fbpx

This is digital planet.

ArticlesHuaweiMediaTekQualcommSamsung

ကွာခြားချက်ကျဉ်းမြောင်းလာတဲ့ Mid-range SoC များ

၂၀၁၉ အထိ Android SoC နယ်ပယ်မှာ Snapdragon ကို သူတင်ကိုယ်တင်ယှဉ်မယ့် Mid-range SoC တွေ ရှားပါးခဲ့တယ်။ ဒါကြောင့်လည်း Performance အသားပေးတဲ့ User တွေက Mid-range Phone တစ်လုံးပေါ်မှာ Snapdragon ဘယ်လောက်ဆိုတာ အလေးပေးပြီးရွေးချယ်ခဲ့ကြတယ်။ ဒါပေမယ့် Mediatek ကနေ Helio G90T ကို မိတ်ဆက်ပြီးနောက်မှာတော့ Mid-range SoC တွေပေါ် Company တွေရဲ့အာရုံစိုက်မှုဟာလည်း ကောင်းသောပြောင်းလဲမှုကို ဦးတည်နေပါတော့တယ်။

Image result for snapdragon 765

2020 မှာ Qualcomm က SDM 765 ကိုမိတ်ဆက်ပြီး Mid-range 5G ဈေးကွက်ကို သိမ်းပိုက်ဖို့ကြိုးစားလာတယ်။ ဒါပေမယ့် 5G ရတဲ့တစ်ပေါက်ထဲနဲ့တော့ Mid-range မှာရပ်တည်ဖို့ထွက်လာတာမဟုတ်။ မနှစ်ကလူသိများတဲ့ SDM 730G နဲ့ယှဉ်ရင် 765 မှာ
– Better Architecture (7nm vs 8nm)
– Slightly Better CPU (2.3GHz vs 2.2GHz) & GPU (Adreno 620 vs 618)
– 5G Support
– More Display Resolution Support (Up to 2160p)
အထူးခြားဆုံးက Camera ကို 192 MP အထိ Support ပေးထားတာ (Future-proof အဖြစ်လွန်သွားတယ်) အဲလိုအားသာချက်တွေရှိလာတယ်။ ဒါပေမယ့် Mid-range မှာ SDM 765 ဟာ တစ်ကောင်တည်းပြေးရမယ့်မြင်းတော့ မဟုတ်တော့တာသေချာတယ်။ ဘာကြောင့်လဲ?

Image result for vivo x30

Samsung ရဲ့ Exynos 980 ဟာ Vivo X30 နဲ့အတူ မိတ်ဆက်ပွဲထွက်တဲ့ Mid-range SoC အသစ်ပါ။ အရင်ကလည်း Meizu, Motorola တို့မှာ Exynos SoC တွေဝယ်သုံးတဲ့ သာဓကတွေကြောင့် ဒါဟာ အဆန်းမဟုတ်ပေမယ့် ဒီ SoC ရဲ့ Performance ပိုင်းကတော့ ရှေ့ Generation တွေနဲ့ယှဉ်ရင် စိတ်ဝင်စားဖို့ကောင်းနေတယ်။ 8nm Architecture က 7nm နဲ့ယှဉ်ရင်တော့ နဲနဲ Date အာက်တယ်ပြောနိုင်ပေမယ့် Cortex A77 သုံးထားတဲ့ သူ့ CPU ရဲ့ Maximum Clock Speed က SDM 730G နဲ့ တူသလို GPU ပိုင်းမှာလည်း Helio G90T ထက် နဲနဲပိုသာနေပြန်တယ်။ 5G Support ပါပြီး Camera ပိုင်းမှာလည်း 108 MP ကို Support ပေးတယ်။ ဆိုတော့ Samsung အနေနဲ့ ဘယ် Mid-range ဖုန်းတွေမှာ ဒီ SoC ကိုသုံးလာမလဲမသိရသေးပေမယ့် Vivo အပြင်တခြားဝယ်သုံးတဲ့ Company တွေရှိလာခဲ့ရင်တော့ SDM 765 ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာနိုင်တယ်။

