့်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ realme အနေဖြင့် ယခုကဲ့သို့ အဆင့်-၇ မိုဘိုင်းဖုန်းထုတ်လုပ်သူအဖြစ်ရောက်ရှိလာခဲ့ခြင်းမှာ ၂ဝ၁၉ ဒုတိယ၃လပတ်တွင် ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ ၁ဝဦးစာရင်းသို့ဝင်ရောက်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အရေးကြီးဆုံးအချက်အဖြစ် ၂ဝ၁၉ တတိယ ၃လပတ်အတွင်း realme ၏စုစုပေါင်းစမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ အလုံးရေ ၁ဝ သန်းကျော်အထိရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှုနှုန်းတွင် ၈ဝ၈ ရာခိုင်နှုန်းအထိတိုးမြင့်လာခဲ့ခြင်းဖြစ်ကာ တိုးတက်မှုအမြန်ဆုံးစာရင်းတွင် ပထမနေရာအဖြစ် တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်ပါ ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။


မြန်မာပြည်မိုဘိုင်းဈေးကွက်တွင်လည်း realme အနေဖြင့် Leap To Quad Camera ဆောင်ပုဒ်နှင့်အညီ ထူးခြားသည့်ကင်မရာရိုက်ကူးမှုအတွေ့အကြုံသစ်ကိုပေးစွမ်းစေမည့် realme 5 နှင့် realme 5 Pro စမတ်ဖုန်းသစ်များကို မိတ်ဆက်ပေးထားပြီဖြစ်ပြီး အထူးအတန်ဆုံးဈေးနှုန်းအဖြစ် realme 5 ၏ RAM 3GB + ROM 32GB version အမျိုးအစားကို ဈေးနှုန်း ၂၂၉,၉ဝဝ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ realme အနေဖြင့် မြန်မာပြည်မိုဘိုင်းသုံးစွဲသူများ အရည်အသွေးကောင်းမွန်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် realme ဖုန်းများကို ပိုမိုထိတွေ့နိုင်စေရန်အတွက် realme 5 ကို အသက်သာဆုံးဈေးနှုန်းဖြင့်မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သလို လက်ရှိမြန်မာပြည်မိုဘိုင်းဈေးကွက်တွင်လည်း ကင်မရာ၄လုံးပါဝင်သည့် ဈေးအတန်ဆုံးစမတ်ဖုန်းအဖြစ် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ realme 5 တွင် ကြီးမားကျယ်ပြန့်သည့် HD+ ရုပ်ထွက်အရည်အသွေးရှိ 6.5-inch အရွယ်အစား မျက်နှာပြင်ကိုအသုံးပြုပေးထားပြီး ဖုန်းတစ်လုံးတွင် အထူးအရေးကြီးသည့် battery ပိုင်းအတွက် တစ်ရက်ခွဲအထိ ကြာရှည်ခံစေမည့် 5000 mAh အမျိုးအစားကိုအသုံးပြုပေးထားခြင်းဖြစ်သည်။ realme ကထုတ်လုပ်ထားသည့် စမတ်ဖုန်းများတွင် battery အားအများဆုံးပါဝင်သည့် စမတ်ဖုန်းအဖြစ်ပါ realme 5 ကစံချိန်တင်ထားသည်။

Press release by realme.