fbpx

This is digital planet.

Tech News

တရုတ္ျပည္မွာ ခဏတာအပိတ္ခံခဲ့ရတဲ့ Microsoft ရဲ႕ Bing

Zawgyi

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က Microsoft ရဲ႕ Search Engine ျဖစ္တဲ့ Bing ဟာ Censorship ၿငိစြန္းမႈေၾကာင့္ တ႐ုတ္ျပည္မွာ သံုးစြဲခြင့္ပိတ္ခံရတယ္လို႔ သတင္းထြက္ေပၚခဲ့ၿပီး တစ္ရက္ေက်ာ္အၾကာမွာေတာ့ အသံုးျပဳခြင့္ ျပန္လည္ရ႐ွိခဲ့ၿပီျဖစ္ပါတယ္။

Microsoft အေနနဲ႔ Bing ဟာ အသံုးျပဳခြင့္ ခဏတာ အပိတ္ခံခဲ့ရေၾကာင္း ဝန္ခံခဲ့ၿပီး အခုအခါမွာေတာ့ အသံုးျပဳခြင့္ ျပန္လည္ရေနၿပီလို႔ ေျပာၾကားခဲ့ေပမယ့္ အပိတ္ခံရျခင္းအေၾကာင္းကိုေတာ့ ထုတ္ျပန္ျခင္း မ႐ွိခဲ့ပါဘူး။

Image result for china microsoft

Google, Facebook, Twitter စတဲ့ US Tech Platform ေတြကို အသံုးျပဳခြင့္ပိတ္ပင္ထားတဲ့ တ႐ုတ္ျပည္အေနနဲ႔ Microsoft ရဲ႕ Bing အေပၚ ပိတ္ပင္ခဲ့မႈမွာ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ ဆက္ႏြယ္မႈေတြ ႐ွိေနႏိုင္တယ္လို႔ ထင္ေၾကးေပးေနၾကေပမယ့္ တ႐ုတ္အေျခစိုက္ အြန္လိုင္းစိစစ္ေရးအဖြဲ႔ျဖစ္တဲ့ Greatfire ကေတာ့ အခုကိစၥမွာ အစိုးရဲ႕ ပါဝင္ပတ္သက္မႈေၾကာင့္ မျဖစ္ႏိုင္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

တ႐ုတ္အစိုးရရဲ႕ အင္တာနက္ ဆင္ဆာထိန္းခ်ဳပ္ေရးစနစ္ျဖစ္တဲ့ “Great Firewall” ဟာ နည္းပညာပိုင္းဆိုင္ရာ စစ္ေဆးမႈေတြနဲ႔အတူ လံုျခံဳေရးကို ထိခိုက္ေစႏိုင္မယ့္ Virtual Private Network (VPN) ေတြ ကို ပိတ္ခ်တာ၊ ျပည္တြင္းမွာအသံုးျပဳေနတဲ့ Social Media ေတြနဲ႔ Messaging App ေတြေပၚက ႏိုင္ငံေရးေခါင္းေဆာင္ေတြအေပၚ ေလွာင္ေျပာင္၊ ခနဲ႔တဲ့ စကားလံုးေတြ၊ Post ေတြ စတာေတြမသံုးေအာင္ ပိတ္ပင္ထားတာမ်ိဳးေတြလည္း လုပ္ေဆာင္တတ္ပါေသးတယ္။

ဒီလို ကန္႔သတ္ပိတ္ပင္မႈေတြေၾကာင့္လည္း 2010 မွာ Google ဟာ တ႐ုတ္ျပည္တြင္းမွာ သူတို႔ရဲ႕ Search Engine အသံုးျပဳခြင့္ကို ႐ုတ္သိမ္းခဲ့တာပါ။ Facebook, Twitter, Google စတာေတြဟာလည္း တ႐ုတ္ျပည္မဘက္မွာ အသံုးျပဳခြင့္ ပိတ္ခံခဲ့ရေပမယ့္ Microsoft ကေတာ့ ဆက္လည္ လည္ပတ္ေနတုန္းပါပဲ။ သို႔ေပမယ့္ Microsoft Bing အေနနဲ႔ေတာ့ Market Share အနည္းငယ္ကိုပဲ ရ႐ွိထားၿပီး တ႐ုတ္ျပည္ရဲ႕ Search Engine Market ကိုေတာ့ ျပည္တြင္း Company ျဖစ္တဲ့ Baidu ကေန အဓိကခ်ဳပ္ကိုင္ထားပါတယ္။ ဒီအတိုင္းဆို Microsoft အေနနဲ႔ ေနာက္ပိုင္းမွာ Rules and Policy ေတြကို ခုထက္ပိုၿပီး သတိထားရဖို႔႐ွိေနပါတယ္။