Image result for Dimensity 1000L

Mediatek ရဲ့ Dimensity 1000L ဟာ 5G Support ပေးမယ့် Upper Mid-range SoC ဖြစ်ပြီး OPPO Reno 3 နဲ့အတူ စမိတ်ဆက်ခဲ့တာပါ။ ခုချိန်ထိတော့ CPU, GPU နဲ့ပတ်သက်တဲ့ Detail Result တွေ မသိရသေးပေမယ့် Antutu Benchmark ရဲ့ Score တွေအရ Reno 3 Pro မှာသုံးထားတဲ့ SDM 765G ထက် CPU ပိုင်းမှာ 24%, GPU ပိုင်းမှာ 6% အသာရနေတာ တွေ့ခဲ့ရတယ်။ Helio G90T မှာလည်း SDM 730G ကို Head-to-head အသာရခဲ့တဲ့ Mediatek ကတော့ ဈေးပိုသက်သာတဲ့အချက်ပါ ထည့်ပေါင်းလိုက်ရင် Mid-range မှာ Qualcomm ရဲ့ဈေးကွက်ဝေစုကို ခြိမ်းခြောက်လာဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်ထားတယ်ဆိုရမှာပါ။

Honorable Mention အနေနဲ့ထည့်ပြောရရင်တော့ Huawei ရဲ့ Hisilicon SoC တွေကလည်း မေ့မထားသင့်တဲ့အထဲပါလိမ့်မယ်။ 2019 မှာထွက်ခဲ့တဲ့ Kirin 810 က Performance ပိုင်းမှာ အတော်အားရဖို့ကောင်းခဲ့ပေမယ့် Google Service Ban ခံရမှုနဲ့အတူ Global Market ထဲဝင်ရောက်ဖို့ အခက်တွေ့ခဲ့တယ်ပြောရမယ်။ အပေါ်က SoC တွေနဲ့ CPU ပိုင်း Level တူနီးနီးပြေးပြီး GPU ကတော့ မေးခွန်းထုတ်စရာ နဲနဲရှိပေမယ့် Huawei ကတော့ ဒီ SoC ကို Upgrade လုပ်ထားမယ့် 5G Mid-range SoC ကို 2020 မှာ မိတ်ဆက်ဖို့ သေချာသလောက်ရှိနေတယ်။ US ကိုမျက်ခုံးလှုပ်စေခဲ့တဲ့ 5G Network ကိုလည်း ပိုင်ဆိုင်ထားတာဆိုတော့ အဲဒီအားသာချက်ကို Huawei က သူ့ဖုန်းတွေပေါ်မှာ အကောင်းဆုံးအသုံးချလာနိုင်ပါတယ်။

Image result for kirin 810

5G Network တွေ ကောင်းကောင်း Develop ဖြစ်လာတော့မယ့် 2020 မှာ 5G Support ပေးတဲ့ ဒီ Mid-range SoC တွေဟာ Company တွေအတွက် Game Changing Step တစ်ခုဖြစ်လာနိုင်တယ်။ Customer တွေဘက်ကကြည့်ရင်လည်း Brand တစ်ခုထက်ပိုတဲ့ SoC တွေကို Mid-range မှာ စိတ်ကြိုက်ရွေးချယ်လာနိုင်မယ်။ ဒါကြောင့် ဒီမှာ 5G Support မရသည့်တိုင် 2020 ရဲ့ Mid-range SoC တွေဟာ သူတို့ရဲ့ကောင်းမွန်တဲ့ Performance တွေကြောင့်တင် အကောင်းဆုံးရွေးချယ်မှုတွေဖြစ်လာမှာ သေချာတယ်လို့ သုံးသပ်ပါရစေ။