fbpx

This is digital planet.

NewsRealme

တရုတ်မှာ စရောင်းတော့မယ့် Realme X Spider-Man Edition 

Realme ကတော့ Spider man fans တွေအတွက် Realme X Spider-Man Edition ကို ရောင်းချလိုက်ပြီဖြစ်ပါတယ်။ Realme နဲ့ Spider-Man Fans တွေအတွက်တော့ ရွေးချယ်စရာနဲ့ နောက်ထပ်လိုချင်စရာဖုန်းလေးတစ်လုံး market ထဲထပ်ဝင်လာတာပဲဖြစ်ပါတယ်။ Realme X Spider-Man Edition ကို ခုဆိုရင်တော့ company ရဲ့ official site စတင်ရောင်းချနေပြီဖြစ်ပါတယ်။ Ram 8 GB , Rom 128 GB နဲ့ရရှိမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ တရုတ်ငွေ CNY1,799 ရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာအနေနဲ့ ခန်းမှန်းခြေ $260 ရှိမှာပါ ယူရိုအနေနဲ့ကတော့ €235 ဝန်းကျင်ခန့်ကျသင့်ပါတယ်။

Image result for realme x spiderman edition

Special Edition တွေရဲ့ ထုံးစံအတိုင်း UI ကို သူ့ရဲ့ Edition ထုတ်ပေးတဲ့ Spider-Man-themed UI ပါ တခါတည်းပါရှိမှာဖြစ်ပါတယ်။ Spider-Man- logo လေးပါမဲ့ Cover လေးလည်း ဗူးခွံအတွင်းမှာ တစ်ခါတည်းပါရှိလာဖြစ်ပြီး ဖုန်းရဲ့ဗူးခွံအပြင်ကလည်း အနီရောင်ဖြစ်တဲ့အပြင် ကာဗာလေးကလည်း spider man edition ဖြစ်တဲ့အတွက် အနီရောင်လေး ပါပဲ။ ထူးခြားချက်အနေနဲ့ ဖုန်းကတော့ အနီရောင်မဟုတ်ပဲ အဖြူရောင်လေးအနေနဲ့ရရှိမှာပါ။ ဖုန်းရဲ့ အဖြူရောင်သန့်သန့်လေးပေါ်မှာ အနီရောင်ကာဗာလေးနဲ့ တော်တော်လေးလှနေမှာပါ။ တခြား accessories တွေနဲ့ ဖုန်းကတော့ လုံးဝအဖြူရောင်လေးဖြစ်ပြီး တော်တော်လေးကြည့်လို့ကောင်းတာကို ဓာတ်ပုံမှာ မြင်တွေ့နိုင်ပါတယ်။

Image result for realme x spiderman edition

ခုထွက်ရှိလာတဲ့ Realme X Spider-Man Edition ကိုတော့ အိန္ဒိယနိုင်ငံမှာ လာမဲ့ တနင်္လာနေ့မှာပဲ Realme X ရိုးရိုးပုံမှန် version နဲ့အတူ တွဲဖက်ပြီး တခါတည်းမိတ်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ ဒီဖုန်းတွေနဲ့အတူ Realme 3 ရဲ့ နောက် Generation ဖြစ်တဲ့ Realme 3i ကိုလည်း အတူတွဲဖက်မိတ်ဆက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Realme ဆိုတဲ့အတိုင်း Xiaomi ပြီးရင်တော့ price to performance အပိုင်းမှာ ကောင်းမွန်တဲ့အတွက် Realme ရဲ့ Realme X Spider-Man Edition ကတော့ spider man fans တွေကြား ရွေးချယ်စရာတစ်ခုသေချာပေါက်တိုးလာပြီလို့ ပြောရမှာပါ။ ဒါပေမဲ့ special edition ဖြစ်တဲ့အတွက် ပုံမှန် ရိုးရိုး version ထက်တော့ ဈေးပိုများမှာတော့ ဂရုပြုမိကြမယ်လို့ ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ် Spider man fans တွေအတွက်တော့ နှစ်သက်စရာဖုန်းလေးဖြစ်လာမှာပါ။

Ref: GSMARENA

Related posts
NewsRedmi

Redmi Note 8 Series မှာ Helio G90T Chipset အသုံးပြုလာမယ်လို့ MediaTek ကအတည်ပြု

NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်