fbpx

This is digital planet.

GoogleTech News

နမ်းနေတဲ့ အချိန်မှာ ဓာတ်ပုံရိုက်ပေးနိုင်မဲ့ Google Pixel 3 ရဲ့ Photobooth Feature အသစ်

The Kissing Booth ဆိုတဲ့ ရိုမန်တစ် ဇာတ်ကားလေး ကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဇာတ်ကားထဲမှာ ကျောင်းရန်ပုံငွေ အတွက် မင်းသမီးက Kissing Booth ဆိုတဲ့ ယာယီမဏ္ဍပ်ကလေးထောင်ရင် မင်းသားနဲ့ ကြိုက်သွားတဲ့ ရုပ်ရှင်လေးပါ မကြည့်ရသေးရင် ကြည့်ကြည့်ပါလို့ :P ။

ဟုတ်ပြီ သတင်း က အခုမှစမှာပါ Google ရဲ့ အင်ဂျင်နီယာတွေ အနေနဲ့ အဆိုပါ ရုပ်ရှင် ဇာတ်ကားကိုကြည့်ပြီး အိုင်ဒီယာ အသစ်တစ်ခု ရရှိခဲ့ဟန်ရှိပါတယ်။ ဒါကြောင့် Google အနေနဲ့ နောက်ဆုံးထွက် Pixel 3 ဖုန်းတွေမှာ Photobooth ဆိုတဲ့ mode အသစ်တစ်ခုကိုစတင်မိတ်ဆက်ပေးမိတ်ဆက်ပေးလိုက်ပြီးဖြစ်ပါတယ်။

ဒီ Feature ရဲ့အလုပ်လုပ်ပုံကတော့ သင်အနေနဲ့ တစ်စုံတစ်ယောက်ကို နမ်း လိုက်တဲ့ အချိန်မှာ Google AI ကင်မရာ က သိပြီး အလိုအလျောက်ဓာတ်ပုံရိုက်ကူးပေးလိုက်မဲ့ Feature ဖြစ်ပါတယ်။ ဒီ Mode အသစ်မှာတော့ ကင်မရာ အသင့် အနေအထားရှိဖို့လိုအပ်ပြီး ကောင်းမွန်တဲ့ မျက်နာအမှုအရာရှိတာနဲ့ တပြိုက်နက် အလိုအလျောက်ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။

Google အနေနဲ့ မျက်နာအမူအရာ မျိူးစုံကို ပိုမိုမှတ်သားနိုင်ဖို့အတွက် AI camera ကိုအဆင့်မြင့်ပေးထားပြီး နမ်းနေတဲ့အချိန်မှာ MobileNets ကိုအသုံးပြုပြီး ကျွမ်းကျင်စွာ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒီ Photobooth က နမ်းနေတဲ့အချိန်ပဲအသုံးဝင်တာမဟုတ်ပဲ သူငယ်ချင်းများနှင့် Selfie ဆွဲတဲ့အခါ အားလုံး Ready ဖြစ် ငြိမ်သက်နေတဲ့အခါ အလိုအလျောက်ရိုက်ပေးသလို တစ်ယောက်ထဲ Selfie ဆွဲဖို့ ပြုံးတဲ့အခါမှာလဲ အလိုလိုရိုက်ပေးပါတယ်။


သင်ဟာ Google Pixel 3 ကိုင်ဆောင်ထားတဲ့သူဆိုရင်တော့ Camera app ထဲက More ထဲမှာ Photobooth mode အသစ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ Photobooth Mode အသစ်ကိုတော့ လက်ရှိအချိန်မှာ Pixel 3 မှာပဲရရှိဦးမှာဖြစ်ပြီး Google အနေနဲ့နောက်ပိုင်းမှာ အခြား Pixel model တွေအပြင် အခြား Andriod ဖုန်းတွေအတွက်လည်းမိတ်ဆက်ပေးဖွယ်ရှိပါတယ်။

Ref: GSMArena

Photos: Internet & Google AI Blog