fbpx

This is digital planet.

RealmeRedmiSamsungTech News

ဒီလမှာ Redmi ရဲ့ 64MP Camera အသုံးပြုလာမယ့်ဖုန်း ထွက်ဖို့ရှိနေ

ကမ္ဘာပေါ်မှာ ပထမဦးဆုံး 64MP ဖုန်းကို စတင်ထွက်ရှိဖို့ ပြိုင်ဆိုင်နေခဲ့ရာမှာ Realme က 64 MP ဖုန်း August 8 မှာ ထွက်ရှိမယ်လို့ပြောလိုက်တဲ့အတွက် Realme က အနိုင်ရသွားတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် အဲ့အချက်လေးနဲ့တော့ ဖုန်းကိုထူးခြားမသွားစေပါဘူး။ ပြိုင်ဘက်နဲ့ ပြိုင်မှာသာ ဘယ်ဖုန်းက ပိုသာလဲဆိုတာ သိရမှာပါ။ အဲ့ဒီအတွက် Redmi ရဲ့ 64 MP ဖုန်းဟာ ဒီလထဲမှာပဲ ထွက်ရှိလာတော့မှာပါ။ ရက်အတိအကျတော့မသိရသေးပါဘူး။ Realme ရဲ့ 64MP ဖုန်းထွက်ပြီး မကြာခင်မှာထွက်ရှိဖို့တော့များနေပါတယ်။ အဲ့မတိုင်ခင် ဖုန်းနှစ်လုံးကို ယှဉ်တဲ့ Posts တွေ Videos တွေ တွေ့လာရတော့မှာပါ။

၀ယ်မဲ့သူတွေအနေနဲ့ Realme ရဲ့ 64MP Quad-camera phone ကိုမဝယ်ခင် Redmi Phone ထွက်ရှိလာမှသာ ယှဉ်ကြည့်ပြီးဝယ်သင့်ပါတယ်။ Redmi က အဲ့ 64MP Camera နဲ့ ရိုက်ထားတဲ့ပုံကို Shared ခဲ့ပါသေးတယ်။ Realme လိုပဲ Camera လေးလုံး အသုံးပြုလာနိုင်ပါတယ်။ အဆိုပါဖုန်း Brand နှစ်ခုစလုံးမှာ Samsung ရဲ့ ISOCELL Bright GW1 sensor ကိုပဲအသုံးပြုလာမှာပါ။ ဒါပေမယ့် Sensor ကို အသုံးချပြီး ဘယ်သူက ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Samsung အနေနဲ့လည်း ကိုယ်ပိုင် 64MP Sensor ကိုအသုံးပြုပြီး သူတို့ရဲ့ A Series ဖုန်းအသစ်ကို September နဲ့ October လောက်မှာ မိတ်ဆက်ဖို့ရှိနေပါတယ်။ ကျွန်တော်အထင်တော့ A300, A400, A500 Model တွေဖြစ်ဖို့များပါတယ် :P

Ref: Gizmochina