fbpx

This is digital planet.

ArticlesPhotography

ဓာတ္ပံုလွလွရိုက္ၾကမယ္

Zawgyi

လွပေကာင္းမြန္တဲ့ဓာတ္ပံုတစ္ပံုရႏိုင္ဖို႔ဆိုတာ အသံုးျပဳတဲ့ Camera ေကာင္းရံုေလာက္နဲ႔ မလံုေလာက္ပါဘူး။ Camera ရဲ႕ေနာက္ကြယ္က ရိုက္ကူးသူရဲ႕ ကၽြမ္းက်င္မွု၊ ဖန္တီးႏိုင္စြမ္းေပၚမွာလည္း အမ်ားၾကီးမူတည္ေနပါတယ္။ ဆိုေတာ့ကာ ကိုယ့္မွာရွိတဲ့ Smartphone Camera က အေကာင္းၾကီးမဟုတ္လို႔ဆိုျပီး အားငယ္ေနစရာမလိုပါဘူး။ ေအာက္မွေျပာျပေပးမယ့္ အလြယ္ကူဆံုးအေျခခံနည္းလမ္းေတြကို လိုက္နာရံုနဲ႔ ကိုယ့္ပိုင္ဆိုင္ထားတဲ့ Camera ရဲ႕ အေကာင္းဆံုးအရည္အေသြးေတြကို ထုတ္ယူႏိုင္မွာပါ။

Image result for clean phone camera lens

– Camera Lens ကို သန္႔ရွင္းေအာင္ထားပါ

ရုတ္တရက္စဥ္းစားရင္ ဘာမွမဟုတ္တဲ့အခ်က္ေလးဆိုေပမယ့္ ၾကည္လင္ျပတ္သားတဲ့ ဓာတ္ပံုရႏိုင္ဖို႔ ကိုယ့္ရဲ႕ Camera မွန္ေပၚမွာ ဖုန္၊ ေခၽြးနဲ႔ အဆီေတြ ေပကပ္မေနဖို႔ အေရးၾကီးပါတယ္။ ျပီးေတာ့ Camera မွန္ကို သုတ္တဲ့အခါမွာလည္း ေတြ႕ကရာနဲ႔ဖိသုတ္မယ့္အစား မ်က္မွန္သုတ္တဲ့အ၀တ္လို ႏူးညံ့သန္႔ရွင္းတဲ့အ၀တ္မ်ိဳးကို သံုးရင္ ပိုအဆင္ေျပပါလိမ့္မယ္။

Image result for mobile camera

– လက္ႏွစ္ဖက္လံုးကို သံုးပါ

အေပၚ၊ ေအာက္ ေခါင္းစဥ္ႏွစ္ခုေၾကာင့္ ဒီ Article က သင့္ကို ဂ်င္းသိပ္ေနျပီလို႔ခံစားရပါသလား? (Selfie ကလြဲရင္) လက္တစ္ဖက္တည္းနဲ႔ ျပီးစလြယ္ရိုက္တဲ့ပံုေတြဟာ Camera ကို ပိုမိုလွဳပ္ခါေစႏိုင္လို႔ ပံုရိပ္ေ၀၀ါးတာေတြ၊ မညီညာတာေတြကိုျဖစ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ Image Stabilization မပါတဲ့ Camera ေတြမွာ ပိုသိသာတယ္။ ဆိုေတာ့ကာ လက္ႏွစ္ဖက္နဲ႔ ေသခ်ာကိုင္ျပီး လက္မ(သို႔) လက္ညိဳးနဲ႔ေသခ်ာေထာက္ရိုက္ပါ။ လက္မျငိမ္ဘူးလို႔ခံစားရရင္ တစ္ခုခုေပၚမွာ လက္ကိုေသခ်ာေထာက္ျပီးရိုက္တာ၊ ေျပျပစ္တဲ့မ်က္ႏွာျပင္တစ္ခုခုေပၚမွာ Camera ကို တင္ျပီးရိုက္ကူးပါ။

