fbpx

This is digital planet.

K News

စစ်တပ် musical အသစ်ရဲ့ ပိုစတာတွေမှာ သစ္စာရှိစစ်သားတွေအနေနဲ့ ပါ၀င်လာတဲ့ EXO’s Xiumin, SHINee’s Onew, VIXX’s N နဲ့ အခြားသော နာမည်ကြီး idol များ

“Return: The Promise of the Day” လို့ နာမည်ပေးထားတဲ့ စစ်တပ် musical ဟာဆိုရင်တော့ ပါဝင်သူ တစ်ယောက်ချင်းစီရဲ့ ပိုစတာတွေကို ချပြလိုက်ပြီဖြစ်ပါတယ်။

“Return: The Promise of the Day” ဟာ မူလ original စစ်တပ်musical play သဘောမျိုးဖြစ်ပြီး ကိုးရီးယား စစ်မှာ နိုင်ငံအတွက် ရဲ့ရင့်စွာပေးဆပ်ခဲ့ကြတဲ့ စစ်သားတွေရဲ့ ကျန်ရစ်မှုကိုတူးဖော်ထားတဲ့ ဇာတ်ကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ စစ်ဆင်ရေးမှာ သေဆုံးသွားတဲ့ ရဲဘော်ရဲဖက်တွေကို Dabu ဒေသတွင်း တောင်တန်းတွေနားမှာလိုက်ရှာနေတဲ့ စစ်ပြန် SeungHo ရဲ့ ယနေ့ခေတ်ပုံရိပ်တွေနဲ့ SeungHo ငယ်ရွယ်ချိန် စစ်တွင်းကပုံရိပ်တွေကို musical တလျှောက်လုံး သရုပ်ဖော် တင်ဆက်သွားမယ်လို့လဲသိရပါတယ်။

စက်တင်ဘာလ ၉ရက်နေ့မှာပဲ EXO အဖွဲ့ဝင် Xiumin, SHINee အဖွဲ့ဝင် Onew တို့ အပြင် အခြားသောအမျိုးသား idolတွေ အမြောက်အမြားလည်းပါဝင်ကြောင်းကို တစ်ယောက်ချင်းစီရဲ့ ပိုစတာတွေနဲ့ comfirm လုပ်ခဲ့ပါတယ်။

ငယ်ရွယ်တဲ့ SeungHo နေရာမှာတော့ EXO အဖွဲ့ဝင် Xiumin နဲ့ SHINee အဖွဲ့ဝင် Onew တို့ကပါဝင်တင်ဆက်မှာဖြစ်ပြီး VIXX အဖွဲ့ဝင် N နဲ့ Lee JaeKyoon တို့ကတော့ Hae Il ဆိုတဲ့ ဇာတ်ကောင်နေရာမှာပါဝင်အားဖြည့်မှာဖြစ်ပါတယ်။ သရုပ်ဆောင် Kim Min Suk နဲ့ INFINITE အဖွဲဝင် Sungyeol တို့ကလည်း ဇာတ်ကောင် SeungHoရဲ့ အခင်ဆုံးသူငယ်ချင်း JinGooဆိုတဲ့ဇာတ်ကောင်မှာ ပါဝင်ကြမှာပါ။ ဒါ့အပြင် 2AM အဖွဲ့ဝင်ဟောင်း Jo Kwon, musical သရုပ်ဆောင် Go Eun Sung, INFINITE အဖွဲ့ဝင် Sunggyu နဲ့ WANNAONE အဖွဲ့၀င်ဟောင်း Yoon JiSung တို့လည်းပါဝင်ကြတာတွေ့ရပါတယ်။

“Return: The Promise of the Day” ကိုတော့ အောက်တိုဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဆိုးလ်မြို့ Olympic Park ရဲ့ Woori Art Hall မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Ref: Soompi