fbpx

This is digital planet.

NewsRedmi

စစထွက်ခြင်း Android Q Beta ရရှိခဲ့တဲ့ Redmi K20 Pro

Google အနေနဲ့ Android Q ကို မိတ်ဆက်ပြီးနောက် Beta version ရရှိမဲ့ စမတ်ဖုန်းစာရင်းကို ထုတ်ပြန်ပေးစဉ်မှာ Xiaomi ဖုန်းတွေဖြစ်တဲ့ Mi MIX 3 5G နဲ့ Mi 9 တို့ ပါဝင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မနေ့က မိတ်ဆက်သွားခဲ့တဲ့ Redmi K20 Pro ပါ အဆိုပါ စာရင်းထဲ ပါဝင်လာခဲ့ပြီး မကြာခင်မှာ Android Q beta ကို ရရှိမှာဖြစ်ပါတယ်။

Redmi ရဲ့ General Manager Lu Weibing မှလည်း အခုလ အစောပိုင်းတုန်းက အသစ်ထွက်ရှိလာမဲ့ Redmi Flagship ဖုန်းမှာ Android Q ပါဝင်မယ်လို့လည်း ပြောဆိုထားဖူးပါတယ်။ ဒါကြောင့် Redmi K20 Pro flagship ဖုန်းအနေနဲ့ ပထမဆုံး မရောင်းချခင်မှာတင် Android Q Beta version ကို ရရှိခဲ့ပြီးဖြစ်ပါတယ်။

Photo: Internet

Android Q beta ရဲ့ တရားဝင်ဖော်ပြချက်မှာတော့ တရုတ်မှာရှိတဲ့ Redmi K20 Pro ကိုင်ဆောင်ထားတဲ့ User တွေ အနေနဲ့ Q beta version ကို Update မြင့်တင်နိုင်မှာဖြစ်ပြီး MIUI website မှာ permission အရင်ရယူဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ Android Q အနေနဲ့ Beta Version မျိုးပဲရှိသေးတာကြောင့် အချို့ပြသာနာတွေဖြစ်တဲ့ Fingerprint Sensor ကို မထောက်ပံ့ပေးတာ ၊ Bluetooth Search မှာ Keyboard ပေါ်မလာတာ ၊ Google Drive မှာ အချို့ Video တွေ ပေါ်လာတာ စတဲ့ ပြသာနာတချို့နဲ့ Error တချို့ဖြစ်ပွားလျက်ရှိနေပြီး အခုအချိန်မှာတော့ Resolve လုပ်ဖို့ကျန်နေပါသေးတယ်။

Photo:Internet

Redmi K20 Pro အတွက် First Sale ကိုတော့ ဒီနေ့မှာပဲ ပြုလုပ်နေတာဖြစ်ပြီး June 10 ရက်နေ့မှာ ဈေးကွက်ကို တင်ပို့မှာဖြစ်ပါတယ်။ တရုတ်ပြင်ပဈေးကွက်တွေအတွက် ဘယ် အချိန်ရရှိမလဲဆိုတာ မသိရသေးပေးမဲ့ ၊ အချို့ ဈေးကွက်တွေမှာ Redmi K20 Pro ကို Xiaomi အနေနဲ့ Mi 9T Pro ဆိုပြီး မိတ်ဆက်ပေးမယ်လို့လည်း သိရပါတယ်။

Ref: GSMArena

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်