fbpx

This is digital planet.

AppleHuaweiTech News

တရုတ် Tablet ဈေးကွက်မှာ ကြီးစိုးခဲ့တဲ့ Apple နဲ့ Huawei

IDC က Report တွေအရ ၊ Apple နဲ့ Huawei တို့ဟာ တရုတ် Tablet ဈေးကွက်ကို ၂၀၁၉ ပထမအပတ် (Q1) ကို ဦးဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် Xiaomi အနေနဲ့လည်း တတိယနေရာမှာ ရပ်တည်နေခဲ့ပြီး အရင်နှစ်တွေကထက် ရောင်းအားများစွာတိုးတက်လာခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ် Tablet ဈေးကွက်မှာတော့ Apple ရဲ့ iPad တွေဟာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး Market Share 42.9% နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ Huawei က ရပ်တည်နေပြီး MediaPad Tablet တွေရဲ့ ရောင်းအားဟာ Market Share 27.1% အထိရှိခဲ့တယ်လို့သိရပါတယ်။ ဒီ စမတ်ဖုန်း ကုမ္ပဏီကြီး နှစိခုရဲ့ ရောင်းအားဟာ တရုတ် Tablet ဈေးကွက်ကြီးတစ်ခုလုံးရဲ့ 70% လောက်ကို ကြီးစိုးထားခဲ့တာလည်း ဖြစ်ပါတယ်။ US အခြေစိုက် Apple အနေနဲ့ ဒီနှစ်မှာ iPad အလုံးရေ ၂.၃၈ သန်း တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၈ ပထမအပတ် (Q1) က အရေအတွက်ထက် ၂.၆% ပိုမိုတိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒါအပြင် Huawei အနေနဲ့လည်း MediaPad အလုံးရေ ၁.၄၄ သန်းတင်ပို့နိုင်ခဲ့ပြီး အရင်နှစ်ထက် ၁.၉% တိုးတက်လာခဲ့တာဖြစ်ပါတယ်။

တတိယနေရာမှာရှိနေတဲ့ Xiaomi အနေနဲ့ Tablet အလုံးရေ ၃ သိန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး Market Share 5.6% ရရှိခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Tablet တွေရဲ့ အရေးပါမှုဟာ တစ်နှစ်ထက်တစ်နှစ် လျော့ကျလျက်ရှိနေပြီး အချို့စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ Android Tablets အသစ်တွေကို ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

Tablet တွေရဲ့ အရေးပါမှုလျော့ကျလာခြင်းရဲ့ အဓိက အချက်ကတော့ သေးငယ်တဲ့အရွယ်အစား နဲ့ AI နည်းပညာတွေပါဝင်တဲ့ Wearables Devices တွေက ခေတ်စားလာခဲ့တာကြောင့်လို့ ဆိုနိုင်ပြီး၊ တရုတ် Wearables ဈေးကွက်မှာတော့ Xiaomi က ပထမနေရာမှာ အလုံးရေ ၅.၃ သန်း ဈေးကွက်အတွင်းကို တင်ပို့နိုင်မှုနဲ့ ရပ်တည်နေပြီး အဲ့နောက်မှာတော့ Apple က အလုံးရေ ၄.၆ သန်း နဲ့ ဒုတိယ နေရာ၊ Huawei က ၃.၉ သန်း နဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Ref: GSMArena