fbpx

This is digital planet.

OPPOTech News

ပေါက်ကြားမှုအရ OPPO Find X2 မှာ 120Hz QHD+ Display ပါ၀င်လာနိုင်

OPPO Find X2 ဟာ ဒီနှစ်မှာ လူအများစောင့်မျှော်နေတဲ့ ဖုန်းတစ်လုံးလို့ဆိုရင်လည်းမမှားပါဘူး။ ဖုန်းဟာ 2018 တုန်းက နာမည်ရခဲ့တဲ့ Find X နေရာမှာ အစားထိုးပြီး ထွက်ရှိလာမှာပါ။ အခုဆိုရင် ထုံးစံအတိုင်းလိုဖြစ်နေတဲ့ Find X2 မထွက်လာသေးခင်မှာ ဖုန်းရဲ့ အချက်အလက်တစ်ချို့ စတင်ထွက်ရှိလို့လာနေပါပြီ။ အခုထွက်ရှိလာတဲ့ သတင်းဟာ ဖုန်းရဲ့ Screen နဲ့ပက်သက်ပြီး ထွက်ရှိလာတာပဲဖြစ်ပါတယ်။

အရင်ကလ Find X2 ကို ဒီနှစ်မှာမိတ်ဆက်လာမယ်လို့ OPPO ရဲ့ ဒုတိယဥက္ကဌ Brian Shen က အတည်ပြုခဲ့ပါတယ်။ အဲ့အပြင်ဖုန်းဟာ Find X ထက်ပိုကောင်းတဲ့ Display ပါ၀င်လာမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ အခုနောက်ဆုံးထွက်ဖုန်းတွေမှာ Display ကိုအားစိုက်ပြီးထုတ်လာကြတာမလို့ Find X2 မှာ ပိုကောင်းတဲ့ Display ပါ၀င်လာမယ်ဆိုတာ သိပ်တော့မထူးဆန်းပါဘူး။

Image result for oppo find x2

Leak တွေကိုထုတ်ဖော်ပေးရာမှာနာမည်ကြီးတဲ့ တရုတ် Leaker တစ်ခုဖြစ်တဲ့ Digital Chat Station အရ Find X2 ရဲ့ Screen မှာ QHD+ Resolution နဲ့ 120Hz Refresh Rate ပါ၀င်လာမယ်လို့ဖော်ပြထားပါတယ်။ ဖုန်းရဲ့ Resolution ဟာ 3168 x 1440 Pixels ရှိလာမှာဖြစ်ပြီး Display ဟာ Samsung ကနေပြုလုပ်ထားတဲ့ Curved OLED panel ကိုသုံးလာဖို့ရှိနေပါတယ်။ ဖုန်းရဲ့ Screen ဟာ 6.5 လက်မရှိနိုင်ပြီး ဖုန်းရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Selfie Camera အတွက် Punch Hole တစ်ခုပါ၀င်လာမယ်လို့ ဖော်ပြထားပါတယ်။

Image result for oppo find x2

OPPO အနေနဲ့ Users တွေကို FHD+ နဲ့ QHD+ Display နှစ်ခုကြား စိတ်ကြိုက်ပြောင်းလဲပြီး အသုံးပြု‌နိုင်အောင် ပြုလုပ်ပေးလာမှာဖြစ်ပြီး Refresh Rate မှာလည်း 60Hz နဲ့ 120Hz ကြားရွေးနိုင်ဦးမှာပါ။ QHD+ resolution နဲ့ 120Hz refresh rate နှစ်ခုပေါင်းဆို Battery Life ကို ထိခိုက်လာမှာကတော့ အသေအချာပါပဲ။ ဒါပေမယ့်လည်း Users တွေအတွက် Display ကို ရွေးချယ်စရာတွေပေးထားတော့ ကိုယ့်စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်မှာပါ။

OPPO Find X2 မှာ Snapdragon 865 processor နဲ့ အားဖြည့်လာဖို့ရှိနေပြီး 5G Network ထောက်ပံ့ပေးဖို့အတွက် Snapdragon X55 Modem ပါ၀င်လာမှာပါ။ ဖုန်းဟာ 2020 ပထမသုံးလအတွင်းမှာမိတ်ဆက်လာဖို့ရှိနေတာမလို့ မကြာခင်မှာ Leaks တော်တော်များများထွက်လာနိုင်ပါတယ်။

Ref: Gizmochina