fbpx

This is digital planet.

realmeTech News

ပြည်တွင်းစျေးကွက်ရောက်လာတော့မည့် realme 5s နှင့် realme Powerbank

realme Myanmar က realme 5s စမတ်ဖုန်းသစ်နှင့် realme Power Bank တို့ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၃)ရက်၊ ရန်ကုန်မြို့ရှိ Lotte Hotel တွင် တရားဝင်မိတ်ဆက်ကြေညာပေးသွားခဲ့ပြီး အဆိုပါပွဲသို့ ဖိတ်ကြားထားသည့်သတင်းမီဒီယာများနှင့် နည်းပညာလောကမှ reviewer များစွာတက်ရောက်ခဲ့ကြသည်။ realme 5s မှာ ယခင်မိတ်ဆက်ပေးထားသည့် realme 5 နှင့် realme 5 Pro ထုတ်ကုန်နှစ်ခု၏ ကြား segment အဖြစ် ဈေးကွက်လိုအပ်ချက်အရ ဝင်ရောက်လာခဲ့သည့် ထုတ်ကုန်သစ်ဖြစ်ပြီး ထူးခြားသည့် 48MP AI Quad Camera အတွေ့အကြုံကို အဓိက ရရှိစေမည်ဖြစ်သည်။

Image result for realme 5s

ယခင် realme 5 ထက်ပိုကောင်းသည့် ISOCELL နည်းပညာသုံး GM1 sensor ကိုအသုံးပြုထားခြင်းကြောင့် ပုံမှန် 12MP ၏ လေးဆဖြစ်သော 48MP ရုပ်ထွက်အရည်အသွေးကို ရရှိစေမည့်အပြင် ပိုမိုကြီးမားသော sensor အရွယ်အစားနှင့် အလင်းဝင်ပေါက်တို့ကြောင့် low-light အခြေအနေများတွင်ပါ ကြည်လင်ပြတ်သားသည့်ပုံရိပ်များကို ဖမ်းယူရရှိစေမည်ဖြစ်သည်။ Quad Camera စနစ်ဖြစ်သည့်အတွက် 48MP ပင်မကင်မရာအပြင် ၁၁၉ ဒီဂရီအထိ မြင်ကွင်းကျယ်များကိုရိုက်ယူနိုင်စေမည့် 8MP Ultra Wide-angle Lens၊ Portrait အလှပုံများရိုက်ယူနိုင်စေမည့် 2MP Lens နှင့် ၄စင်တီမီတာအကွာအဝေးမှ အနုစိတ်ပုံများရိုက်ယူနိုင်စေမည့် 2MP Macro Lens တို့ကိုပါတပ် ဆင်ပေးထားသည်။ ရှေ့ဘက် Selfe ကင်မရာအတွက် 13MP အမျိုးအစားကိုတပ်ဆင်ပေးထားပြီး FullHD video များကိုပါ ရိုက်ယူနိုင်စေမည်ဖြစ်သည်။

Realme 5s ၏နောက်ထပ်အားသာချက်မှာ ကြီးမားသည့် 5000 mAh battery ကိုအသုံးပြုပေးထားခြင်းကြောင့် ပုံမှန်သုံးစွဲမှုမျိုးအတွက် ၂ရက်တာ battery သက်တမ်းကိုရရှိစေမည်ဖြစ်ပြီး ဂိမ်းကစားခြင်းအတွက် ပိုကောင်းသည့် battery သက်တမ်းကိုခံစားနိုင်စေမည်ဖြစ်သည်။ ဖုန်း၏စွမ်းဆောင်မှုအပိုင်းအတွက် တတိယမျိုးဆက်ဖြစ်သော Snapdragon AIE 665 chipset ကိုအသုံးပြုပေးထားပြီး Octa-core 2.0GHz နှုန်းဖြင့် ပိုကောင်းသည့် ဂိမ်းအတွေ့အကြုံကောင်းများကို ထိတွေ့နိုင်စေမည်ဖြစ်သည်။ Realme 5s ၏မျက်နှာပြင်မှာ HD+ ရုပ်ထွက်အရည်အသွေးထောက်ပံ့ထားသည့် 6.5-inch IPS LCD display ကိုအသုံးပြုပေးထားခြင်းကြောင့် ပိုမိုကျယ်ပြန့်သည့်မြင်ကွင်းအတွေ့အကြုံကိုပါရရှိစေမည်ဖြစ်သည်။ realme 5s အတွက် Crystal Blue နှင့်အတူ မြန်မာနိုင်ငံအတွက်ပထမဆုံးစတင်မိတ်ဆက်ပေးလိုက်သည့် Crystal Red အရောင်ကိုပါရွေးချယ်နိုင်စေမည်ဖြစ်ကာ 4GB+128GB version တစ်မျိုးတည်းကို ၂၉၉,၉ဝဝ ကျပ်ဖြင့် လာမည့်နှစ်သစ် ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ကာရောင်းချပေးသွားမည်ဖြစ်သည်။


realme နောက်ထပ် accessory ထုတ်ကုန်သစ်တစ်မျိုးဖြစ်သည့် realme Power Bank မှာ 18W Fash Charging နည်းပညာထောက်ပံ့ပေးထားသည့် 10000mAh အမျိုးအစားဖြစ်ပြီး device ၂ခုကို တစ်ပြိုင်နက်တည်းအားသွင်းပေးသည့်စနစ်ကိုထောက်ပံ့ပေးထားသည်။ Two-way Input/Output အသုံးပြုနိုင်စေမည့် USB Type-C နှင့်အတူ Output ထုတ်ပေးနိုင်မည့် Standard USB-A တို့ကို အသုံးပြုနိုင်စေမည်ဖြစ်သည်။

realme Power Bank ၏ Safety ပိုင်းအတွက် 12 Layers Protection စနစ်ကိုထည့်သွင်းပေးထားခြင်းကြောင့် အားအဝင်နည်းခြင်း၊ အားအဝင်များခြင်း၊ လျှပ်စစ်ပတ်လည်းမတည်ငြိမ်ခြင်း၊ battery အပူချိန်မြင့်တက်စေခြင်း အစရှိသည့် လျှပ်စစ်နှင့် သံလိုက်စက်ကွင်းဆိုင်ရာ ကာကွယ်ခြင်းများကို ထည့်သွင်းကာကွယ်ပေးထားသည်။ realme Power Bank ကို အားအမြန်သွင်းစနစ်ထောက်ပံ့ပေးထားသည့် realme 3 Pro၊ realme 5 Pro နှင့် realme XT ထုတ်ကုန်များဖြင့်တွဲဖက်အသုံးပြုပါက Fast Charging စနစ်ကို အပြည့်အဝရရှိစေမည်ဖြစ်သည်။ realme Power Bank အတွက် Yellow (အဝါ) နှင့် Grey (မီးခိုး) အရောင်၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ၃၅,ဝဝဝ ကျပ်ဖြင့် ဇန်နဝါရီအစောပိုင်းတွင်စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Press release by realme.