fbpx

This is digital planet.

AppleTech News

စက်တင်ဘာလောက်မှာထွက်ရှိမဲ့ iPhone XI နဲ့ XI Max တို့ရဲ့ခန့်မှန်း Video နဲ့ ပုံရိပ်များထွက်ပေါ်လာ

Apple ရဲ့ 2019 မှာထွက်ရှိမဲ့ iPhone XI ရဲ့နောက်ဆုံး ဒီဇိုင်းထွက်ရှိလာခဲ့ပါတယ်။ ဒီဇိုင်းဟာဆိုရင် 360-degree Render video နဲ့ထွက်ရှိလာတာဖြစ်ပြီး iPhone XI Max လည်း Leak ဖြစ်လာတဲ့ အထဲမှာပါဝင်လာခဲ့ပါတယ်။

Apple အနေနဲ့ iPhone 7 Plus ကို ၂၀၁၆ ခုနစ် စက်တင်ဘာ မှာ ပထမဆုံး ကျောဘက် ကင်မရာ လုံးကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ကထွက်ရှိလာတာပုံတွေ အရ ၂၀၁၉ iPhone တွေမှာ ပထမဆုံးအကြိမ်အဖြစ် ကင်မရာ လုံးထည့်သွင်းပေးလာနိုင်တယ်လို့ထင်ရပါတယ်။ ဒါအပြင် Apple အနေနဲ့ ပြိုင်ဘက် Flagship ဖုန်းတွေလို့ Super-wide-angle sensor အသစ်ကိုလည်း iPhone XI Max မှာထည့်သွင်းပေးမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

သတင်းတွေအရ Primary sensor နဲ့ Telephoto 2x ပါဝင်မယ်လို့ထွက်ပေါ်နေပြီး 12MP resolution ပုံရိပ်တွေကိုထုတ်ပေးမယ်လို့ဖော်ပြနေကြပါတယ်။

Leak ဖြစ်လာတဲ့ပုံတွေထဲမှာတော့ အရောင်အလိုက် Camera module metal ring ကာလာတွေမှာတော့ အနည်းငယ်ပြောင်းလဲမှုတွေရှိပါတယ်။ ဒီ iPhone တွေကိုတော့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာပဲ ထွက်ရှိမယ်လို့မျှော်လင့်ရပါတယ်။ iPhone XI Max မှာတော့ 6.5-inch OLED display သုံးလာမယ်လို့သိရပါတယ်။

Image result for iphone xi
iPhone XI Max ရဲ့ရှေ့ဘက် ဒီဇိုင်းကိုတော့ အပြောင်းအလဲကြီးမား ခုလောက်ပြုလုပ်ပေးမယ်လို့သိရပါတယ်။ ကောလဟာလတွေအရ Face ID ကိုပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားမယ်လို့ဆိုပြီး Selfie ကင်မရာကိုလည်း အဆင့်မြင့်တင်ပေးဖို့ Apple က စီစဉ်နေတယ်လို့ဆိုပါတယ်။ အရင်က Selfie ကင်မရာတွေမှာ 7MP front-facing camera ကိုအသုံးပြုခဲ့ကျပေးမဲ့ ဒီနှစ်မှာတော့ 12MP ထိ Upgrade လုပ်ပေးနိုင်ပါတယ်။

iPhone XI နဲ့ XI Max နှစ်ခုလုံးမှာတော့ A13 (or) A14 Processor အသစ် ပါဝင်လာနိုင်ခြေရှိနေပြီး iOS 13 နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါအပြင် iPhone XI မှာ ဘက်ထရီ 3491 mAh ပါဝင်မှာဖြစ်ပြီး iPhone XI Max မှာတော့ 3650 mAh အသီးသီးပါဝင်မယ်လို့သိရပါတယ်။ Wireless charging ကိုလည်း Support လုပ်ပေးမှာဖြစ်ပြီး Powershare လို Feature မျိုးလဲပါဝင်မယ်လို့ ကာလဟာလတွေထွက်ပေါ်နေပါတယ်။

Image result for iphone xi
Apple အနေနဲ့ ဒီ flagship ဖုန်းတွေကို စက်တင်ဘာလောက်မှာ မိတ်ဆက်ပေးမယ်လို့သိရပြီး iPhone XI iPhone XI Max နဲ့ တန်းဖိုးနည်း iPhone XR ရဲ့မျိုးဆက်သစ် စမတ်ဖုန်း ဆိုပြီး မျိုးပါဝင်မယ်လို့သိရပါတယ်။ ဒါအပြင် iPhone SE မျိုးဆက်သစ်ကိုပါ မိတ်ဆက်ပေးမလားဆိုတာကိုလည်း စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Ref: PhoneArena

Photos: Internet