fbpx

This is digital planet.

NewsRealme

ထူးထူးခြားခြား ဟင်းချက်စရာ နာမည်ပေးထားတဲ့ Realme X ရဲ့ Special editions version များ

Realme ဟာ ကုမ္ပဏီရဲ့ ဆယ်လုံးမြောက်ဖုန်းဖြစ်တဲ့ Mid-range ဖုန်း Realme X ကို စတင်မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။

Realme X ဟာဆိုရင် Mid-range ဖုန်းဖြစ်နေပေမယ့် Flagship နဲ့တူတဲ့ Features တွေအများကြီး ပါဝင်နေပါတယ်။ ဒါပေမယ့် ယေဘုယျ ပြောရမယ်ဆိုရင်တော့ တရုတ် ကုမ္ပဏီ ငယ်လေးတစ်ခုက ဈေးသက်သက်သာသာနဲ့ ဖုန်းကောင်းကောင်းတစ်လုံးကို ထုတ်ပိုးရောင်းချလိုက်နိုင်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ အခုလို တန်ဖိုးသင့် အရည်အသွေးမနိမ့်တဲ့ စမတ်ဖုန်းတွေ အခုနှစ်ထဲမှာ ဆက်တိုက်ဆိုသလိုထွက်ရှိနေတာ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီ Realme X စမတ်ဖုန်းမှာတော့ ဟင်းသီးဟင်းရွက်တွေရဲ့ နာမည်တွေကို ယူထားတဲ့ Special editions version တွေထုတ်ထားတာကတော့ နည်းနည်း အံ့အားသင့်စေပါတယ်။

Image result for realme x

အဆိုပါ ကြက်သွန်နီ နဲ့ ဂျင်းကြက်သွန်ဖြူ အမည် ရှိတဲ့ Special Edition နှစ်မျိုးဟာ ပုံမှန် အဖြူနဲ့ အပြာ Models တွေထက်တော့ အနည်းငယ် ဈေးပိုကြီးပါတယ်။ ဒါပေမယ့် ပိုက်ဆံနည်းနည်းလေး ပိုပေးရုံနဲ့ ညစာ စားပွဲမှာ Attention ကောင်းကောင်းရနိုင်ပါတယ်။ (ဟင်းချက်တဲ့ အထဲသာ မှား မထည့်မိဖို့ အရေးကြီးတာ) XD Realme ဟာ သူတို့ရဲ့ Mid-Range ဖုန်းဖြစ်တဲ့ Realme X ကို တရုတ်နိုင်ငံမှာ စတင်ပြီး တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Pop-up selfie camera, In-display fingerprint sensor တွေပါဝင်တဲ့ အဆိုပါ စမတ်ဖုန်းကို အနိမ့်ဆုံး $218 ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Image result for realme x

ပြီးခဲ့တဲ့ နှစ်အတွင်းမှာ Special edition ဖုန်းပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးပြီဆိုပေမယ့် အခုလိုမျိုး အာဟာရ ဖြစ်စေတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ နာမည် ကို သုံးထားတာမျိုးကတော့ တွေးရခက်စေပါတယ်။ သင်ရော Realme ရဲ့ ထူးဆန်းတဲ့ Design တွေကိုသဘောကျပါသလား? ဘယ်လိုထင်မြင်သလဲဆိုတာကို Comment မှာပြောခဲ့ကြပါဦးနော်..

Ref: AndroidAuthority

Related posts
NewsRedmi

Redmi Note 8 Series မှာ Helio G90T Chipset အသုံးပြုလာမယ်လို့ MediaTek ကအတည်ပြု

NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်