fbpx

This is digital planet.

ArticlesGoogleHuawei

စိတ်ဝင်စားဖို့ကောင်းသော Monster နဲ့ Evil

မနေ့က ထပ် Ban သွားတဲ့ ARM ကတော့ Huawei အတွက် အတော်အထိနာသွားမှာတော့ အသေအချာပါပဲ။ Chip Designer ကုမ္ပဏီတစ်ခုဖြစ်တဲ့ ARM အနေနဲ့ UK အခြေစိုက်ဖြစ်ပေးမဲ့ အမေရိကန်နဲ့ ချူပ်ဆိုထားတဲ့ လုပ်ငန်းစာချူပ်တွေကြောင့် Huawei အနေနဲ့ ထပ်ပြီး Ban ခံလိုက်ရတာဖြစ်ပါတယ်။ Huawei အနေနဲ့ Snapdragon ၊ Intel တို့လို ကုမ္ပဏီတွေက Ban တာဟာ သိပ်ပြီး မှုစရာမရှိပေးမဲ့ လက်ရှိ ကိုယ်ပိုင်ထုတ်လုပ်နေတဲ့ Kirin Chip တွေဟာ ARM ရဲ့ အထောက်အပံ့တွေ အများကြီးပါဝင်တာကြောင့် Huawei အနေနဲ့ အတော်ကိုနစ်နာသွားပြီးလို့ဆိုရမှာပါ။

တဖက်က ပြန်ကြည့်ရင်လည်း Huawei အတွက် Monster တစ်ကောင်လိုဖြစ်လာဖို့ US က တဖြည်းဖြည်းတွန်းအားပေးနေပုံပါပဲ။ Trump အနေနဲ့ စီးပွားရေးသမားဖြစ်တာကြောင့် ပြိုင်ဘက်ကို ဘယ်လို ထိုးနှက် အနိုင်ယူရမလည်းဆိုတာ နားလည်တဲ့ပုံပါပဲ။ ဒါပေမဲ့ Huawei ရဲ့ ကျောနောက်က တရုတ်အစိုးရဟာ သူလုပ်ချင်တိုင်းလုပ်လို့ရတဲ့ မက္ကဆီကို လို နိုင်ငံမျိုးမဟုတ်ပဲ အဆပေါင်းများစွာကြီးမားတဲ့နိုင်ငံပါပဲ။ လက်ရှိ ကမ္ဘာနိုင်ငံတော်တော်များများရဲ့ စီးပွားရေးကို ငွေကြေးနဲ့ သိမ်းပိုက်ထားတဲ့ တရုတ်ဟာ ကမ္ဘာပေါ်မှာ စမတ်ဖုန်း အမြောက်အများကို ထုတ်လုပ်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

Image result for arm ban huawei

ထို့အထဲမှာလည်း Huawei ဆိုတာက သက်တမ်းအကြာဆုံး နဲ့ အကြီးမားဆုံး ကုမ္ပဏီတစ်ခုပါ။ ဒီလို ကုမ္ပဏီမျိုးနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ Trump အစိုးရအနေနဲ့ ဈေးကွက်ကို သေချာ လေ့လာမှုမလုပ်ပဲ Huawei ရဲ့တိုးတက်မှုတွေကို အလောတကြီး ထိန်းချုပ်တဲ့ပုံမျိုးပေါက်နေပါတယ်။ သူအနေနဲ့ Huawei နဲ့ တိုက်ရိုက် အဆက်အသွယ်ဖြတ်တဲ့နေရာမှာ ပါးနပ်မှုမရှိတာကြောင့် လာမဲ့ မကြာခင် အခြေအနေတွေမှာ နှစ်ဘက်လုံး အထိအခိုက်များနိုင်မှာဖြစ်ပြီး အဓိက ဒေါ်လာဘီလီယံချီ အထိနာဆုံးဖြစ်လာမှာက US ကုမ္ပဏီတွေဘက်က ဖြစ်လာနိုင်ပါတယ်။ Huawei ဘက်က James Charles လို YouTube Subscribers တွေလျော့သလို့ လျော့လာနိုင်ပြီး ပြသာနာတွေကို ပြန်လည်ဖြေရှင်းပြီးပါကာ ပြန်တက်လာနိုင်ခြေလည်း ရှိပါတယ်။

Image result for huawei 5g

Huawei ဟာ Monster တစ်ကောင်ဖြစ်လာမှာလား?

ဒီ ပိတ်ဆို့လိုက်တဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်ရင်တော့ သေချာပေါက် Monster တစ်ကောင်ဖြစ်လာမှာပါ။ မကြာခင်ထွက်ရှိလာမဲ့ OS အသစ်ကရော ဘယ်လောက်ကောင်းမှာလည်း ၊ Chip အသစ်ထုတ်လုပ်ဖို့အတွက်ကော ဘယ်သူအကူအညီမှမပါပဲ ဘယ်လိုဖြေရှင်းမှာလည်း မေးခွန်းတွေရှိပါတယ်။ ARM ရဲ့ Support မပါပဲ ကိုယ်ပိုင် Chipset တည်ဆောင်ဖို့ဆိုတာ အတော်ကိုခက်ခဲတဲ့ အနေအထားတစ်ခုပါ ၊ ဒါကိုရော Huawei အနေနဲ့ ဘယ်လို ကျော်ဖြတ်မှာလည်း သူတို့အဖြေရှာပါလိမ့်မယ်။ User သန်းနဲ့ချီ ရှိတဲ့ Huawei အနေနဲ့ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါပဲ။ Huawei ရဲ့ CEO ကြီး Ren ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကုမ္ပဏီကို ၂ နှစ် ၃ နှစ်လောက်ထိ လိုက်မှီနိုင်စရာ မရှိဘူးလို့ဆိုသွားခဲ့ပါတယ်။

