fbpx

This is digital planet.

HuaweiTech News

ဒေါ် လာ 2,400 နဲ့ထွက်ရှိလာတဲ့ Huawei ရဲ့ Mate X Foldable Phone

သင်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Foldable ဖုန်းတွေရဲ့ ခေတ်ကတော့ ရောက်လာတော့မှာပါ။ Motorola ကနေ သူတို့ရဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ Foldable Razr ကို မိတ်ဆက်ပြီး ရက်အနည်းငယ်အကြာမှာ Huawei ဟာ သူတို့ရဲ့ ပထမဆုံး Foldable ဖုန်း Mate X ကို
ထုတ်ခဲ့ပါတယ်။ သို့သော်လည်း ဖုန်းဟာ Google Apps တွေမပါဘဲ တရုတ်မှာသာ ရောင်းချထားပါတယ်။ US Ban ကြောင့် Huawei အနေနဲ့ Google apps တွေသုံးဖို့ ပိတ်ပင်ခံထားရတာမလို့ နိုင်ငံတစ်ကာကို ဖြန့်ချီဖို့ကတော့ မသေချာသေးပါဘူး။

Huawei ဟာ Mate X ကို February တုန်းကကျင်းပတဲ့ Mobile World Congress မှာ စတင်မိတ်ဆက်ပွဲထုတ်ခဲ့ပါတယ်။ အဲ့ပွဲမှာပဲ Samsung ဟာလည်း Galaxy Fold ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဖုန်းနှစ်လုံးစလုံမှာ တူညီတဲ့ Cases တွေရှိပါတယ်။ ဒါပေမယ့် Huawei ရဲ့ Design ဟာ အပြင်ဘက်ကို တစ်ခါတည်း ခေါက်လို့ရတဲ့ Screen ပဲဖြစ်ပါတယ်။ Galaxy Fold မှာတော့ အတွင်းဘက်ကိုခေါက်လို့ရတဲ့ ကြီးမားတဲ့
Screen နဲ့ အပြင်ဘက်မှာ သေးငယ်တဲ့ screen တစ်ခုပါ၀င်ထားပါတယ်။ Mate X ဟာပို ဆွဲဆောင်မှုရှိပြီး ပိုသပ်ရပ်တဲ့ Hardware ရှိပါတယ်။ ဒါပေမယ့် Durable ဖြစ်လားဆိုတာတော့ မသိရသေးပါဘူး။

Samsung ဟာ ဒီနှစ်အစောပိုင်းတုန်းက Review Unit တွေမအောင်မြင်တဲ့အတွက် Galaxy Fold ထုတ်ဖို့ အချိန်ရွေ့ဆိုင်းခဲ့ပါတယ်။ အဲ့အချိန်မှာ Huawei ဟာလည်း သူတို့ရဲ့ ကိုယ်ပိုင် Foldable ဖုန်းကို ထုတ်‌ေရာင်းဖို့ အစီအစဉ်တွေကို ခဏရပ်ပြီး အချိန်တွေ ရွေ့ဆိုင်းခဲ့ပါတယ်။ Samsung ဟာ Fold ကို Design ပြန်ပြင်ပို့ လအနည်းငယ် အချိန်ယူခဲ့ပြီး အခု နောက်ဆုံး Product ဟာ ပိုပြီးနုနေတဲ့ပုံမှာရှိနေပါတယ်။ Mate X ရဲ့ရှေ့ဘက်မှာ 6.6-inch display ရှိပြီး နောက်ဘက်မှာ 6.38-inch display ရှိပါတယ်။ဖုန်းကို ခေါက်ထားရာမှ ဖွင့်လိုက်ရင် 8-inch OLED Display ရှိလာပါတယ်။ Screen ဟာ Plastic ဖြစ်တဲ့အတွက် ခေါက်ထားတဲ့ အခြေအနေမှာ Galaxy Fold လို မဟုတ်ပဲ ပိုထိခိုက်လာနိုင်ပါတယ်။

Huawei ဟာ Mate X မှာ US Technology ကို အသုံးပြုထားခြင်းမရှိပါဘူး။ သူ့မှာ Huawei ရဲ့ ကုမ္ပဏီခွဲ HiSilicon ကနေ Design လုပ်ထားတဲ့ Kirin ARM chip ကို run ထားပါတယ်။ Mate X မှာအသစ်စက်စက် Balong 5000 5G modem ကို ထည့်ပေးထားတဲ့အတွက် ဖုန်းဟာ ပထမဆုံး 5G foldable ဖုန်းဖြစ်လာပါတယ်။ ဖုန်းရဲ့တစ်ခြား Specifications တွေမှာ 8GB RAM ၊ 512GB storage နဲ့ 55W charging ရတဲ့ 4,500mAh battery တို့ပါ၀င်ထားပါတယ်။

Huawei ဟာ US Commerce Department ရဲ့ Entity List မှာရှိနေသေးတဲ့အတွက် US ကုမ္ပဏီတွေကနေ နည်းပညာတွေ license ယူဖို့ ပိတ်ပင်ခံထားရတုန်းပါ။ US အစိုးအနေနဲ့ တစ်ချို့သော ကုမ္ပဏီတွေကို US Ban ကနေ ကင်းလွတ်ပေးဖို့ ထုတ်ပြန်ရန်ရှိနေသော်လည်း Huawei ဟာ US နဲ့ အဆင်မပြေသေးပါဘူး။ အဲ့အတွက် Mate X မှာ Google apps တွေမပါ၀င်ခဲ့ပါဘူး။ ဒါပေမယ့် တရုတ်မှာ Google Apps တွေမရှိတဲ့အတွက် တရုတ်မှာပဲ Mate X ကို ၀ယ်လို့ရမှာပါ။ Huawei ကတော့ Mate X ကို ကြီးမားတဲ့ဈေး 16,999 yuan ($2,400) နဲ့စတင်ရောင်းချခဲ့ပြီး တစ်ချို့ Websites တွေမှာ ‌ပစ္စည်းရောင်းကုန်းသွားပြီလို့ သတင်းပို့ထားပါတယ်။

Ref: Extremetech