Image result for mobile photography

– အလင္းနဲ႔ ပူးေပါင္းပါ

ကိုယ္ရိုက္ခ်င္တဲ့ျမင္ကြင္းေပၚ အလင္းရဲ႕လားရာကို သိျမင္တတ္ျခင္းဟာလည္း ဓာတ္ပံုေကာင္းရႏိုင္ဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ အလင္းလာရာဘက္ကို မ်က္ႏွာခ်င္းဆိုင္ထားျပီးရိုက္ကူးျခင္းဟာ ကိုယ္ရိုက္ခ်င္တဲ့ Object ကို အလင္းလံုေလာက္ေအာင္မေရာက္တာ၊ ေနာက္ခံရွဳခင္းေတြမွာ အလင္းမ်ားျပီး ျဖဴကုန္တာ (Light Burn) ေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဓာတ္ပံုရိုက္ခ်ိန္တိုင္းမွာ အလင္းဟာ ကိုယ့္ဘက္မွာ ရွိေနပါေစ။

Related image

– ေဘာင္ခတ္တတ္ပါေစ

ဓာတ္ပံုပညာဆိုတာ က်ယ္ေျပာလွတဲ့ ပတ္၀န္းက်င္ကေန ကိုယ္လိုခ်င္တဲ့ အစိတ္အပိုင္းတစ္ခုကို ေဘာင္ခတ္သိမ္းဆည္းျခင္းတစ္မ်ိဳးပါပဲ။ ေလာဘၾကီးျပီး မလိုအပ္၊ မလွပတဲ့အရာေတြကို ေဘာင္ထဲအတင္းဆြဲသြင္းျခင္းဟာ ဓာတ္ပံုရဲ႕အလွတရားကို ထိခိုက္ေစပါတယ္။

ဥပမာ – လူတစ္ေယာက္ရဲ႕မ်က္ႏွာအမူအရာဟန္ပန္ကိုဖမ္းယူဖို႔ သူ႕ခႏၶာကိုယ္ တစ္ခုလံုးပါေအာင္ အတင္းရုိက္ယူဖို႕မလိုအပ္ပါဘူး။ အဓိကကိုယ္လိုခ်င္တဲ့အရာကို ေပၚလြင္ေအာင္ ဦးစားေပးရိုက္ကူးသင့္ပါတယ္။

Image result for shot on pixel 2

– ေဘာင္ထဲကေဘာင္မ်ား

လူ၊ အရာ၀တၳဳ စတာေတြကို အသားေပးရိုက္ကူးတဲ့အခါမွာ တံခါး၊ ျပတင္းေပါက္တို႔လို ေလးေထာင့္ဆန္တဲ့အရာေတြ၊ အ၀ိုင္းဆန္တဲ့အရာေတြ စတာေတြကို ေနာက္ခံထားရိုက္ျခင္းအားျဖင့္ ဓာတ္ပံုကို ရုပ္လံုးပိုေပၚေစျပီး ကိုယ္ရိုက္ခ်င္တဲ့ Object ကိုလည္း ပုိျပီး ထင္သာျမင္သာေစပါတယ္။ အႏုပညာလည္း ပိုေျမာက္ေစတာေပါ့။

 

– Rule of Odds (မ ဂဏန္းမ်ား)

ကိုယ္ရိုက္ခ်င္တဲ့ အရာ၀တၳဳေတြကို (၁၊ ၃၊ ၅ စသည္ျဖင့္) မ ဂဏန္းျဖစ္ေအာင္ ထားရိုက္တာက ၾကည့္ရတာ မ်က္စိပသာဒ ပိုျဖစ္ေစပါတယ္။ (အတြဲေတြကို မဆိုလိုပါ)

– Camera ေပၚက Gridline မ်ား

Smartphone Camera အေတာ္မ်ားမ်ားရဲ႕ Camera Setting မွာ Gridline ေတြ ေဖာ္ျပေပးတဲ့ Option ပါ၀င္ပါတယ္။ Gridline Type အမ်ိဳးမ်ိဳးမွာ သံုးရအလြယ္ဆံုးကေတာ့ 3×3 ပါ။ ဒါဆိုဘာေၾကာင့္ Gridline ေတြ သံုးရသလဲ? သူ႔ကိုသံုးျခင္းအားျဖင့္ရႏိုင္မယ့္ေကာင္းက်ိဳးေတြရွိေနတာေၾကာင့္ပါ။

