fbpx

This is digital planet.

HuaweiTech News

ခရမ်းရောင် Huawei Mate 30 Pro ရဲ့ ပုံများထွက်ပေါ်လာ

Huawei Mate 30 Series ကို September 19 မှာ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ မိတ်ဆက်လာမယ့်ရက် နီးလာတာနဲ့ ပေါက်ကြားမှုတွေ ကောလဟာလတွေထွက်လာပါတယ်။ အခု ခရမ်းရောင် Mate 30 Pro ရဲ့ပုံများထွက်ပေါ်လာပြီး ဖုန်းရဲ့ ရှေ့ /နောက် Design ကိုတွေ့နိုင်ပါတယ်။

Mate 30 Pro မှာ ကျယ်တဲ့ Notch ပါ၀င်မယ်လို့ အရင်တုန်းက သတင်းတွေထွက်ခဲ့ပါတယ်။ အခုထွက်လာတဲ့ပုံတွေအရ အဲ့သတင်းတွေက မှန်သွားပါပြီ။ အဲ့ ကျယ်တဲ့ Notch ဟာ Mate 20 Pro က Notch ထက် ပိုသေးလာမယ်လို့သိရပါတယ်။ အဲ့ Notch ထဲမှာ 32MP main lens ၊ Ultrawide lens နဲ့ ToF sensor စတဲ့ Camera sensors သုံးမျိုး ပါ၀င်လာမှာပါ။

နောက်ဘက် Design မှာတော့ OnePlus 7T မှာသုံးလာမည့် စက်ဝိုင်းပုံလိုမျိုး Camera Bump ပုံစံကိုတွေ့ရမှာပါ။ Camera ကိုပတ်ထားတဲ့ Glass Panel ကအရောင်ပြန်ရှိတဲ့အတွက် သူ့ရဲ့ Camera ပုံစံက ပိုပြီး Premium ဆန်တဲ့ Design လို့ပြောရမှာပါ။ အဲ့ စက်ဝိုင်းပုံ Camera ထဲမှာ Cameras လေးလုံးထိပါရှိပါတယ်။

အရင်ကပေါက်ကြားလာတဲ့ အချက်တွေအရ Camera Setup မှာ 40-megapixel wide-angle camera (Sony IMX600 f/1.6 aperture main lens with OIS) ၊ 8-megapixel telephoto lens( f/2.4 aperture,OIS)၊ 3x optical zoom နဲ့ ToF sensor ဆိုပြီးသုံးလာနိုင်ပြီး Xenon flash နဲ့ color temperature sensor ကောပါ၀င်လာမှာပါ။

စိတ်မကောင်းစရာနဲ့ပဲ သတင်းတွေအရ Mate 30 Pro မှာ Mono speaker နဲ့ Earpiece ပါလာမှာဖြစ်ပြီး Power ခလုတ်နဲ့ volume ခလုတ်တွေကတော့ ဖုန်းရဲ့ Display ညာဘက်မှာရှိပါတယ်။ အဲ့အပြင် Dust proof
နဲ့ water-resistant ဖြစ်မယ့် IP68 ပါ၀င်လာမှာပါ။ 4500 mAh Battery ကိုသုံးလာနိုင်ပြီး 40W ကြိုးတပ် နဲ့ 27W ကြိုးမဲ့ super-fast charge ကို Support လာမှာပါ။ Kirin 990 5G chipset ကိုသုံးလာဖို့ရှိနေပြီး Android 10 ကိုအခြေခံထားတဲ့ EMUI 10 ကို Run လာမှာပါ။ Mate 30 Pro ဟာ Google ရဲ့နောက်ဆုံး Official  Android Service ကနေစတင်ခွဲထွက်လာမယ့် ပထမဆုံး Huawei ဖုန်းဖြစ်လာမှာပါ။

Huawei Mate 30 Pro မှာ များပြားပြီး ဆန်းသစ်တဲ့ Features တွေပါလာဖို့ရှိနေပါတယ်။ သတင်းအတိအကျသိရဖို့ မိတ်ဆက်မယ့်ပွဲကို စောင့်ရပါဦးမယ်။

Ref: Gizmochina