Huawei အနေနဲ့ ကိုယ်ပိုင် OS အသစ် ကိုယ်ပိုင် Playstore နဲ့ဖြစ်လာနိုင်သလို တစ်ဖက်က ပြန်ကြည့်ရင်လည်း Android အပေါ် မှီခိုနေတာကို အပြည့်အဝ လျော့ချနိုင်ပြီးဖြစ်ပြီး OnePlus ပုံစံမျိုး တရုတ်ပြည်တွင်း UI တစ်မျိုး Global UI တစ်မျိုးနဲ့ ထွက်ရှိလာဖွယ်ရှိနေပါတယ်။ ဒါအပြင် လက်ရှိ ရေပန်းစား လူကြိုက်များနေတဲ့ စမတ်ဖုန်းဂိမ်းကုမ္ပဏီ တော်တော်များများဟာ တရုတ်ကုမ္ပဏီတွေဖြစ်တာကြောင့် Gaming ဘက်မှာ Huawei အတွက် သိပ်ပြီး အခက်အခဲဖြစ်လာဖွယ်တော့မရှိပါဘူး။ ဒါပေမဲ့ Developer တွေအတွက် ကြီးမားတဲ့ မက်လုံးတော့ ပေးရပါလိမ့်မယ်။ Chip တွေ အသစ်ထုတ်လုပ်ဖို့ကိစ္စကိုတော့ ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Image result for google do not evil

Google ကရော Evil တစ်ကောင်ဖြစ်သွားပြီးလား?

၂၀၁၇ ထဲက ဆုတ်ခွာသွားခဲ့တဲ့ Microsoft ရဲ့ Window Phone OS အပြီးမှာတော့ လက်ရှိဈေးကွက်ထဲမှာ Android နဲ့ iOS နှစ်ခုသာကျန်ပါတော့တယ်။ အချက်အလက်တွေအရ Android OS အသုံးပြုတဲ့ စမတ်ဖုန်းအရေအတွက်ဟာ ဈေးကွက်တစ်ခုလုံးရဲ့ 85% အထိ ပျမ်းမျှ ရှိပါတယ်။ ဒါကြောင့် Android ဟာ ဈေးကွက်အတွင်းမှာ 85% အထိကြီးစိုးထားတယ်လို့ဆိုလိုတာပါ။ ထိုအထဲကမှ ဈေးကွက်အတွင်းကို စမတ်ဖုန်း အများဆုံးတင်ပို့နေတဲ့ ထိပ်ဆုံး ၅ နေရာမှာ Huawei ၊ OPPO ၊ Xiaomi ဆိုတဲ့ ကုမ္ပဏီ ၃ ခုအထိလည်းပါဝင်နေပါတယ်။ 2018 April လလောက်က Don’t be Evil ဆိုတဲ့ Source Code ကိုဖြုတ်ပစ်လိုက်ပြီးနောက် Google ဟာ Evil တစ်ကောင်ဖြစ်သွားပြီးလို့ သုံးသပ်ချက်တွေ ထွက်ရှိနေခဲ့ပါတယ်။ ၂၀၁၈ ခုနစ်ကထွက်ပေါ်လာတဲ့ သတင်းတွေအရ Google အနေနဲ့ US စစ်တပ်နဲ့ Project Maven ဆိုတဲ့ စီမံကိန်းတွေလည်း လုပ်ဆောင်နေတယ်လို့သိရပါပြီး Microsoft နဲ့ Facebook တို့လို နည်းပညာကုမ္ပဏီတွေတောင် အစိုးရနဲ့ပြသာနာဖြစ်နေချိန်မှာ Google အနေနဲ့ အစိုးရနဲ့ပူးပေါင်းနေသလို့ဖြစ်နေတာကတော့ ပြသာနာတွေကို ရှောင်လွှဲချင်လို့လားဆိုတာ မေးခွန်းထုတ်စရာပါပဲ။

Related image

ဒါကြောင့် လက်ရှိ Android အပေါ် မှီခိုနေရတဲ့ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Xiaomi နဲ့ OPPO ၊ Vivo ၊ OnePlus ၊ Lenovo စတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း Android အနာဂတ်ဟာ ဝေဝါးလာနိုင်သလို Huawei က ဥပမာတစ်ခုဖြစ်လာမှာပါ။ တရုတ် Company တွေအနေနဲ့ ကိုယ်ပိုင် OS တွေကို စတင်မလား ဒါမှမဟုတ် ဘုံ OS တစ်ခုကို စတင်ရေးဆွဲမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Trump ကတော့ ကမ္ဘာစမတ်ဖုန်းဈေးကွက်ကို မီးစမွှေးလိုက်ပါပြီး။ ဒီကြားထဲ မြေစာပင်ဖြစ်လာနိုင်တာကတော့ Apple ဖြစ်လာနိုင်ပါတယ်။ CEO ကြီး Tim Cook အနေနဲ့ တရုတ်က စက်ရုံတွေပိတ်ပြီး စရိတ်ကြီးကြီးနဲ့ အိန္ဒိယဘက်ပြောင်းရမလိုလို အမေရိကန်မှာပဲ ထုတ်ပြီး ဈေးကြီးကြီး နဲ့ရောင်းရတော့မလိုလို နဲ့ အတော်ခေါင်းကုတ်နေလောက်ပါပြီး ဒီကြားတဲ့ အမြတ်ထွက်သွားနိုင်တာကတော့…

Ref: Counter Point Research & Engadget

Image: Internet