Image result for rule of thirds photography

1. Rule of Thirds

အလြယ္ဆံုးေျပာရရင္ Rule of Thirds ဆိုတာ ကိုယ္လိုခ်င္တဲ့ပံုရိပ္ေတြကို ဟန္ခ်က္ညီညီရိုက္ႏို္င္ဖို႔သံုးတဲ့ လူသိအမ်ားဆံုး စည္းမ်ဥ္းတစ္ခုပါ။ အေပၚမွာေျပာခဲ့တဲ့ 3×3 Gridline မွာ မ်ဥ္းႏွစ္ေၾကာင္းဆံုးတဲ့အမွတ္ ၄ ခုကို Golden Points လို႔ ေခၚပါတယ္။ ေလ့လာခ်က္ေတြအရ ဓာတ္ပံုတစ္ပံုေပၚမွာ အဲဒီအမွတ္ေနရာေတြဟာ ၾကည့္ရွဳသူရဲ႕အာရံုစိုက္မွဳကို အမ်ားဆံုးရတဲ့ေနရာေတြလို႔ ဆုိထားပါတယ္။ ဒီေတာ့ ကိုယ္ရိုက္ခ်င္တဲ့ျမင္ကြင္းေပၚက အသားေပးေဖာ္ျပခ်င္တဲ့ Object ေတြကို အဲဒီအမွတ္ေတြထဲက ၁ မွတ္၊ ဒါမွမဟုတ္ ၂ မွတ္အထိ ပါေအာင္ရိုက္ကူးျခင္းအားျဖင့္ ပိုျပီးစိတ္၀င္စားဖို႔ေကာင္းတဲ့ပံုေတြကို ရႏိုင္မွာပါ။

Image result for Symmetry photography

2. Symmetry (အခ်ိဳးညီညာမွု)

3×3 Gridline မွာပါတဲ့မ်ဥ္းေၾကာင္းေတြဟာ ကိုယ္ရိုက္ခ်င္တဲ့ျမင္ကြင္းေပၚက မ်ဥ္းေျဖာင့္ဆန္တဲ့အရာေတြကို ဓာတ္ပံုေပၚမွာညီညာေနေအာင္ အေထာက္အကူေပးႏိုင္ပါတယ္။ ဥပမာ အေဆာက္အဦးေတြ၊ ေတာင္တန္းလိုရွဳခင္းေတြကို တိမ္းေစာင္းမေနပဲ တစ္ညီတစ္ညာတည္းျဖစ္ေအာင္ Gridline ေတြကို အသံုးျပဳျပီး ခ်ိန္ညွိရိုက္ကူးႏိုင္ပါတယ္။

အေပၚမွာေဖာ္ျပခဲ့တဲ့အခ်က္ေလးေတြဟာ အရမ္းမခက္ခဲပဲ အေထာက္အကူျဖစ္ေစႏိုင္တာမို႔ သတိထားလိုက္နာရင္း အရင္ကထက္ ကိုယ့္ရဲ႕ Smartphone Camera ေတြကို အေကာင္းဆံုးအသံုးခ်ရင္း ပိုမိုေကာင္းမြန္တဲ့ဓာတ္ပံုေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစဗ်ား။

Htet Oo Naing 

Unicode

ဓာတ်ပုံလှလှရိုက်ကြမယ်

လှပကောင်းမွန်တဲ့ဓာတ်ပုံတစ်ပုံရနိုင်ဖို့ဆိုတာ အသုံးပြုတဲ့ Camera ကောင်းရုံလောက်နဲ့ မလုံလောက်ပါဘူး။ Camera ရဲ့နောက်ကွယ်က ရိုက်ကူးသူရဲ့ ကျွမ်းကျင်မှု၊ ဖန်တီးနိုင်စွမ်းပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ ဆိုတော့ကာ ကိုယ့်မှာရှိတဲ့ Smartphone Camera က အကောင်းကြီးမဟုတ်လို့ဆိုပြီး အားငယ်နေစရာမလိုပါဘူး။ အောက်မှပြောပြပေးမယ့် အလွယ်ကူဆုံးအခြေခံနည်းလမ်းတွေကို လိုက်နာရုံနဲ့ ကိုယ့်ပိုင်ဆိုင်ထားတဲ့ Camera ရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ထုတ်ယူနိုင်မှာပါ။

