This is digital planet.

MediaTekTech News

တန်ဖိုးနည်းဖုန်းတွေအတွက် 5G Modem ပါတဲ့ MediaTek Dimensity 800 Chipset ကိုမိတ်ဆက်

အခုလက်ရှိကျင်းပနေတဲ့ Consumer Electronics Show (CES) 2020 မှာ MediaTek ဟာ Dimensity 800 Chipset ကိုမိတ်ဆက်ခဲ့ပါတယ်။ ထို Chipset ဟာ Dimensity series ရဲ့ တတိယမြောက် Chipset ဖြစ်ပါတယ်။ Dimensity series ထဲမှာ OPPO Reno 3 တွင်သုံးထားတဲ့ Dimensity 1000L နဲ့ ဒီနှစ် Flagship ဖုန်းတော်တော်များများမှာ သုံးလာနိုင်တဲ့ Dimensity 1000 Chipset တို့ပါဝင်ပါတယ်။ Dimensity 800 Chipset ကတော့ တန်ဖိုးနည်းဖုန်းတွေအတွက် Dual-mode 5G စွမ်းဆောင်ရည် ပေးနိုင်အောင် ပြုလုပ်ထားသော SoC ပဲဖြစ်ပါတယ်။

Dimensity 800 Specifications

Dimensity 800 ဟာ 7nm Octa-core Processor တစ်ခုဖြစ်ပြီး 2.0GHz မှာအလုပ်လုပ်တဲ့ Cortex A76 cores လေးခု၊ 2.0GHz မှာအလုပ်လုပ်တဲ့ Cortex A55 Cores လေးခုတို့နဲ့ဖွဲ့စည်းထားပါတယ်။ GPU အတွက်တော့ Mali-G57MP4 ကိုသုံးပေးထားပါတယ်။ SoC မှာ ပိုကောင်းတဲ့ Gaming Experience အတွက် HyperEngine Gaming နည်းပညာပါဝင်ပါတယ်။

Dimensity 800 မှာပါတဲ့ APU 3.0 ဟာ AI စွမ်းဆောင်ရည်ကို 2.4 TOPS အထိပေးနိုင်ပါတယ်။ Dimensity ပါတဲ့ဖုန်းတွေဟာ Full HD+ resolution ကိုပါ ထောက်ပံ့ပေးနိုင်ရုံသာမက Refresh Rate 90Hz အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အဲ့အပြင် 16 GB LPDDR4x RAM အထိထောက်ပံ့ပေးထားပါတယ်။

Dimensity 800 မှာ Flagship တန်း ISP ပါတဲ့အတွက် ကင်မရာလေးလုံးအထိထောက်ပံ့ပေးနိုင်ပါတယ်။ Dimensity 800 နဲ့အားဖြည့်ထားတဲ့ဖုန်း‌တွေဟာ 64-megapixel cameras ဒါမှမဟုတ် 32-megapixel + 16-megapixel dual cameras အထိထောက်ပံ့ပေးနိုင်တယ်။

ကုမ္ပဏီအအနေနဲ့ AI-autofocus ၊ Autoexposure ၊ Auto white balance ၊ Noise reductio ၊ Dedicated facial recognition နဲ့ HDR for enhanced Photography Experience တွေအတွက် Algorithms တွေကိုထည့်ပေးထားပါတယ်။ Dimensity 800 မှာ ကမ္ဘာ့ပထမဆုံး Multi-frame 4K video HDR Capability ကိုသုံးပေးထားတယ်လို့ ကုမ္ပဏီကဖော်ပြထားပါတယ်။

Dimensity 800 5G chipset မှာ 2G/3G/4G Multi-mode နဲ့ Dynamic Spectrum Sharing (DSS) ပါဝင်ပါတယ်။ နောက်ထပ် SoC မှာ Voice and data over 5G ထောက်ပံ့ပေးထားပြီး အာရှ ၊ ဥရောပ နဲ့ တောင်အမေရိက မှာရတဲ့ Global sub-6GHz 5G networks တွေအတွက် တည်ဆောက်ထားပါတယ်။ SoC ဟာ Download Speeds 3.5Gbps အထိနဲ့ Upload Speeds 1.25Gbps အထိပေးနိုင်မယ်လို့ ကတိပေးထားပါတယ်။

ထို SoC မှာ 5G + 5G dual SIM ကိုထောက်ပံ့ထားခြင်းမရှိပါဘူး။ Specifications တွေအရ Dimensity 800 ဟာ Qualcomm ရဲ့ Snapdragon 765 / 765G Chipsets တွေနဲ့အဓိကယှဉ်ပြိုင်လာဖို့ရှိနေပါတယ်။ ပထမဆုံး Dimensity 800 နဲ့အားဖြည့်ထားတဲ့ဖုန်းဟာ ၂၀၂၀ ၃လပိုင်းကုန်လောက်မှာ မိတ်ဆက်လာဖို့မျှော်လင့်ထားပါတယ်။

Ref: Gizmochina