fbpx

This is digital planet.

Tech NewsXiaomi

ပိုများတဲ့ Battery ပမာဏပါ၀င်လာမယ့် Black Shark 3 ကို နောက်လမှာမိတ်ဆက်လာနိုင်

တရုတ် Gaming Smartphone ကုမ္ပဏီတစ်ခုဖြစ်တဲ့ Black Shark ဟာ နောက်လမှာ စမတ်ဖုန်းအသစ်တစ်လုံးကို ဆက်ဆက်လာမယ်လို့ သတင်းရရှိထားပါတယ်။ ထိုဖုန်းဟာ Black Shark 3 ဖြစ်လာနိုင်ပါတယ်။ အခု သတင်းတွေမှာတော့ ဖုန်းရဲ့ Specifications တစ်ချို့ ပေါက်ကြားလာခဲ့ပါတယ်။

Digital Chat Station ရဲ့ Weibo မှာတင်ထားတဲ့ Post တစ်ခုအရ Black Shark 3 မှာ Snapdragon 865 Processor ပါ၀င်လာဖို့ရှိနေပြီး ဖုန်းမှာ High Refresh Rate ကောပါ၀င်လာမှာပါ။ ထို Post အရ ဖုန်းဟာ 30W Fast Charge ထောက်ပံ့ပေးလာဖို့ရှိနေပါတယ်။ အဲ့အပြင် ကုမ္ပဏီအနေနဲ့ 30W Flash Charge ထက်ပိုမြန်တဲ့ Charging Technology အသစ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဖုန်းမှာ 4,700 mAh ခန့်ရှိတဲ့ Battery ပါ၀င်လာမှာပါ။

Black Shark 2 Pro ဟာကုမ္ပဏီရဲ့ နောက်ဆုံးထွက်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဖုန်းမှာ
6.39 လက်မရှိတဲ့ FHD+ Screen၊ Snapdragon 855+ Processor နဲ့ 27W Fast Charge ထောက်ပံ့ပေးထားတဲ့ 4000mAh Battery ပါ၀င်ပါတယ် ။ Black Shark 2 နေရာကို ဆက်ခံလာမယ့် Black Shark 3 မှာ 5G ထောက်ပံ့ပေးလာလာရင် သေချာတာကတော့ ဖုန်းမှာ ပိုများတဲ့ Battery နဲ့ ပိုမြန်တဲ့အားသွင်စနစ်ပါ၀င်လာမှာပါ။

Black Shark 3 နဲ့ပတ်သက်ပြီး Screen အရွယ်အစား၊ Design၊ Cameras နဲ့ တစ်ခြားအချက်တွေကတော့ ထွက်ရှိလာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဖုန်းမှာ Black Shark 2 ကလို
Streo Speakers ပါ၀င်လာဖို့ မျှော်လင့်ရပါတယ်။

အရင်လက Model Number SHARK KLE-AO ရှိတဲ့ဖုန်းတစ်လုံးဟာ တရုတ်မှာ အာမခံလက်မှတ်ရရှိခဲ့ပါတယ်။ ထိုဖုန်းဟာ Black Shark 3 ဖြစ်လာနိုင်တယ်လို့ ထင်ထားကြပါတယ်။ လက်မှတ်ထဲမှာ ဖုန်းဟာ 5G ထောက်ပံ့ပေးလာမယ်လို့ ဖော်ပြထားပါတယ်။

Ref: Gizmochina