fbpx

This is digital planet.

HuaweiTech News

စမတ်ဖုန်းတွေရဲ့ အိမ်မက်ဆိုး JerryRig ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ Huawei P30 Pro

(Zawgyi)


Video ကြည့်ရန် – https://www.youtube.com/watch?v=0IrPJ2l19fc



(Unicode)

ဖုန်းတွေရဲ့ ခံနိုင်ရည်အား ကို စမ်းသပ်တဲ့ YouTube Channel တစ်ခုဖြစ်တဲ့ JerryRigEverything မှ Huawei ရဲ့ နောက်ဆုံးထွက် Flagship ဖုန်းဖြစ်တဲ့ P30 Pro ကို စမ်းသပ်လိုက်ပြန်ပါပြီ။ JerryRigEverything ရဲ့ ဒီ စမ်းသပ်ချက်တွေဟာ ကြမ်းတမ်းပြီး တော်ရုံ တည်ဆောင်ပုံနဲ့တော့ မအောင်နိုင်ပါဘူး။ စမ်းသပ်မှုတွေထဲမှာတော့ဖုန်းကို ဓားနဲ့ခြစ်တဲ့နည်း ၊ Screen ကို မီးနဲ့အပူပေးပြီး ခံနိုင်ရည်ရှိမရှိ စမ်းသပ်နည်း နဲ့ လက်နဲ့အားသုံးပြီး ကွေးအောင့်လုပ်တဲ့နည်းတွေပါဝင်ပါတယ်။ သို့သော်လည်း Huawei ရဲ့ P30 Pro အနေနဲ့ ဒီ စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။

Video ၾကည့္ရန္ – https://www.youtube.com/watch?v=0IrPJ2l19fc

P30 Pro ရဲ့ မှန် အနောက်ဘက် နဲ့ ဘေးဘောင်တွေ ကို ဓားနဲ့ခြစ်တဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ခြင်းရဲ့နောက်ကွယ်မှာ Huawei ရဲ့ ဒီနှစ်မှာပြောင်းလဲခဲ့တဲ့ ဒီဇိုင်းတည်ဆောင်ပုံကြောင့်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ P30 Pro ရဲ့အရင်မျိုးဆက် P20 Pro အနေနဲ့ ဒီစမ်းသပ်ချက်မှာ မအောင်မြင်ခဲ့ပါဘူး သို့သော်လည်း ဖုန်းရဲ့ ဖွဲ့စည်းပုံပြောင်းလဲခဲ့ပြီးနောက်မှာတော့ P30 Pro အနေနဲ့ အရင်ကထက်ပိုမိုအကြမ်းခံ လာပုံရပါတယ်။

P30 Pro ရဲ့ရှေ့ဘက်မှန် နဲ့ ကျောဘက်ကို ပိုမိုတည်ငြိမ်အောင် နဲ့ ပိုမိုမာကျောအောင်ပြုလုပ်ထားတာကြောင့် လက်ကိုအားစိုက်ပြီး ကွေးတဲ့အချိန်မှာတော့ ဘာမှမဖြစ်ပဲ ဆက်လက် အသုံးပြုလို့ရနေသေးတာကိုမြင်တွေ့ခဲ့ရပါတယ်။

Ref: GSMArena

Photos: JerryRigEverything