fbpx

This is digital planet.

Tech News

တရုတ္ Facial Recognition က စီးပြားေရးပညာရွင္တစ္ဦးကို စည္းကမ္းေဖာက္ပ်က္သူအျဖစ္ မွားဖမ္း

Zawgyi

တရုတ္ႏိုင္ငံရဲ႕လမ္းမေတြမွာ Facial Recognition System ကို ျပစ္မွဳေတြ၊ လမ္းစည္းကမ္းေဖာက္ဖ်က္မွဳေတြ ထိန္းသိမ္းဖို႔တပ္ဆင္ထားပါတယ္။ လူကူးမ်ဥ္းၾကားကမဟုတ္ပဲ ႀကံဳသလို လမ္းျဖတ္ကူးတဲ့သူေတြကို ထိုစနစ္နဲ႔ ဖမ္းၿပီး Public Screen မွာေဖာ္ျပတာပါ။ ျဖစ္ခ်င္ေတာ့ တရုတ္ႏိုင္ငံရဲ႕ စီးပြားေရးနယ္ပယ္မွာ ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီးတစ္ဦးကို City’s Facial Recognition ကမွားၿပီးေဖာ္ျပမိရာကအေတာ္ေလး တိုင္ပတ္သြားပါတယ္။ ျဖစ္ပံုက Bus ကားမွာ ကပ္တဲ့ Sticker မွာ ထိုအမ်ိဳးသမီးပံုပါတယ္ အဲ့ဒါကို စနစ္က မီးနီေနတုန္း လမ္းျဖတ္ကူးသူဆိုၿပီး စာနဲ႔ Public Screen မွာ ေဖာ္ျပခဲ့ပါတယ္။

တရုတ္ႏိုင္ငံထိပ္တန္းစီးပြားေရး အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ဥပေဒခ်ိဳးေဖာက္တယ္ဆိုၿပီး ေဖာ္ျပခံရတာ အေတာ္ေလးအရွက္ရစရာျဖစ္သြားခဲ့ပါတယ္။ ပံုကိုေဖာ္ျပရံုတင္မဟုတ္ပဲ Government ID နဲ႔ သူမရဲ႕ နာမည္ကိုပါေဖာ္ျပခဲ့တာပါ ပိုဆိုးတာက နာမည္အမွားႀကီးျဖစ္ေနခဲ့ပါတယ္။ ဒီျပႆနာဟာ Weibo မွာအေတာ္ေလး ဂရိုက္ထသြားတဲ့ သတင္းတစ္ခုလဲျဖစ္ခဲ့သလို ဟာသအေနနဲ႔ေတာင္ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ျပည္သူ႕ရဲေတြကေတာ့ ဒါက Facial Recognition System ရဲ႕ Error လို႔ ၀န္ခဲ့သလို ျပန္လည္ျပင္ဆင္ၿပီးပီလို႔လည္း ထြက္ဆိုခဲ့ပါတယ္။

တရုတ္ႏိုင္ငံရဲ႕ ၿမိဳ႕ႀကီးေတြျဖစ္တဲ့ Shenzhen, Ningbo စတဲ့ၿမိဳ႕ႀကီးေတြမွာ ထိုစနစ္ကိုတပ္ဆင္ထားၿပီး ၁၀ အတြင္းစည္းကမ္းေဖာက္ပ်က္သူ ၁၄၀၀၀ ေက်ာ္ေဖာ္ျပခဲ့ပါတယ္။ ထိုအမ်ိဳးသမီးရဲနာမည္မွာ Dong Mingzhu ျဖစ္ၿပီး။ မၾကာေသးခင္က Forbes စာမ်က္နွာမွာ တရုတ္ႏိုင္ရဲ႕ ေအာင္ျမင္ဆံုးစီးပြားေရး အေယာက္ ၁၀၀ ထဲက ၁ ေယာက္ဆိုၿပီး ေဖာ္ျပျခင္းခံထားရသူေတြပါ။ ဒါေၾကာင့္ တရုတ္ႏိုင္ငံသြားလည္ရင္ စည္းကမ္းေလးေတာ့ ယူသြားေနာ္။ ျမန္မာႏိုင္မွာသာ တပ္ထားလို႔ကေတာ့ ဂုဏ္ယူေနၾကမွာ ငါမ်က္ႏွာႀကီး တီဗီထဲပါလာတယ္ဆိုၿပီး :3

