fbpx

This is digital planet.

Tech NewsXiaomi

Mi 9 နဲ့အတူရောင်းချမယ့် Mi 9 SE

Xiaomi အနေနဲ့ Mi 9 SE ကို March 14 ကတည်းက ရောင်းချဖို့စီစဉ်ခဲ့ပေမယ့် လျာထားထားတဲ့ ပစ္စည်းပမာဏကို အချိန်မှီမထုတ်နိုင်ခဲ့တာကြောင့် ရောင်းချမယ့်ရက်ကို ခုလိုရွှေ့ဆိုင်းခဲ့ရတာပါ။

အခုတော့ Xiaomi CEO Lei Jun က ဒီနေ့မှာ Mi 9 SE ကို စတင်ရောင်းချသွားမယ်လို့ တရားဝင်ကြေငြာပေးခဲ့ပါတယ်။ ဆိုတော့ကာ Mi 9 SE ကို Mi 9 နဲ့အတူ တစ်ချိန်တည်းမှာရောင်းချပေးသွားမယ့် သဘောပါ။ စိတ်မကောင်းစရာအနေနဲ့ ခုချိန်ထိတော့ Transparent Edition ရဲ့ ရောင်းချမယ့်ရက်စွဲသတင်းကို မကြားသိရသေးပါဘူး။

Mi 9 SE new sale date
လေကျွင်းကတော့ Supply Unit နည်းပါးမှုအတွက်မေးခွန်းတွေကို “ပထမ လအတွင်း သူတို့မျှော်မှန်းထားတဲ့ အလုံးရေ ၁သန်းပြည့်အောင် မထုတ်နိုင်ခဲ့ရင် သူကိုယ်တိုင် ထုတ်လုပ်မှုအပိုင်းမှာ ဝင်ကူလုပ်ပေးပါ့မယ်” လို့ ဟာသနှောပြီး ပြောသွားခဲ့ပါတယ်။

Mi 9 နဲ့ယှဉ်ရင် ဝိတ်လျှော့ထားတဲ့အပိုင်းတစ်ချို့ရှိနေပေမယ့် ၅ သိန်းဝန်းကျင်ဈေးတန်းမှာ In-Display Fingerprint, Snapdragon 712, 48 MP ပါဝင်တဲ့ Triple Camera Set-up နဲ့ သူ့ရဲ့ Compact ဖြစ်တဲ့ Design စတာတွေဟာ Mi 9 SE ကို P2P ပိုင်းအရ ကောင်းမွန်တဲ့ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ထားကြပါတယ်။ Mi 9 SE ကို Color ၃ မျိုးနဲ့ ရရှိမှာဖြစ်ပြီး 64 GB Version ကို ¥1999 (မြန်မာငွေ ၅သိန်းဝန်းကျင်)၊ 128 GB Version ကို ¥2299 (မြန်မာငွေ ၅သိန်း ၇သောင်းဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာပါ။

Ref: Gizmochina