fbpx

This is digital planet.

EXOK News

ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ချစ်သူမိန်းကလေးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ EXO’s Chen

ယနေ့ အစောပိုင်းမှာပဲ SM entertainment ကနေ မင်္ဂလာသတင်းကြေငြာချက်တခုကို ထုတ်ပြန်လိုက်ပါပြီနော်။

ကြေငြာချက် အပြည့်စုံကတော့ –

“Hello ဒါကတော့SM entertainmentကဖြစ်ပါတယ်။ Chenဟာဆိုရင် သူ့အတွက်တန်ဖိုးရှိတဲ့ သူတယောက်ကို တွေ့ခဲ့ပြီဖြစ်ပြီး မင်္ဂလာဆောင် အခမ်းနားကိုပြုလုပ်တော့မှာဖြစ်ပါတယ်။ သူမက သာမန် celebrity မဟုတ်သူတစ်ယောက်ဖြစ်တာကြောင့် မဂ်လာဆောင်ကိုလည်း ဆွေမျိုး သားချင်းတွေနဲ့ ရိုးရိုးရှင်းရှင်း privateလုပ်သွားပါမယ်။ မိသားစုဝင်တွေရဲ့ ဆန္ဒကိုလေးစားသောအားဖြင့် သတင်းမီဒီယာများလည်း နားလည်ပေးဖို့မျှော်လင့်ပါတယ်။ Chenကလည်း အနုပညာအလုပ်တွေကို ဆက်လက်ကြိုးစားလုပ်သွားပါမယ်။ ပရိတ်သတ်တွေလည်း Chenရဲ့ မဂ်လာသတင်းကိုဂုဏ်ယူပေးကြဖို့ တောင်းဆိုချင်ပါတယ်။” လို့ ရေးထားပါတယ်။

Chenနဲ့ လက်ထပ်မယ့် မိန်းကလေးက ကိုယ်ဝန်ရှိနေတာဖြစ်ကြောင်းကိုလည်း SM entertainmentရဲ့ sourceတခုကနေ အတည်ပြုပေးခဲ့တာပါ။ သူမက သာမန်လူဖြစ်ပြီး သူမရဲ့ ကိုယ်ဝန်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ချပြမှာ မဟုတ်ကြောင်းလဲ သိရပါတယ်။

Chenကလည်း သူ့အဖွဲ့သားများနဲ့ ဒီကိစ္စကို တိုင်ပင်ခဲ့တာကြာပြီဖြစ်ကြောင်းနဲ့ ပရိတ်သတ်တွေ မလန့်သွားရအောင် စောစောချပြချင်တာဖြစ်ကြောင်းကိုလည်း ပရိတ်သတ်တွေဆီ စာရေးခဲ့ပါတယ်။ သူ့အတွက် ကံကောင်းခြင်း blessingတခုအဖြစ်ခံယူထားပေမယ့် companyနဲ့ memberတွေနဲ့ စီစဥ်ထားတဲ့ကိစ္စတွေ အတွက်ထည့်စဥ်းစားရတာကြောင့် အနည်းငယ် တွန့်ဆုတ်မိကြောင်းလည်း ထည့်ပြောခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် EXOအဖွဲ့ဝင် Chenအတွက် ဂုဏ်ယူပါတယ်နော်။

Source: soompi