fbpx

This is digital planet.

Tech NewsVivo

ဒုတိယမြောက် အပေါက်မပါတဲ့ဖုန်း Vivo Apex 2019

ဒီရက်ပိုင်းကတော့ နှစ်ကူးနဲ့အတူ တရုတ်တွေမြူးတဲ့ကာလလို့ ဆိုရမလားပဲ။ ဒီမနက်ကတင် Huawei ကနေ 5G Interspeed ကို 6.5Gbps အထိထောက်ပံ့နိုင်မယ့် Balong 5000 ဆိုတဲ့ လက်ရှိမှာ စွမ်းအားအမြင့်ဆုံး 5G Modem ကိုကြေငြာခဲ့ပြီး Barcelona မှာကျင်းပမယ့် MWC 2019 မှာ အဲဒီ Modem နဲ့ Kirin 980 ကို တွဲဖက်အသုံးပြုမယ့် Foldable Smartphone ကို ပြသသွားမယ်ဆိုတဲ့သတင်းကြောင့် စိတ်လှုပ်ရှားခဲ့ရတယ်။ သို့ပေမယ့် ဒီကနေ့ရဲ့ အဓိကဇာတ်လိုက်ဖြစ်ခဲ့သူကတော့ Vivo ကနေ မိတ်ဆက်သွားခဲ့တဲ့ Vivo Apex 2019 ဆိုတဲ့ Non-porous Smartphone ပဲ ဖြစ်ပါတယ်။

မနှစ်က MWC မှာ Vivo ကနေ In-Display Fingerprint, Motorised Camera တို့ ပါဝင်တဲ့ Apex ဆိုတဲ့ Concept Phone ကိုပြသပြီး Reviewer တွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့တယ်။ ဒီနှစ်မှာလည်း သူတို့ရဲ့ Design Language နဲ့ ဖန်တီးနိုင်မှုကို MWC မတိုင်ခင်မှာပဲ Vivo Apex 2019 နဲ့အတူ ချပြသွားခဲ့ပါတယ်။ Vivo ရဲ့ခြေလှမ်းကို ရိပ်စားမိပုံပေါ်တဲ့ Meizu က သူတို့ရဲ့ Meizu Zero ကို အရင်ကြေငြာခဲ့ပေမယ့် “What a Real Non-Porous Design Should Be” ဆိုတဲ့ပုံစံနဲ့ အကျောမခံ ဖုန်းအလုံးလိုက်ပါ ချပြသွားခဲ့တာပါ။

Apex 2019 ရဲ့ Body ကို Glass သီးသန့်နဲ့ပြုလုပ်ထားပြီး 3D ဆန်ဆန် ခပ်ခုံးခုံး၊ ခပ်လုံးလုံးဖြစ်အောင် ဖန်တီးထားတယ်။ Meizu Zero နဲ့ယှဉ်ရင် သူ့ရဲ့အားသာချက်က Camer Bump လုံးဝဖုထွက်မနေတာပါ။ ဖျောက်လိုက်ရတဲ့ Phyiscal Button တွေနေရာမှာ Double Sensing Button တွေကိုသုံးထားပြီး Linear Motor နဲ့အတူ Physical Button ဆန်ဆန် Haptic Feedback မျိုးကို ထုတ်လုပ်ပေးမှာပါ။

Image result for vivo apex 2019

Full Screen Fingerprint အိပ်မက်ဟာ Apex 2019 နဲ့အတူ အကောင်အထည်ပေါ်လာခဲ့ပါပြီ။ In-Display Fingerprint ကို Display ရဲ့ ဘယ်နေရာမှာမဆို Unlock လုပ်နိုင်မှာဖြစ်ပြီး လက်နှစ်ချောင်းနဲ့ ပြိုင်တူ Unlock လုပ်နိုင်မယ့် Feature လည်း ပါဝင်မယ်လို့ဆိုပါတယ်။

ပျောက်သွားတဲ့ Speaker, USB စတာတွေနေရာမှာ တုန်ခါမှုကနေ အသံထုတ်လုပ်ပေးမယ့် Screen Sound Technology, Magnetic Charging နဲ့ အားသွင်းနိုင်မယ့် ဖုန်းရဲ့ကျောဘက်မှာထည့်သွင်းထားတဲ့ Metal Bump စတာတွေနဲ့ အစားထိုးအသုံးပြုထားပါတယ်။ Vivo အနေနဲ့ Apex 2019 မှာပါဝင်မယ့် Magnetic Charging Accessory ကို Data Transfer အတွက်ပါ သုံးနိုင်မယ်လို့ ဆိုပါတယ်။

Image result for vivo apex 2019

အစောပိုင်းက Motorised Selfie Camera ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် ပွဲမှာပြသခဲ့တဲ့ Unit တွေမှာတော့ Selfie Camera ကို မတွေ့မြင်ခဲ့ရသလို Camera Specs နဲ့ပတ်သက်ပြီး ထည့်သွင်းကြေငြာသွားခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် IP Rating နဲ့ပတ်သက်ပြီးတော့လည်း မှတ်ချက်မပေးသွားခဲ့ပါဘူး။

Snapdragon 855 ကို အသုံးပြုလာမယ့် ဒီဖုန်းဟာ Vivo ရဲ့ ပထမဆုံး 5G Smartphone ဖြစ်လာနိုင်ပြီး Storage အနေနဲ့ 512GB ကို 12GB RAM အထိ ပါဝင်လာဖို့ရှိနေပါတယ်။ လက်ရှိပြသသွားခဲ့တဲ့ Unit ဟာ မနှစ်ကလိုပဲ Functional Concept Unit ဖြစ်ဖို့များပြီး MWC အမှီ ပြသနိုင်ဖို့ကို အဓိကရည်ရွယ်ခဲ့ပုံရပါတယ်။ ဒါပေမယ့် နောက်ပိုင်းကာလမှာတော့ Final Product ကို Mass Production နဲ့ ရောင်းချသွားနိုင်ခြေရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published.