fbpx

This is digital planet.

Huawei

တရုတ်ဈေးကွက်မှာ Smartphone ရောင်းအား မြင့်တက်လာတဲ့ Huawei

Huawei အနေနဲ့ US အစိုးရ ရဲ့ ကုန်သွယ်ခွင့်ပိတ်ပင်ခံရ ပြီးနောက် ဆက်တိုက် AMD ၊ Google ၊ Intel ၊ Qualcomm နဲ့ US ကုမ္ပဏီ အကုန်နီးပါးလောက်က ပစ်ပယ်ခံလိုက်ရတဲ့ အပြင် အခြား UK အခြေစိုက် ARM နဲ့ ဂျပန်အခြေစိုက် Panasonic ရဲ့ Ban တာကိုပါ ထပ်ခံရပါတယ်။ ယခုအခြေအနေဟာ Huawei အတွက် အတော်ကို ဆိုးရွားတဲ့ အနေအထားတစ်ခု လို့ဆိုနိုင်ပေးမဲ့ မျှော်လင့်ချက် ရောင်ခြည်တွေဟာ တစ်ဖြည်းဖြည်း သမ်းလာနေပါတယ်။

Photo: Gizmochina

ဒီလို ကုမ္ပဏီအများအပြား ရဲ့ အဆက်ဖြတ်ချင်ခံနေရတဲ့ Huawei အနေနဲ့ စီးပွားရေးပိုင်း အတော်နစ်နာသွားမယ်လို့ ထင်ရပေးမဲ့ လက်ရှိအချိန်ထိတော့ အဓိကစီးပွားရေးတစ်ခုဖြစ်တဲ့ စမတ်ဖုန်းရောင်းအားဟာ ထိခိုက်မှု မရှိသေးတဲ့အပြင် ပိုမိုတောင် တိုးတက်လာနေပါတယ်။ US အစိုးရ Ban တယ်လို့ သတင်းထွက်ပေါ်လာတဲ့ မေလ ၁၆ ရက်နေ့က စတင်ပြီး Tmall မှာ Huawei စမတ်ဖုန်းတွေရဲ့ ရောင်းအားဟာ တဖြည်းဖြည်းမြင့်တက်နေတယ်လို့သိရပါတယ်။ Tmall က ရရှိတဲ့ Data တွေအရ မေ ၁၈ ရက် နဲ့ ၂၀ ရက်နေ့ကြားမှာ Huawei စမတ်ဖုန်းတွေရဲ့ Tmall ကိုတင်ပို့မှု နှုန်းဟာ 130% အထိတိုးတက်လာနေပြီး တရုတ်ဈေးကွက်တစ်ခုလုံးမှာရှိတဲ့ Huawei ရဲ့ Market Share ဟာလည်း 30% အထိ မြင့်တက်လာနေတယ်လို့သိရပါတယ်။

Photo: Gizmochina

တရုတ်မှာကျင်းပ ပြုလုပ်တော့မည့် Tsang 618 year-end Promotion Event ပွဲမှာလည်း Huawei P30 နဲ့ အခြား Huawei စမတ်ဖုန်းတွေရဲ့ရောင်းအားဟာ ပိုမိုတိုးတက်လာဖွယ်ရှိနေပြီး Tmall ရဲ့ Custom Gift Box ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Tmall ရဲ့ Huawei စမတ်ဖုန်းရောင်းအားကြောင့် Huawei Users တွေ အတော်တိုးတက်လာတယ်လို့လည်း စစ်တမ်းတွေက ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာတော့ Huawei ရဲ့ တရုတ်ဈေးကွက်စမတ်ဖုန်းရောင်းအားဟာ ၁၀ သန်း ကိုကျော်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ အပေါ်က ပုံမှာ Huawei က အောင်ပွဲခံထားပါတယ်။

Ref: Gizmochina