fbpx

This is digital planet.

SamsungTech News

တရုတ်မှာ စတင်ရရှိနေပြီဖြစ်တဲ့ Samsung Galaxy A90 5G

Samsung Galaxy A90 5G ဟာ 5G Network ကို ထောက်ပံ့လာတဲ့ Samsung ရဲ့ လေးခုမြောက် ဖုန်းပဲဖြစ်ပါတယ်။ ဖုန်းကို September တုန်းကစတင်ပွဲထုတ်ခဲ့ပြီး အခု တရုတ်မှာ စတင်ရရှိလာပါပြီ။

5G capabilities နဲ့အတူ ဖုန်းမှာ High End Spec အချို့ကိုထည့်ပေးထားပါတယ်။ Snapdragon 855 chipset ၊ 48MP main camera နဲ့ ကြီးမားတဲ့ 6.7-inch SuperAMOLED display လို ဈေးမြင့်တဲ့ အချက်တွေပါ၀င်လာပါတယ်။ Display မှာ 32MP Selfie Camera ပါ၀င်တဲ့ U ပုံစံ Notch ပါ၀င်ထားပြီး Display အောက်မှာ Optical Fingerprint Scanner ကိုထည့်ပေးထားပါတယ် (S10 လိုမျော်လင့်ချက်မပေးရ)။

4,500 mAh Battery ပါ၀င်လာပြီး 25W Fast Charging ကို ထောက်ပံ့ပေးထားပါတယ်။ Galaxy A90 5G ဟာ အခုလက်ရှိ 8GB RAM ၊ 128GB storage အမျိုးအစား သာရှိသေးပြီး ဈေးအနေနဲ့ CNY 4,499 ($635) မြန်မာငွေ ၉ သိန်း ၇ သောင်းကျော်ရှိပါတယ်။ အခုလက်ရှိတရုတ်မှာသာရသေးပြီး မကြာခင်မှာ တစ်ခြား နိုင်ငံတွေမှာပါ ရောက်ရှိလာဖို့ မျှော်လင့်ရပါတယ်။

Ref: GSMArena