fbpx

This is digital planet.

LenovoTech News

တစ်ရက်တည်းမှာတင် အလုံးရေ ၂ သိန်း အထိ ကြိုတင်မှာယူမှုများရှိခဲ့တဲ့ Lenovo Z6 Pro

Lenovo ဟာ Snapdragon 855 အသုံးပြုထားတဲ့ Lenovo Z6 Pro ကို April 23 ရက်နေ့က တရားဝင် ကြော်ငြာခဲ့ပါတယ်။ အဆိုပါ ဖုန်းကို April 29 မှာမှ ဈေးကွက်ထဲ မှာ စတင်ရောင်းချ မှာ ဖြစ်ပြီး ကြိုတင်မှာယူမှုများ ပြုလုပ်မှုကိုတော့ လက်ခံခဲ့ပါတယ်။ ထုတ်ပြန်ကြေငြာပြီး တစ်ရက်အတွင်းမှာပဲ ကြိုတင်မှာယူမှုပေါင်း နှစ်သိန်း ခန့်အထိရှိခဲ့ပါတယ်။ Lenovo Z6 Pro ကို ဒေါ်လာ 430 (မြန်မာငွေခြောက်သိန်းခွဲ ခန့်) ဖြင့် တရုတ်ဈေးကွက်အတွင်းမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Lenovo Z6 Pro ဖုန်းအမျိုးအစားကို Lenovo ရဲ့ တရားဝင် Online store တွေဖြစ်တဲ့ Jingdong Mall and Tmall မှာ ကြိုတင်မှာ ယူလို့ရနေပြီ ဖြစ်ပါတယ် ။ Lenovo Z6 Pro ဟာ model လေးမျိုး ဖြင့်တရုတ်ဈေး ကွက်အတွင်း ထွက်ရှိလာ မှာ ဖြစ်ပြီး storage ပေါ်မူတည်ပြီး

1 – Lenovo Z6 Pro 6 GB Ram +128 GB [ $430 (650000 MMK) ]

2 – lenovo Z6 Pro 8 GB RAM + 128 GB Storage [ $445 (675000 mmk) ]

3 – Lenovo Z6 Pro 8 GB Ram + 256 GB Storage [$545 ( 830000 mmk) ]

4 – Lenovo Z6 Pro 12 GB Ram + 512 GB Storage [$743 ( 1130000 mmk) ] ကျ သင့်မှာဖြစ်ပါတယ်။ အစိမ်း နဲ့ အနီ အရောင်နှစ်မျိုး ရရှိမှာဖြစ်ပါတယ်။

Lenovo Z6 Pro ရဲ့ အသေးစိတ် Specification တွေကိုတော့ Link ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Related image

Ref: Gizmochina