fbpx

This is digital planet.

iQOOTech NewsVivo

တရားဝင်မိတ်မဆက်ခင် ထွက်ရှိခဲ့တဲ့ Vivo ရဲ့ IQOO အကြောင်း

X Play Series နဲ့ Fan တွေကို စတင်သတိထားမိစေခဲ့တဲ့ Vivo ဟာ နောက်ပိုင်းမှာ Mid-range တွေဘက် အာရုံလှည့်နေခဲ့တဲ့ အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပါပြီ။ ဒီကြားထဲ Xplay ဖုန်းတစ်ချို့နဲ့ ဖန်တီးမှုအသားပေး Nex Series လို ဖုန်းတစ်ချို့ကို ထုတ်လုပ်ခဲ့ပေမယ့် ယခုအခါမှာတော့ IQOO ဆိုတဲ့ နာမည်နဲ့အတူ High End တွေပေါ်မှာ သီးသန့်အာရုံစိုက်နိုင်မယ့် Sub-brand တစ်ခုကို ခွဲထုတ်လာခဲ့ပါပြီ။

ဒီ Sub-brand လက်အောက်ကနေ ပထမဆုံးထွက်ရှိလာမယ့်ဖုန်းကို ဒီနေ့မှာစတင်မိတ်ဆက်မယ်ဆိုပေမယ့် ဒီဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကတော့ Weibo မှာ ကြိုတင်ထွက်ရှိလာခဲ့ပါတယ်။

IQOO ရဲ့ ဒီဖုန်းအသစ်မှာ Glass Sandwich Design ကိုမှ Aluminium Frame နဲ့ တွဲဆက်ထားပြီး ရှေ့၊ နောက် Gorilla Glass 5 ကို သုံးလာနိုင်ပါတယ်။ သူ့ကျောဘက် Design က အလယ်တည့်တည့်မှာ ဒေါင်လိုက်ပုံစံ စုဆုံတဲ့ Gradient Texture ပုံစံဖန်တီးထားတာမို့ ကြည့်ရအမြင်ဆန်းစေတယ်။ ဖုန်းအထူအနေနဲ့ 8.5mm ရှိပြီး 196g အလေးချိန်ရှိမှာပါ။

ဒီဖုန်းကို ခုလို နဲနဲထူစေ၊ လေးစေတဲ့အကြောင်းရင်းကတော့ သူ့ရဲ့ 4,000 mAh Battery ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အားမြန်မြန်ပြည့်ဖို့ 44W Fast Charging စနစ်လဲ ပါမယ်လို့ဆိုထားပါတယ်။ (Teaser Photo က 18:56 ဆိုတာ 0-100% အားဝင်ဖို့ကြာချိန်များလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့)

သူ့ရဲ့ Camera ပိုင်းမှာ Triple Set-up ကို သုံးထားပြီး IMX 363 နဲ့ Dual PDAF ပါတဲ့ 12MP Main Camera ကို 13MP Ultra-wide Camera, 2MP Depth Sensor တို့နဲ့အတူ တွဲပြီးမြင်တွေ့ရနိုင်ပါတယ်။ ထူးထူးဆန်းဆန်းပဲ သူ့မှာ 6.4″, 1080p+ AMOLED Display ကို Waterdrop Notch နဲ့ သုံးထားပြီး 12MP Selfie Camera ကို Notch ထဲမှာ မြင်တွေ့ရမှာပါ။

Snapdragon ရဲ့ Latest Chipset ဖြစ်တဲ့ SDG 855 ကြောင့် Flagship Performance ကို ခံစားနိုင်မှာဖြစ်ပြီး 4D Vibration System ကြောင့် Battle Royale လို ဂိမ်းတွေမှာ ရန်သူလာတဲ့ Direction, ကျည်ဆန် Direction တွေအလိုက် Vibration Sense ကို ဖုန်းမှာရရှိမှာမို့ ပိုကောင်းတဲ့ Gaming Experience ကို ရရှိနိုင်ပါလိမ့်မယ်။

Software ပိုင်းမှာ Android 9 ကိုအခြေခံတဲ့ Funtouch OS 9 ကို အသုံးပြုလာမှာဖြစ်ပြီး Super HDR လို Camera Mode ကြောင့် သာမန် HDR Photo တွေထက် Dynamic Range ပိုကောင်းတဲ့ပုံရိပ်တွေ ရိုက်ကူးနိုင်ပါလိမ့်မယ်။

IQOO Smartphone ရဲ့ ဈေးနှုန်းတွေအနေနဲ့

128/6 GB ကို ¥3598 (မြန်မာငွေ ၈သိန်းကျော်) ကနေ စမှာပါ။ ဒီ Version မှာတော့ 44W Fast Charge Support ပါဝင်မှာမဟုတ်ပါဘူး။

Quick Charge ပါဝင်မယ့် Version တွေဖြစ်တဲ့

128/8 GB ကို ¥3798(မြန်မာငွေ ၈သိန်းခွဲဝန်းကျင်)

256/8 GB ကို ¥3998(မြန်မာငွေ ၉သိန်းကျော်) အသီးသီးကျသင့်မှာပါ။

Color အနေနဲ့ Standard Edition မှာ အနီနဲ့ အပြာ နှစ်မျိုးရရှိနိုင်မှာဖြစ်ပြီး Black Color ကိုမှ Vertical Gradient Design ဖန်တီးထားတဲ့ 256/12 GB Special Edition ကတော့ ¥4998 (မြန်မာငွေ ၁၁ သိန်းကျော်) ကျသင့်မှာပါ။ တရုတ်မှာ Xiaomi Mi 9 နဲ့ Meizu 16th တို့ကို ယှဉ်ပြိုင်ဖို့ရည်ရွယ်လာတဲ့ ဒီဖုန်းကတော့ မြန်မာနိုင်ငံမှာ ရောင်းချနိုင်ခြေ အတော်နည်းပါးပါလိမ့်မယ်။