Image result for clean phone camera lens

– Camera Lens ကို သန့်ရှင်းအောင်ထားပါ

ရုတ်တရက်စဉ်းစားရင် ဘာမှမဟုတ်တဲ့အချက်လေးဆိုပေမယ့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံရနိုင်ဖို့ ကိုယ့်ရဲ့ Camera မှန်ပေါ်မှာ ဖုန်၊ ချွေးနဲ့ အဆီတွေ ပေကပ်မနေဖို့ အရေးကြီးပါတယ်။ ပြီးတော့ Camera မှန်ကို သုတ်တဲ့အခါမှာလည်း တွေ့ကရာနဲ့ဖိသုတ်မယ့်အစား မျက်မှန်သုတ်တဲ့အဝတ်လို နူးညံ့သန့်ရှင်းတဲ့အဝတ်မျိုးကို သုံးရင် ပိုအဆင်ပြေပါလိမ့်မယ်။

Image result for mobile camera

– လက်နှစ်ဖက်လုံးကို သုံးပါ

အပေါ်၊ အောက် ခေါင်းစဉ်နှစ်ခုကြောင့် ဒီ Article က သင့်ကို ဂျင်းသိပ်နေပြီလို့ခံစားရပါသလား? (Selfie ကလွဲရင်) လက်တစ်ဖက်တည်းနဲ့ ပြီးစလွယ်ရိုက်တဲ့ပုံတွေဟာ Camera ကို ပိုမိုလှုပ်ခါစေနိုင်လို့ ပုံရိပ်ေ၀ဝါးတာတွေ၊ မညီညာတာတွေကိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် Image Stabilization မပါတဲ့ Camera တွေမှာ ပိုသိသာတယ်။ ဆိုတော့ကာ လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး လက်မ(သို့) လက်ညိုးနဲ့သေချာထောက်ရိုက်ပါ။ လက်မငြိမ်ဘူးလို့ခံစားရရင် တစ်ခုခုပေါ်မှာ လက်ကိုသေချာထောက်ပြီးရိုက်တာ၊ ပြေပြစ်တဲ့မျက်နှာပြင်တစ်ခုခုပေါ်မှာ Camera ကို တင်ပြီးရိုက်ကူးပါ။

Image result for mobile photography

– အလင်းနဲ့ ပူးပေါင်းပါ

ကိုယ်ရိုက်ချင်တဲ့မြင်ကွင်းပေါ် အလင်းရဲ့လားရာကို သိမြင်တတ်ခြင်းဟာလည်း ဓာတ်ပုံကောင်းရနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ အလင်းလာရာဘက်ကို မျက်နှာချင်းဆိုင်ထားပြီးရိုက်ကူးခြင်းဟာ ကိုယ်ရိုက်ချင်တဲ့ Object ကို အလင်းလုံလောက်အောင်မရောက်တာ၊ နောက်ခံရှုခင်းတွေမှာ အလင်းများပြီး ဖြူကုန်တာ (Light Burn) တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ချိန်တိုင်းမှာ အလင်းဟာ ကိုယ့်ဘက်မှာ ရှိနေပါစေ။

Related image

– ဘောင်ခတ်တတ်ပါစေ

ဓာတ်ပုံပညာဆိုတာ ကျယ်ပြောလှတဲ့ ပတ်ဝန်းကျင်ကနေ ကိုယ်လိုချင်တဲ့ အစိတ်အပိုင်းတစ်ခုကို ဘောင်ခတ်သိမ်းဆည်းခြင်းတစ်မျိုးပါပဲ။ လောဘကြီးပြီး မလိုအပ်၊ မလှပတဲ့အရာတွေကို ဘောင်ထဲအတင်းဆွဲသွင်းခြင်းဟာ ဓာတ်ပုံရဲ့အလှတရားကို ထိခိုက်စေပါတယ်။

ဥပမာ – လူတစ်ယောက်ရဲ့မျက်နှာအမူအရာဟန်ပန်ကိုဖမ်းယူဖို့ သူ့ခန္ဓာကိုယ် တစ်ခုလုံးပါအောင် အတင်းရိုက်ယူဖို့မလိုအပ်ပါဘူး။ အဓိကကိုယ်လိုချင်တဲ့အရာကို ပေါ်လွင်အောင် ဦးစားပေးရိုက်ကူးသင့်ပါတယ်။

