fbpx

This is digital planet.

GoogleTech News

ထွက်ရှိလာမယ့် ရက်မတိုင်ခင် Google Pixel 4 နဲ့ Pixel 4 XL တို့ရဲ့ ဈေးနှုန်းများ ပေါက်ကြားလာ

Google ဟာ Pixel 4 series ကို Oct. 15 New York မှာကျင်းပမယ့် Event မှာ မိတ်ဆက်လာဖို့ရှိနေပါတယ်။ မကြာသေးခင်က သတင်းတွေအရ Pixel 4 နဲ့ Pixel 4 XL ဖုန်းတွေအတွက် Specifications တွေ ထွက်ရှိထားပါတယ်။ ဖုန်းထွက်ရှိလာဖို့ တစ်ပတ်လိုတော့တဲ့ အချိန်မှာ Pixel 4 နဲ့ Pixel 4 XL တို့ရဲ့ Canadian ဈေးနှုန်းကို Evan Blass က Shared ခဲ့ပါတယ်။

Google Pixel 4 နဲ့ Pixel 4 XL တို့ရဲ့ဈေးနှုန်း (ကောလဟာလသာ)

Pixel 4 ရဲ့ 64 GB နဲ့ 128 GB editions တို့ဟာ CAD $1,049.95 (~$788) မြန်မာ‌ငွေ ၁၂ သိန်းကျော်နဲ့ CAD $1,199.95 (~$901) မြန်မာငွေ ၁၄ သိန်းနီးပါး အသီးသီးရှိတယ်လို့ Evan Blass က ဖော်ထုတ်ထားပါတယ်။ Pixel 4 XL မှာလည်း 64 GB နဲ့ 128 GB storage editions တွေနဲ့ ထွက်လာဖို့ရှိနေပြီး ဈေးအနေနဲ့ CAD $1,199.95 (~$901) မြန်မာငွေ ၁၄ သိန်းနီးပါးနဲ့ CAD $1359.95 (~$1,048) မြန်မာငွေ ၁၆ သိန်းကျော် အသီးသီးရှိလာနိုင်ပါတယ်။

Google Pixel 4 နဲ့ Pixel 4 XL တို့ရဲ့ Specifications များ (ကောလဟာလသာ)

Pixel 4 မှာ full HD+ resolution ကိုပေးနိုင်မယ့် 5.7-inch OLED display ပါ၀င်လာမှာပါ။ Pixel 4 XL ကတော့ quad HD+ resolution ကိုပေးလာမယ့် ပိုကြီးတဲ့ 6.3-inch OLED display ကိုသုံးလာမှာပါ။ ဖုန်းနှစ်လုံးစလုံးမှာ 90Hz refresh rate နဲ့ Ambient EQ ကို ထောက်ပံ့လာမှာပါ။ (Ambient EQ ဆိုတာ visual experience အသစ်တစ်ခုဖြစ်ပြီး နှောက်ယှက်ခြင်းမရှိတဲ့ Smart Display Experience ကို ဖန်တီးပေးဖို့ color temperature နဲ့ Display ရဲ့ Brightness ကိုထိန်းညှိပေးမှာပါ။)

Pixel 4 မှာ 2,800mAh battery ပါ၀င်လာဖို့ရှိနေပြီး Pixel 4 XL မှာတော့ 3,700mAh battery ကိုအသုံးပြုလာမှာပါ။ ဖုန်းနှစ်လုံးစလုံးမှာ USB -C ကနေ 18W USB-PD fast charging ကိုရရှိလာမှာပါ။ ဖုန်းနှစ်လုံးစလုံးရဲ့ ကျန်တဲ့ အချက်တစ်ချို့ကတော့ ဆင်တူပါတယ်။ Snapdragon 855 mobile platform ကို Pixel 4 နဲ့ Pixel 4 XL မှာ 6GB RAM နဲ့အတူ အသုံးပြုလာမှာပါ။ AI နဲ့ Machine Learning ကို ထောက်ပံပေးမယ့် Neural Core လို့ခေါ်တဲ့ processor ပါ၀င်လာမှာပါ။ ဖုန်းနှစ်လုံးစလုံးမှာ 12-megapixel Dual-Pixel primary lens နဲ့ 16-megapixel telephoto sensor ပါ၀င်တဲ့ dual camera setup ကို တပ်ဆင်လာမှာပါ။ ဖုန်းနှစ်လုံးစလုံးမှာ Android 10 OS ကို ကြိုတင်ထည့်ပေးထားမှာပါ။

Pixel 4 Series မှာ Face Unlock ၊ Motion Sense ၊ Titan M security chip ၊ အာမခံ Security နဲ့ 3 နှစ်အတွက် OS Updates ပေးလာမယ့် Features တွေပါ၀င်လာမှာပါ။ Google အနေနဲ့ Pixel 4 Series နဲ့အတူ Pixel Buds 2 ကိုပါ မိတ်ဆက်လာနိုင်ပါတယ်။ သတင်းတွေအရ Pixel 4 Series ကို Oct. 15 မှာ မိတ်ဆက်လာဖို့ရှိနေပြီး မိတ်ဆက်ပြီးတာနဲ့ ၀ယ်လို့ရဦးမှာမဟုတ်ပါဘူး။

Ref: Gizmochina