This is digital planet.

Tech News

ငွေကျပ် ၃သိန်း ၄ သောင်း၀န်းက Huawei MediaPad M5 Lite 8 Overview

ဈေးကွက်ထဲမှာ ရှိတဲ့ Mid Range Tablet ထဲက Huawei MediaPad M5 Lite 8 ရဲ့ Feature နဲ့ Hardware ကို Overview လုပ်ပေးထားပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေ ၃၃၉၀၀၀ ကျပ် ဖြစ်ပါတယ်။

Design & Built Quality

Huawei MediaPad M5 Lite ဟာ Premium ပိုဆန်တဲ့ MediaPad M5 ၊ MediaPad M6 နဲ့ Design ပိုင်းဆင်ပါတယ်။ နောက်ဘက်မှာ Metal ကိုအများဆုံးသုံးပေးထားပြီး အပေါ်နဲ့အောက်ဘက်အပိုင်းတွေမှာတော့ Plastic ကိုပဲသုံးထားပါတယ်။ Huawei ကတော့ Elegant Metallic Body လို့ခေါ်ပြီး လက်ထဲကိုင်တဲ့အခါမှာ Smooth ဖြစ်စေတဲ့ Micro Arc Design ပါဝင်ထားပါတယ်။ အရောင်တွေအနေနဲ့ Champagne Gold နဲ့ Space Grey စတဲ့အရောင်တွေကို ရနိုင်ပြီး အလေးချိန် 310g ရှိပါတယ်။ အထူကတော့ 8.2mm ရှိပါတယ်။ ဘေးကဘက်မှာ Power button ၊ Volume controls နဲ့ 3.5mm headphone jack ပါဝင်ပါတယ်။ microSD card ထည့်သွင်းနိုင်သော Slot အပိုလည်းထည့်ပေးထားပါတယ်။ Charging Port ကတော့ USB Type B ကိုပဲ သုံးပေးထားပါတယ်။

Speakers & Camera

MediaPad M5 Lite မှာ Speakers နှစ်ခုပါဝင်ပြီး Landscape view ထားရင် Pad ရဲ့ အပေါ်နဲ့အောက်တစ်ခုဆီမှာ Speaker ကိုတွေ့ရပါတယ်။ Harman Kardon ရဲ့ Tuning Speaker ပါဝင်ထားတဲ့အတွက် ပိုကောင်းတဲ့ Music Experience ကိုပေးနိုင်ပြီး High Quality Sound Effect ကိုပေးနိုင်မှာပါ။ (Harman Kardon ဟာ Stamford အခြေစိုက် တောင်ကိုရီးယားရဲ့ Harman International Industries ဖြစ်ပြီး အိမ်သုံးနဲ့ ကားသုံး Audio တွေကိုထုတ်လုပ်ပါတယ်) Dual Speakers ကိုမှ Studio ဖြစ်တဲ့အတွက် Sound Quality ပိုင်းကို အချိုးညီညီ Cinematic Experience ရအောင် စွမ်းဆောင်ပေးနိုင်တယ်လို့ Huawei ရဲ့ကြော်ငြာမှာ ဖော်ပြထားပါတယ်။ ဒီဈေးနဲ့ Stereo Speaker ပါတာက အမိုက်စားတစ်ခုလို့ ပြောရမှာပါ

Histen 5.0 Sound Effect Technology လို့ခေါ်တဲ့ Huawei ရဲ့ ကိုယ်ပိုင် Sound Technology လည်းပါဝင်ပါတယ်။ ဒီနည်းပညာကို Huawei 2012 Laboratory ၊ Huawei Munich Media Sound Fied Laboratory ၊ Huawei Finland Audio Laboratory နဲ့ Huawei Japan Research Institute တို့ပူးပေါင်းပြီးပြုလုပ်ထားပါတယ်။ Histen 5.0 မှာ Virtual Bass Effect နဲ့ 360 degrees sound space expansion ကိုခံစားလို့ရမှာ ဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ 13MP Rear Camera နဲ့ 8MP Front Camera တို့လည်းပါဝင်ပါတယ်။

