fbpx

This is digital planet.

HuaweiTech News

ဈေးသက်သာတဲ့ 5G Phones တွေ 2020 မှာလာတော့မယ်လို့ Huawei ရဲ့ CEO ပြောကြား

5G ဟာ ဖွဲဖြိုးဆဲ အ‌‌ခြေအနေမှာသာရှိသေးပြီး 5G ရနိုင်တဲ့ နိုင်ငံတွေမှာသာ အသုံးပြုလို့ရပါသေးတယ်။ ဒီနှစ် နှစ်၀က်အကျော်မှာထွက်ထားတဲ့ Flagship ဖုန်းတွေမှာ 5G Version ဖုန်းများပါ၀င်လာပါတယ်။ ဥပမာ Mate 30 Pro မှာတောင် 4G နဲ့ 5G ဆိုပြီး Version နှစ်မျိုးထွက်ထားပါတယ်။ အဲ့လို Huawei အနေနဲ့ Version နှစ်မျိုးခွဲပြီး ထုတ်ရတဲ့အကြောင်းက 5G Tech ဟာ ပိုပြီး ဈေးကြီးလို့ပါ။

ဒါ‌ပေမယ့် 2020 မှာ ဈေးသက်သာတဲ့ 5G ဖုန်းတွေထွက်လာနိုင်ပြီး ပြောင်းလဲလာတော့မယ်လို့ Richard Yu ကဆိုထားပါ‌တယ်။

5G ဟာ နောက်နှစ်အတွင်း mid-range ဖုန်းတွေအပြင် ဈေးနည်းဖုန်းတွေမှာပါ ရောက်လာတော့မယ်လို့ Richard Yu က Mate 30 series event မှာ သတင်းထောက်‌တွေကို ပြောကြားရင်း ပြောခဲ့ပါတယ်။ “အခုနှစ်မှာ ကျွန်တော်တို့အနေနဲ့ Premium ဖုန်းတွေမှာသာ 5G ပါလာမှာဖြစ်ပြီး နောက်နှစ်မှာတော့ middle-tier 5G smartphones တွေနဲ့ low tier 5G ဖုန်းတွေထုတ်လာဖို့ရှိပါတယ်”လို့ဆိုထားပါ‌သေးတယ်။

အဲ့တာက Huawei အနေနဲ့ Kirin Chipsets တွေကို Mid Range ဖုန်းတွေအထိပါ ထုံးစံအတိုင်းသုံးလာနိုင်ပါတယ်။ နောက်လတွေမှာ 5G ပါလာနိုင်တဲ့ mid-range Kirin processor ကိုမိတ်ဆက်လာနိုင်တယ်လို့ Hint ပေး‌သလိုဖြစ်နေပြန်ပါတယ်။ လက်ရှိမှာ Kirin 810 နဲ့ Kirin 710 ဟာ Huawei နဲ့ Honor ရဲ့ mid-range ပိုင်းနဲ့ budget ဖုန်းတွေမှာ အသုံးပြု‌ထားပါတယ်။ နောက်နှစ်မှာ 5G ပါ၀င်လာမယ့် Kirin 800 Series Chipset ကိုတွေ့လာရနိုင်ပါတယ်။

အခုသတင်းဟာ Qualcomm မှာလည်း 5G ပါ၀င်လာမယ့် mid-range Snapdragon 600 နဲ့ 700 series chipsets တွေထုတ်ဖို့ ကြေညာပြီးနောက်မှာ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ Qualcomm ကနေ upper mid-range 5G chip ကို ဒီနှစ်အကုန်မှာ တွေ့လာရနိုင်တယ်လို့ သိရပါတယ်။ နောက်ထပ် Samsung ဟာလည်း Flagship ဖုန်းတွေမှာအသုံးပြုလာမှာ မဟုတ်တဲ့ 5G ပါ၀င်တဲ့ Exynos 980 ကို မိတ်ဆက်ပြီးသားဖြစ်နေပါပြီ။ အဲ့အတွက် ဈေးသက်သာတဲ့ 5G ဖုန်းတွေ ဈေးကွက်မှာ မြင်လာရတော့မှာပါ။

Ref: Gizmochina