Unicode

တရုတ်ပြည်မှာ ခဏတာအပိတ်ခံခဲ့ရတဲ့ Microsoft ရဲ့ Bing

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Microsoft ရဲ့ Search Engine ဖြစ်တဲ့ Bing ဟာ Censorship ငြိစွန်းမှုကြောင့် တရုတ်ပြည်မှာ သုံးစွဲခွင့်ပိတ်ခံရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး တစ်ရက်ကျော်အကြာမှာတော့ အသုံးပြုခွင့် ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။

Microsoft အနေနဲ့ Bing ဟာ အသုံးပြုခွင့် ခဏတာ အပိတ်ခံခဲ့ရကြောင်း ဝန်ခံခဲ့ပြီး အခုအခါမှာတော့ အသုံးပြုခွင့် ပြန်လည်ရနေပြီလို့ ပြောကြားခဲ့ပေမယ့် အပိတ်ခံရခြင်းအကြောင်းကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

Image result for china microsoft

Google, Facebook, Twitter စတဲ့ US Tech Platform တွေကို အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ တရုတ်ပြည်အနေနဲ့ Microsoft ရဲ့ Bing အပေါ် ပိတ်ပင်ခဲ့မှုမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆက်နွယ်မှုတွေ ရှိနေနိုင်တယ်လို့ ထင်ကြေးပေးနေကြပေမယ့် တရုတ်အခြေစိုက် အွန်လိုင်းစိစစ်ရေးအဖွဲ့ဖြစ်တဲ့ Greatfire ကတော့ အခုကိစ္စမှာ အစိုးရဲ့ ပါဝင်ပတ်သက်မှုကြောင့် မဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ အင်တာနက် ဆင်ဆာထိန်းချုပ်ရေးစနစ်ဖြစ်တဲ့ “Great Firewall” ဟာ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုတွေနဲ့အတူ လုံခြုံရေးကို ထိခိုက်စေနိုင်မယ့် Virtual Private Network (VPN) တွေ ကို ပိတ်ချတာ၊ ပြည်တွင်းမှာအသုံးပြုနေတဲ့ Social Media တွေနဲ့ Messaging App တွေပေါ်က နိုင်ငံရေးခေါင်းဆောင်တွေအပေါ် လှောင်ပြောင်၊ ခနဲ့တဲ့ စကားလုံးတွေ၊ Post တွေ စတာတွေမသုံးအောင် ပိတ်ပင်ထားတာမျိုးတွေလည်း လုပ်ဆောင်တတ်ပါသေးတယ်။

ဒီလို ကန့်သတ်ပိတ်ပင်မှုတွေကြောင့်လည်း 2010 မှာ Google ဟာ တရုတ်ပြည်တွင်းမှာ သူတို့ရဲ့ Search Engine အသုံးပြုခွင့်ကို ရုတ်သိမ်းခဲ့တာပါ။ Facebook, Twitter, Google စတာတွေဟာလည်း တရုတ်ပြည်မဘက်မှာ အသုံးပြုခွင့် ပိတ်ခံခဲ့ရပေမယ့် Microsoft ကတော့ ဆက်လည် လည်ပတ်နေတုန်းပါပဲ။ သို့ပေမယ့် Microsoft Bing အနေနဲ့တော့ Market Share အနည်းငယ်ကိုပဲ ရရှိထားပြီး တရုတ်ပြည်ရဲ့ Search Engine Market ကိုတော့ ပြည်တွင်း Company ဖြစ်တဲ့ Baidu ကနေ အဓိကချုပ်ကိုင်ထားပါတယ်။ ဒီအတိုင်းဆို Microsoft အနေနဲ့ နောက်ပိုင်းမှာ Rules and Policy တွေကို ခုထက်ပိုပြီး သတိထားရဖို့ရှိနေပါတယ်။

Source

Leave a Reply

Your email address will not be published.