fbpx

This is digital planet.

LGTech News

ချဲ့လို့ရမယ့် Folding display ပါဝင်မယ့်ဖုန်းကို LG မူပိုင်ခွင့်တင်

ဒီနှစ်အတွင်းမှာ Foldable ဖုန်းတွေရဲ့ Concepts တွေဟာ မကြာခဏပေါ်ထွက်လာနေပါတယ်။ Samsung နဲ့ Huawei ဟာ Foldable ဖုန်းတွေကိုဦးဆောင်ထုတ်နေပြီး Motorola ကလည်း နောက်ကနေလိုက်နေပါတယ်။ LG မှာလည်း ဒီနှစ်အစောပိုင်းတုန်းက ဒုတိယ Display ကိုသုံးပြီး Foldable ဖုန်း ပုံစံ LG G8X ThinQ နဲ့အတူ ဆန်းသစ်တဲ့ Concept ရှိခဲ့ပါတယ်။ အခုလည်း ပေါ်ထွက်လာတဲ့ သတင်းတွေအရ LG ဟာ Foldable ဖုန်းတွေပြိုင်ဆိုင်မှုပွဲမှာ ပါချင်နေတဲ့ပုံပါ။

LG ဟာမတူညီတဲ့ Folding phone concept ကိုယူဆောင်လာပြီး ဖုန်းဟာ ခေါက်ထားတဲ့ပုံမရှိပါဘူး။ အဲ့အစား ကုမ္ပဏီဟာ ကျယ်လို့ရတဲ့ Display ပါတဲ့ဖုန်းကို ပြုလုပ်လာပါတယ်။ဖုန်းဟာ ဒီအတိုင်းကြည့်လိုက်ရင် ရိုးရိုးဖုန်းပုံစံဖြစ်‌ပေမယ့် Display ဟာ ဘယ်‌ကောညာကောပါ ချဲ့လို့ရမှာပါ။ အဲ့အတွက် ဖုန်းရဲ့ Aspect Ratio ဟာ Smartphone ပုံစံထက် E-reader နဲ့ပိုတူသွားပါတယ်။

ထို Concept ဟာ စိတ်၀င်စားဖို့ကောင်းနေပေမယ် လက်ရှိမှာ အစောပိုင်း တိုးတက်မှုပါပဲရှိပါသေးတယ်။ ချဲ့လို့ရမယ့် ပိုနေတဲ့ Display ဟာ ဖုန်းရဲ့ ဘေးဘက်တွေမှာ ပါ၀င်လာဖို့ မှန်းဆရပါတယ်။ ဒါပေမယ့် Cameras ၊ Sensors နဲ့ တစ်ခြား လိုအပ်တဲ့အစိတ်အပိုင်းတွေဟာ ဖုန်းရဲ့ဘယ်နေရာမှာ ထည့်လာမလဲဆိုတာ ‌မရှင်းသေးပါဘူးး။

အခုလို Flexible Displays တွေရဲ့လုပ်ဆောင်နိုင်မှုတွေဟာ စိတ်၀င်စားဖို့ကောင်းနေပါတယ်။ ကျွန်တော်တို့အနေနဲ့ မတူညီတဲ့ပုံစံတွေနဲ့ Galaxy Fold ၊ Huawei Mate X နဲ့ Motorola Razr တွေကို ‌တွေ့ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ အခု LG မှာလည်း မတူညီတဲ့ပုံစံနဲ့ထွက်လာဖို့ရှိနေပြီး ဘယ်လိုထွက်လာမလဲဆိုတာ စိတ်၀င်စားစရာပါ။ ဖုန်းရဲ့ ရှေ့ပြေးပုံစံကို ကမ္ဘာ့အကြီးမားဆုံး Tech Event ဖြစ်တဲ့ CES 2020 မှာတွေ့လာရနိုင်ပါတယ်။

Ref: Gizmochina