fbpx

This is digital planet.

realmeTech News

နှစ်သစ်မှာ ပွဲဆူအောင်လုပ်လိုက်တဲ့ Realme

ခုချိန်မှာ Realme လို့ပြောလိုက်ရင် Xiaomi ရဲ့ အနီးဆုံးပြိုင်ဘက်၊ Smartphone နယ်ပယ်မှာ ကာလတိုအတွင်း အတိုးတက်ဆုံး P2P Brand အဖြစ် လူသိများနေပါပြီ။ အထူးသဖြင့် Feature အတော်အသင့်စုံလင်တဲ့၊ Stable ဖြစ်တဲ့၊ MIUI ထက် အားသာချက်ဖြစ်ခဲ့တဲ့ Ads (ကြော်ငြာ) တွေမပါတဲ့အချက်တွေက သူ့ရဲ့ Color OS ကို Fan တွေအကြိုက်တွေ့စေခဲ့တယ်။ ဒါပေမယ့် အဲဒီအားသာချက်ကို ဆုံးရှုံးရနိုင်တဲ့ အခြေအနေတစ်ခုတော့ ပေါ်လာခဲ့ပြီဆိုရမှာပဲ။

Realme ရဲ့ Forum မှာ တက်လာတဲ့ နှစ်ကူးသတင်းအရ 2020 မှာ Realme ရဲ့ Color OS ပေါ် ကြော်ငြာတွေထည့်သွင်းတော့မယ်လို့ တရားဝင်ကြေငြာသွားခဲ့ပါတယ်။ ဒါကို Realme က Fan တွေအတွက် Benefit တစ်ခုအဖြစ် ရည်ညွှန်းထားတာပါ။ သူတို့ကြေငြာချက်အရ Ads တွေကို Color OS ရဲ့ Phone Manager App နဲ့ Apk Install လုပ်ပြီးချိန် Security Check လုပ်ပေးတဲ့ အဲဒီ ၂ နေရာမှာ ပြသသွားမှာဖြစ်ပြီး User Privacy နဲ့ Data တွေကို ထိခိုက်မှုမရှိစေရဘူးလို့တော့ အာမခံထားတယ်။

တကယ်လို့ အဲဒီ Ads တွေကို သဘောမကျခဲ့ရင်တော့ Additional Setting ထဲက Content Recommendation ထဲမှာ ဝင်ပိတ်ခွင့်ပေးသွားပါမယ် တဲ့။ ဆိုေတာ့Color OS 6 နဲ့အထက်သုံးတဲ့ Realme ဖုန်းတိုင်းမှာ ဒီ Service ပါလာတော့မှာဖြစ်ပြီး ရက်အတိအကျကိုတော့ Realme က မထုတ်ပြန်ထားသေးပါဘူး။ Hardware Specification ကောင်းကောင်းကို စျေးတန်နိုင်သမျှတန်အောင် အပြိုင်ကြိုးစားနေတဲ့ P2P စျေးကွက်မှာ Ads တွေဟာ Company ဘက်ကကြည့်ရင် ရေရှည်ရပ်တည်ဖို့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပေမယ့် Ads တွေနဲ့ပတ်သက်ရင် မနှစ်မြို့တဲ့၊ ကိုယ့် Privacy ကို အထိခိုက်မခံချင်တဲ့သူတွေတွက်တော့ သတင်းကောင်းလို့ မဆိုသာပါဘူး။

Ref: Android Police