fbpx

This is digital planet.

AppleTech News

နှစ်သစ်မှာ Imagination Technologies နဲ့ ပြန်လည်ပူးပေါင်းလက်တွဲလိုက်တဲ့ Apple

UK နိုင်ငံ အခြေဆိုက်ဖြစ်တဲ့ iPhone နဲ့ iPad တွေအတွက်လည်း Graphic Processor ထောက်ပံပေးဘူးတဲ့ Chip ဒီဇိုင်နာ Imagination Technologies နဲ့ Apple က နှစ်များစွာ လိုင်စင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ Imagination Technologies က ၎င်းတို့ Website မှာ Short Statement အဖြစ် Post တင် ကြေငြာခဲ့ပါတယ်။

Apple and Imagination Technologies ink new multi-year deal

၂၀၁၄ ခုနှစ်က Company ၂ ခုကြား သဘောတူညီချက်ကို အခြေခံပြီး လိုင်စင်သဘောတူညီချက် အသစ်ကို သဘောတူလက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ Apple အနေနဲ့ Imagination ရဲ့ IP (intellectual property) ကို ငွေကြေးလဲလှယ်ပြီး ခွင့်ပြုချက်ရခဲ့တာဖြစ်ပါတယ်။

Company ၂ ခုရဲ့ partnership က PowerVR MBX GPU ကို ပထမဆုံး အသုံးပြုခဲ့တဲ့ iPhone ကနေစတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကြမှ Apple က A11 Bionic Chipset နဲ့ ကိုယ်ပိုင် GPU ကိုအသုံးပြုထားတဲ့ iPhone X ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် Apple နဲ့ Imagination တို့ မိတ်ပျက်ခဲ့ပြီး ၂၀၂၀ ကျမှ ပြန်လည်စတင်လက်တွဲဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာကြတာ ဖြစ်ပါတယ်။

Apple and Imagination Technologies ink new multi-year deal

သဘောတူညီလက်မှတ်ရေးထိုးခြင်းမှာ နှစ်ပေါင်းများစွာ လိုင်စင်သဘောတူညီထားတာဖြစ်တဲ့အတွက် Apple အနေနဲ့ 2020 ထုတ် Product များမှာ Imagination ရဲ့ PowerVR GPU ကို အသုံးပြုလာမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တွင်တရုတ်ရှယ်ယာကုမ္ပဏီ Canyon Bridge မှ Imagination ကိုဝယ်ယူခဲ့ပြီး ထိုနှစ်တွင်ပင် Apple သည် ၎င်း၏ဉာဏပစ္စည်းမူပိုင်ခွင့်ကိုချိုးဖောက်သည်ဟုစွပ်စွဲခဲ့သည်။ မကြာသေးမီက Imagination သည်၎င်း၏နောက်ဆုံးပေါ် IMG A-Series မိုဘိုင်း GPU ကိုကြေငြာခဲ့သည်။ Imagination ကို “GPU of Everything” ဟုလူသိများပြီး mobile computing, automotive နှင့် AIoT နယ်ပယ်များတွင် အသုံများပါတယ်။

Ref: GSMArena