Display

MediaPad M5 Lite 8 မှာ 8-inch screen ကို 16:10 aspect ratio နဲ့တွဲပေးထားပြီး 1920 x 1200 pixels full HD resolution ကိုသုံးပေးထားပါတယ်။ Display ကိုတော့ A Clear FHD Display လို့ဆိုထားပြီး ရှင်းလင်း သန့်စင်တဲ့ Visual Experience ကိုခံစားလို့ရနိုင်မှာပါ။

Hardware & Performance

Mid Range ဈေးတန်းနဲ့အညီ Kirin 710 Chipset ကိုသုံးပေးထားပြီး RAM 4GB နဲ့ 32GB Storage ကိုရနိုင်မှာပါ။ Kirion 710 က Mid Range SoC ဖြစ်လို့ Games တွေကို High Frame Rate နဲ့ Smooth ဖြစ်အောင် ဆော့နိုင်မှာဖြစ်ပါတယ်။ GPU Turbo Technology လည်း ပါဝင်ထားပါတယ်။ Connectivity အနေနဲ့ 4G LTE ကိုအသုံးပြုနိုင်ပါတယ်။ Battery မှာတော့ 5100mAh သုံးထားပြီး Large Battery for longer entertainment လို့ Huawei ကဆိုထားပါတယ်။ Intelligent Power saving algorithm ကို ထည့်ပေးထားပြီး 1080p Video တွေကို 10.6 hrs ထိကြည့်နိုင်ပြီး 62 hrs Music playback ကိုရနိုင်တယ်လို့ Huawei မှဆိုထားပါတယ်။ အားအပြည့်သွင်းဖို့ကတော့ 2.8 hrs ကြာပါမယ်။

Features

အခြားသော Features အများကြီးပါပေမဲ့ အဲ့ထဲကမှ Huawei Share Feature ကတော့ Huawei User တွေအတွက် အကြိုက်တွေ့စေမဲ့ Feature လေးပဲဖြစ်ပါတယ်။ Huawei MediaPad M5 Lite မှာပါဝင်တဲ့ Huawei Share က Phone ၊ PC Windows နဲ့ Mac ကိုချိတ်ဆက်နိုင်ပြီး Files ၊ Pictures တွေနဲ့ Videos တွေကို စက္ကန့်ပိုင်းအတွင်း Share လို့ရတဲ့ Feature မျိုးဖြစ်ပါတယ်။ Eco-Access Cooperative Printer တွေနဲ့လည်း Photos တွေ Documents တွေကို တိုက်ရိုက် Print ထုတ်လို့ရတဲ့ Feature မျိုးဖြစ်ပါတယ်။

အခုရေးထားတာတွေက Huawei MediaPad M5 Lite 8 ရဲ့ အဓိက Key တွေပဲဖြစ်ပါတယ်။ ၃ သိန်း ၄ သောင်းဝန်ကျင်နဲ့ Harman/Kardon’s Tuning Speaker ပါတာတွေ၊ ‌Tablet အနေနဲ့ ပေါ့ပါးနေတာတွေ၊ SoC Kirin 710 နဲ့ Battery 5100mAH ပါတာ‌‌တွေက မဆိုးဘူးလို့‌ပြောရမှာပါ။ ဘယ်လိုလူတွေအတွက် Huawei ရည်ရွယ်ထားသလဲဆိုရင် Screen ကြီးကြီးနဲ့ ဂိမ်းဆော့ချင်တဲ့ သူတွေ၊ ပေါ့ပါးပြီး Performance အနေအထားတစ်ခုလိုချင်တဲ့သူတွေ အတွက်ဖြစ်ပါတယ်။ ဈေးကလည်း Budget မကျ Entry Level Mid-Range Price ဆိုတော့ Tablet အတွက် ငွေများများ မသုံးချင်တဲ့သူတွေအတွက် စဉ်းစားစရာလေးတစ်ခုဖြစ်မယ်ထင်ပါတယ်။