Photo Credit: Business Insider, Abacusnews

Unicode

တရုတ်နိုင်ငံရဲ့လမ်းမတွေမှာ Facial Recognition System ကို ပြစ်မှုတွေ၊ လမ်းစည်းကမ်းဖောက်ဖျက်မှုတွေ ထိန်းသိမ်းဖို့တပ်ဆင်ထားပါတယ်။ လူကူးမျဉ်းကြားကမဟုတ်ပဲ ကြုံသလို လမ်းဖြတ်ကူးတဲ့သူတွေကို ထိုစနစ်နဲ့ ဖမ်းပြီး Public Screen မှာဖော်ပြတာပါ။ ဖြစ်ချင်တော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနယ်ပယ်မှာ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးကို City’s Facial Recognition ကမှားပြီးဖော်ပြမိရာကအတော်လေး တိုင်ပတ်သွားပါတယ်။ ဖြစ်ပုံက Bus ကားမှာ ကပ်တဲ့ Sticker မှာ ထိုအမျိုးသမီးပုံပါတယ် အဲ့ဒါကို စနစ်က မီးနီနေတုန်း လမ်းဖြတ်ကူးသူဆိုပြီး စာနဲ့ Public Screen မှာ ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံထိပ်တန်းစီးပွားရေး အမျိုးသမီးတစ်ယောက်အနေနဲ့ ဥပဒေချိုးဖောက်တယ်ဆိုပြီး ဖော်ပြခံရတာ အတော်လေးအရှက်ရစရာဖြစ်သွားခဲ့ပါတယ်။ ပုံကိုဖော်ပြရုံတင်မဟုတ်ပဲ Government ID နဲ့ သူမရဲ့ နာမည်ကိုပါဖော်ပြခဲ့တာပါ ပိုဆိုးတာက နာမည်အမှားကြီးဖြစ်နေခဲ့ပါတယ်။ ဒီပြဿနာဟာ Weibo မှာအတော်လေး ဂရိုက်ထသွားတဲ့ သတင်းတစ်ခုလဲဖြစ်ခဲ့သလို ဟာသအနေနဲ့တောင် လှောင်ပြောင်ခဲ့ကြပါတယ်။ ပြည်သူ့ရဲတွေကတော့ ဒါက Facial Recognition System ရဲ့ Error လို့ ဝန်ခဲ့သလို ပြန်လည်ပြင်ဆင်ပြီးပီလို့လည်း ထွက်ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေဖြစ်တဲ့ Shenzhen, Ningbo စတဲ့မြို့ကြီးတွေမှာ ထိုစနစ်ကိုတပ်ဆင်ထားပြီး ၁၀ အတွင်းစည်းကမ်းဖောက်ပျက်သူ ၁၄၀၀၀ ကျော်ဖော်ပြခဲ့ပါတယ်။ ထိုအမျိုးသမီးရဲနာမည်မှာ Dong Mingzhu ဖြစ်ပြီး။ မကြာသေးခင်က Forbes စာမျက်နှာမှာ တရုတ်နိုင်ရဲ့ အောင်မြင်ဆုံးစီးပွားရေး အယောက် ၁၀၀ ထဲက ၁ ယောက်ဆိုပြီး ဖော်ပြခြင်းခံထားရသူတွေပါ။ ဒါကြောင့် တရုတ်နိုင်ငံသွားလည်ရင် စည်းကမ်းလေးတော့ ယူသွားနော်။ မြန်မာနိုင်မှာသာ တပ်ထားလို့ကတော့ ဂုဏ်ယူနေကြမှာ ငါမျက်နှာကြီး တီဗီထဲပါလာတယ်ဆိုပြီး :3

Photo Credit: Business Insider, Abacusnews