fbpx

This is digital planet.

Tech NewsXiaomi

တစ်လအတွင်း အလုံးရေ ၁ သန်းခွဲ ရောင်းချနိုင်ခဲ့တဲ့ Xiaomi Mi 9 Series

Feb လကုန်လောက်က စတင်မိတ်ဆက်ရောင်းချခဲ့တဲ့ Xiaomi ရဲ့ Mi 9 ကတော့ ၁ လပြည့်တဲ့ခုချိန်မှာ အလုံးရေ ၁ သန်းပြည့်အောင် ရောင်းချနိုင်ခဲ့ပါပြီ။ ဒီတော့ အလုံးရေ ၁ သန်းမပြည့်ရင် သူကိုယ်တိုင် စက်ရုံမှာဝင်ကူမယ်ဆိုတဲ့ CEO Lei Jun လဲ ကံကောင်းသွားတယ် ဆိုရမှာပေါ့။

ဒါဟာ Xiaomi အတွက် စံချိန်တစ်ခုလို့တော့ မဆိုသာပါဘူး။ မနှစ်ကထွက်ရှိခဲ့တဲ့ Mi 8 Series (Mi 8, Mi 8SE နဲ့ Mi 8EE) ဟာ ၃ ပတ်မပြည့်ခင်မှာပဲ အလုံးရေ ၁ သန်း၊ ၄ လအတွင်းမှာ အလုံးရေ ၆ သန်းအထိ ရောင်းချနိုင်ခဲ့ပါတယ်။ Mi 9 Series မတိုင်ခင်က ထွက်ရှိထားတဲ့ Redmi Note 7 ဟာလည်း တစ်လအတွင်းမှာ အလုံးရေ ၁ သန်းထိ ရောင်းချထားပြီး ဖြစ်ပါတယ်။

Xiaomi အနေနဲ့ Mi 9 Series (Mi 9, Mi 9 SE) မှာ ဝယ်လိုအား များခဲ့ပေမယ့် ထုတ်လုပ်မှုအပိုင်းမှာ ကြန့်ကြာမှု တစ်ချို့ကြောင့် အခက်အခဲတစ်ချို့ ကြုံခဲ့ရတာပါ။ ဒါပေမယ့် ထွက်ရှိချိန် ၁ လအတွင်းမှာ (Mi 9 SE အပါအဝင်) အလုံးရေ ၁ သန်းခွဲပြည့်ခဲ့ပြီဆိုတော့ ရှေ့ဆက်ပြီး ဘယ်လောက်အထိ ထပ်ရောင်းချရမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။

Ref: GSMArena & GizChina