fbpx

This is digital planet.

Tech News

တရုတ်ဈေးကွက်ရဲ့ ဥက္ကဌနေရာကနေ ဆင်းပေးလိုက်ရတဲ့ Xiaomi တွဲဖက်တည်ထောက်သူ Lei Jun

Xiaomi ရဲ့ Co-founder ဖြစ်တဲ့ Lei Jun ဟာ နောက်နှစ်မှာ ကုမ္ပဏီအနေနဲ့ Mobile 5G နဲ့ AIoT business ကို အာရုံစိုက်ဖို့ စီစဉ်ထားတာမလို့ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

Xiaomi ရဲ့ ဥက္ကဌ လည်းဖြစ် Co-founder လည်းဖြစ်တဲ့ Lei Jun ဟာ ရာထူးကနေနုတ်ထွက်ခဲ့ပါတယ်။ သတင်းတွေအရ ကုမ္ပဏီဟာ သူတို့ရဲ့ အလုပ်သမားတွေရဲ့ အကြောင်းကြားစာအရ Leadership နေရာကို ပြောင်းလဲဖို့ကို သတိထားမိခဲ့တယ်လို့ သိရပါတယ်။ Jun ရဲ့ တာ၀န်တွေကိုတော့ Redmi ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Lu Weibing က ကိုင်တွယ်သွားတော့မှာပါ။ ကုမ္ပဏီဟာ Leadership roles တွေမှာ တစ်ခြားသောအပြောင်းအလဲတွေကိုပါ ပြုလုပ်ခဲ့ပါတယ်။

အရင် ဥက္ကဌဟောင်းဖြစ်တဲ့ Lin Bin ကိုတော့ ဥက္ကဌ ရာထူးကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ Leadership တွေပြောင်းလဲမှုမှာ ကုမ္ပဏီအနေနဲ့ CFO Zhou Capital ကို International business ရဲ့ ဥက္ကဌ အနေနဲ့ ရာထူးတိုးခဲ့ပါသေးတယ်။ နောက်နှစ်ဟာ Xiaomi ရဲ့ 5G business အတွက် လက်ဦးမှုရယူဖို့ နှစ်ဖြစ်လာမှာဖြစ်ပြီး Xiaomi အတွက် mobile phone + AIoT ကိုအဆင့်မြင့်ဖို့ အဓိကနှစ်ဖြစ်လာမှာပါ။ Lei Jun အဆိုက “ကျွန်တော်တို့အနေနဲ့ ပိုအားကောင်းတဲ့ Management အဖွဲ့ရဲ့ထောက်ပံ့မှုကိုလိုအပ်တယ်။ ဒါက လည်ပတ်နေတဲ့ ယန္တရားထဲမှာ Innovation ဖြစ်တဲ့ Organization ကို ရှေ့ဆက်ဖို့ အရေးကြီးတဲ့နေရာကနေ လိုအပ်ပါတယ်”လို့ပြောသွားပါတယ်။

Image result for lei jun

 

2019 ရဲ့ Q3 (July, August, September) အတွင်းမှာ Xiaomi ဟာ သူတို့ရဲ့ စမတ်ဖုန်းတင်ပို့မှု နဲ့ ဈေးကွက်ပမာဏဟာ အရင်နှစ်ကထက် လျော့ကျခဲ့တာကို တွေ့ခဲ့ပါတယ်။ Canalys ရဲ့အချက်အလက်အရ Xiaomi အနေနဲ့ စမတ်ဖုန်းတင်ပို့ခဲ့တာ 32.5 သန်း အထိရှိခဲ့ပြီး ဈေးကွက်ပမာဏဟာ 9.2 percent အထိ ရခဲ့ပါတယ်။ ဒါပေမယ့် ဈေးကွက်ပမာဏဟာ နှစ်စဉ် 3 Percent လျော့ခဲ့ပါတယ်။ ထိုအချိန်မှာ Samsung၊ Huawei နဲ့ Oppo တို့ဟာ ဈေးကွက်ထဲမှာတိုးတက်လာတာကို Xiaomi ကတွေ့ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ Q3 results အရ စမတ်ဖုန်းလုပ်ငန်း‌၀င်ငွေဟာ တစ်နှစ်ထက်တစ်နှစ် 7.8 percent အထိ လျော့ကျခဲ့ပါတယ်။ အဲ့လို၀င်ငွေ‌တွေလျော့ကျခဲ့တဲ့အတွက် ကုမ္ပဏီအနေနဲ့ တရုတ်ဈေးကွက်မှာ အရှိန်လျော့ဖို့ ထုတ်ပြန်ထားပါတယ်။

အရင်နှစ်က Hong Kong Stock Exchange စာရင်းထဲမှာပါခဲ့တဲ့အတွက် Xiaomi ဟာ သူတို့ရဲ့ အနှေးဆုံး တိုးတက်လာမှုကို Q3 အတွင်း သတင်းပို့ခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် သူတို့ရဲ့တိုးတတ်မှုက ၅.၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ Smartphone စီးပွားရေးက တရုတ်မှာ ကျဆင်းနေသော်လည်း ကုမ္ပဏီအနေနဲ့ နည်းလမ်းသစ်များကိုရှာဖွေနေလို့ အပြောင်းအလဲများလုပ်ခဲ့တာဖြစ်ပါတယ်။ ခေါင်းဆောင်အသစ်ဖြစ်လာတဲ့ Lin Bin အတွက်လည်း အိမ်တွင်းစီးပွာရေးမှာ Huawei, OPPO နဲ့ Vivo တို့က အကြီးမားဆုံးပြိုင်ဘက်အဖြစ် အဆင်သင့်ရှိနေပါတယ်။

Ref: BGR.in