fbpx

This is digital planet.

MeizuTech News

ထွက်ပေါ်လာတဲ့ Meizu 16s ရဲ့ သတင်းတစ်ချို့

Meizu ရဲ့ 2019 Flagship ဖုန်းတွေဖြစ်လာမယ့် 16s နဲ့ 16s Plus တို့ရဲ့ ဒီဇိုင်းပုံရိပ်တွေ ထွက်ရှိလာခဲ့ပါပြီ။ ပုံတွေအရ “Quad Bezel-less Display” လို့ Meizu CEO ကိုယ်တိုင် Tease လုပ်ခဲ့တဲ့အတိုင်း အတော့်ကိုပါးလွှာတဲ့ အပေါ်၊ အောက်ဘောင်တွေဟာ Notch တို့၊ Punch Hole Display တို့ကို မနှစ်မြို့သူတွေရဲ့ အကြိုက်ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ Chin ဟာလည်း အရင် Meizu 16th ထက် 1.5mm ပိုသေးသွားမယ်လို့ ဆိုထားပါတယ်။

Display Size အနေနဲ့ Meizu 16s မှာ 6.2”, 16s Plus မှာတော့ 6.76” ကို သုံးလာနိုင်ပြီး 1080p+ AMOLED Display ကိုမှ Gorilla Glass 6 နဲ့ တွဲဖက်ပွဲထွက်လာနိုင်ပါတယ်။ သိရသလောက် 16s ရဲ့ Specification အချို့ကတော့ Snapdragon 855, Sony IMX 586 Sensor နဲ့ OIS ပါဝင်တဲ့ 48 MP Camera, 3600 mAh တို့ ပါဝင်လာမှာပါ။ Wireless Charging ကိုတော့ Meizu အနေနဲ့ထည့်သွင်းမပေးထားဘူးလို့ ကြားသိရပါတယ်။

Weibo ရဲ့ Comment တွေမှာ Meizu CEO ရဲ့ပြောကြားချက်အရ Meizu 16s Series ဟာ April နဲ့ May ကြားမှာ မိတ်ဆက်သွားဖို့ရှိပြီး ဈေးနှုန်းအနေနဲ့ အနိမ့်ဆုံး CNY 3300 (မြန်မာငွေ ၇သိန်းခွဲ)အထက် ကျသင့်မှာပါ။ ဒီတော့ မြန်မာနိုင်ငံကိုရော ရောက်မှာလား၊ ဈေးပိုမြင့်မှာလား စသည်မေးခွန်းတွေနဲ့အတူ စောင့်ကြည့်ကြရမှာပါ။

Ref: Gsmarena