Image result for shot on pixel 2

– ဘောင်ထဲကဘောင်များ

လူ၊ အရာဝတ္ထု စတာတွေကို အသားပေးရိုက်ကူးတဲ့အခါမှာ တံခါး၊ ပြတင်းပေါက်တို့လို လေးထောင့်ဆန်တဲ့အရာတွေ၊ အဝိုင်းဆန်တဲ့အရာတွေ စတာတွေကို နောက်ခံထားရိုက်ခြင်းအားဖြင့် ဓာတ်ပုံကို ရုပ်လုံးပိုပေါ်စေပြီး ကိုယ်ရိုက်ချင်တဲ့ Object ကိုလည်း ပိုပြီး ထင်သာမြင်သာစေပါတယ်။ အနုပညာလည်း ပိုမြောက်စေတာပေါ့။

– Rule of Odds (မ ဂဏန်းများ)

ကိုယ်ရိုက်ချင်တဲ့ အရာဝတ္ထုတွေကို (၁၊ ၃၊ ၅ စသည်ဖြင့်) မ ဂဏန်းဖြစ်အောင် ထားရိုက်တာက ကြည့်ရတာ မျက်စိပသာဒ ပိုဖြစ်စေပါတယ်။ (အတွဲတွေကို မဆိုလိုပါ)

– Camera ပေါ်က Gridline များ

Smartphone Camera အတော်များများရဲ့ Camera Setting မှာ Gridline တွေ ဖော်ပြပေးတဲ့ Option ပါဝင်ပါတယ်။ Gridline Type အမျိုးမျိုးမှာ သုံးရအလွယ်ဆုံးကတော့ 3×3 ပါ။ ဒါဆိုဘာကြောင့် Gridline တွေ သုံးရသလဲ? သူ့ကိုသုံးခြင်းအားဖြင့်ရနိုင်မယ့်ကောင်းကျိုးတွေရှိနေတာကြောင့်ပါ။

Image result for rule of thirds photography

1. Rule of Thirds

အလွယ်ဆုံးပြောရရင် Rule of Thirds ဆိုတာ ကိုယ်လိုချင်တဲ့ပုံရိပ်တွေကို ဟန်ချက်ညီညီရိုက်နိုင်ဖို့သုံးတဲ့ လူသိအများဆုံး စည်းမျဉ်းတစ်ခုပါ။ အပေါ်မှာပြောခဲ့တဲ့ 3×3 Gridline မှာ မျဉ်းနှစ်ကြောင်းဆုံးတဲ့အမှတ် ၄ ခုကို Golden Points လို့ ခေါ်ပါတယ်။ လေ့လာချက်တွေအရ ဓာတ်ပုံတစ်ပုံပေါ်မှာ အဲဒီအမှတ်နေရာတွေဟာ ကြည့်ရှုသူရဲ့အာရုံစိုက်မှုကို အများဆုံးရတဲ့နေရာတွေလို့ ဆိုထားပါတယ်။ ဒီတော့ ကိုယ်ရိုက်ချင်တဲ့မြင်ကွင်းပေါ်က အသားပေးဖော်ပြချင်တဲ့ Object တွေကို အဲဒီအမှတ်တွေထဲက ၁ မှတ်၊ ဒါမှမဟုတ် ၂ မှတ်အထိ ပါအောင်ရိုက်ကူးခြင်းအားဖြင့် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ပုံတွေကို ရနိုင်မှာပါ။

Image result for Symmetry photography

2. Symmetry (အချိုးညီညာမှု)

3×3 Gridline မှာပါတဲ့မျဉ်းကြောင်းတွေဟာ ကိုယ်ရိုက်ချင်တဲ့မြင်ကွင်းပေါ်က မျဉ်းဖြောင့်ဆန်တဲ့အရာတွေကို ဓာတ်ပုံပေါ်မှာညီညာနေအောင် အထောက်အကူပေးနိုင်ပါတယ်။ ဥပမာ အဆောက်အဦးတွေ၊ တောင်တန်းလိုရှုခင်းတွေကို တိမ်းစောင်းမနေပဲ တစ်ညီတစ်ညာတည်းဖြစ်အောင် Gridline တွေကို အသုံးပြုပြီး ချိန်ညှိရိုက်ကူးနိုင်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့အချက်လေးတွေဟာ အရမ်းမခက်ခဲပဲ အထောက်အကူဖြစ်စေနိုင်တာမို့ သတိထားလိုက်နာရင်း အရင်ကထက် ကိုယ့်ရဲ့ Smartphone Camera တွေကို အကောင်းဆုံးအသုံးချရင်း ပိုမိုကောင်းမွန်တဲ့ဓာတ်ပုံတွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျား။

Htet Oo Naing

Image from Internet

Source