fbpx

This is digital planet.

SamsungTech News

ပိုကြီးတဲ့ Display နဲ့ 108 MP Cameras ပါ၀င်လာမယ့် Samsung Galaxy S11 Version သုံးမျိုး

Samsung Galaxy S11 ဟာ Q1 2020(Feb) မှာ ထွက်လာဖို့ အဆင်သင့်ဖြစ်နေလို့ ဖုန်းရဲ့ ကောလဟာတွေ Internet ပေါ် အပြည့်အလျှံ့ထွက်ပေါ်လာနေပါပြီ။ Evan Blass ဖော်ပြထားတဲ့ နောက်ဆုံး leak အရ Galaxy S11 series ဟာ မတူညီတဲ့ Display အရွယ်အစားနဲ့ Version သုံးမျိုးရရှိလာမယ်လို့ သိရပါတယ်။ နောက်ထပ် စိတ်၀င်စားဖို့ကောင်းတာက ထို Version သုံးမျိုးမှာ Curved-edge screen နဲ့ 5G connectivity ပါ၀င်လာမှာပါ။ ဆိုတော့ S11e ပါ Curved Display နဲ့ လာနိုင်ပါတယ်။ Samsung S11 ၏ ထွက်လာမယ့်ရက်ဟာ Samsung ရဲ့ ထုံးစံ February လလယ် လောက်မှာ ထွက်လာနိုင်ပါတယ်။

Blass အရ Samsung Galaxy S11 မှာ 6.4-inch, 6.7-inch နဲ့ 6.9-inch curved displays ဆိုပြီး အမျိုးစား သုံးမျိုးရှိလာမှာပါ။ကြည့်ရတာတော့ Samsung အနေနဲ့ S10e-style flat panels ကို သွေဖယ်လိုက်သလိုပါ။ 6.9-inch version မှာသာ 5G ထောက်ပံ့လာမှာဖြစ်ပြီး ကျန်တဲ့ Versions တွေကတော့ 4G ကိုပဲ ဆက်သုံးလာမှာပါ။ အောက်မှာ ဖော်ပြထားတာ နာမည်ကြီး Tipster Benjamin Geskin ပြုလုပ်ထားတဲ့ Galaxy S11 ရဲ့ အ‌စောပိုင်း Renders တွေပဲဖြစ်ပါတယ်။

အရင်က ပေါက်ကြားမှုတွေအရ Galaxy S11 မှာ
Face Unlock တိုးတက်မှုတွေနဲ့ Space Zoom ပါ၀င်လာမယ်လို့ ဖော်ပြထားပါတယ်။ Space Zoom ဟာ S11 သုံးစွဲသူတွေကို ညဘက်မှာ ဂြိုလ်တွေနဲ့ ကြယ်တွေရဲ့ ပုံတွေကို ရိုက်နိုင်အောက် လုပ်ပေးလာနိုင်ပါတယ်။ ဖုန်းဟာ ပိုများတဲ့ Battery ပါ၀င်လာဦးမှာပါ။ နှစ်တိုင်း February လမှာ Samsung ဟာ သူတို့ရဲ့ Flagship Products တွေကို မိတ်ဆက်လို့ နာမည်ကြီးပါတယ်။ မသေချာတဲ့ သတင်းတွေအရ Galaxy S11 ဟာ Feb. 18, 2020 မှာ ရောက်ရှိလာနိုင်တယ်လို့ ထွက်ထားပါတယ်။ ဒါပေမယ့် Samsung ကတော့ ဘာအတည်ပြုချက်မှ
ဖော်ပြထားခြင်းမရှိပါဘူး။

နောက်ထပ် XDA Developers ဖော်ပြချက်အရ
Samsung Galaxy camera app ထဲမှာ 108-megapixel resolution mode ပါ၀င်လာမယ်လို့သိရပါတယ်။ အဲ့အတွက် ကုမ္ပဏီအနေနဲ့ 108-megapixel camera ကို မကြာခင်ထွက်ရှိလာမယ့် flagship phones S series မှာ သုံးလာမယ်လို့ ခန့်မှန်းရပါတယ်။

Samsung ရဲ့လက်ရှိ Lenses တွေလို 12-megapixel ပုံတွေကိုထုတ်ပေးတဲ့ ကြီးမားတဲ့ pixels တွေကိုသုံးထားမျိုးမဟုတ်ဘဲ 108-megapixel sensor ဟာ pixel-binning ကိုသုံးပြီး များစွာသော Pixels တွေကို high-resolution image အဖြစ်ပြောင်းပေးမှာပါ။ Pixel Binning ရဲ့ အကျဘက်ဟာ noise ပိုများလာပြီး light sensitivity ပိုနည်းလာမှာပါ။ Samsung ကတော့ ထို ပြဿနာကို အလင်းရောင် ‌ယိုစိမ့်မှုကို ကာကွယ်ပေးပြီး ပိုမိုသန့်စင်တဲ့ ပုံတွေကိုထုတ်ပေးမယ့် Pixels ရှိတဲ့ ISOCELL sensor အသစ်နဲ့ ကျော်လွှားဖို့ရှိနေပါတယ်။

Ref: Gizmochina