fbpx

This is digital planet.

Tech NewsHuawei

ပြည်တွင်းမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်သော HUAWEI nova 7i

နိုင်ငံတကာတွင်စတင်မိတ်ဆက်သည့် အချိန်မှစ၍ ပြည်တွင်းရှိ လူငယ်ပရိသတ်များအကြား စိတ်ဝင်စားမှုရေချိန်မြင့်တက်နေသည့် HUAWEI nova7i ကို ယနေ့မှစ၍ ပြည်တွင်းဈေးကွက်တွင် ၃၆၉၀၀၀ ကျပ်ဖြင့် စတင်ဝယ်ယူရရှိနိုင်တော့မည် ဖြစ်ပါသည်။ ယခင်ကာလများတည်းက HUAWEI nova series များသည် ထူးခြားလှပသောဒီဇိုင်းပုံစံ၊ ကောင်းမွန်သော စွမ်းဆောင်ရည်ပိုင်း၊ အရည်အသွေးမြင့်မားသည့်ကင်မရာများနှင့် ဖွဲ့စည်းထားပြီး ဈေးနှုန်းသင့်တင့်မျှတမှုကြောင့် မြန်မာလူငယ်များအကြား ရေပန်းစားကျော်ကြားပြီးသားပဲဖြစ်ပါတယ်။ HUAWEI nova 7i ကို မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်သည့် အချိန်က ဈေးနှုန်းကို တစ်ပါတည်းမိတ်ဆက်ခဲ့ခြင်းမဟုတ်ပဲ ဈေးနှုန်းခန့်မှန်းပြီး HUAWEI nova 7i ကို ဆုလက်ဆောင် ရရှိနိုင်မည့် အစီအစဉ်ကိုလည်း HUAWEI Mobile က ကျင်းပပြုလုပ်ခဲ့ပါသည်။ ယနေ့မှစ၍ စတင်ဝယ်ယူရရှိနိုင်မည့် HUAWEI nova 7i တွင် ပါဝင်လာသည့် features များကိုလည်း မိတ်ဆက်ဖော်ပြလိုက်ရပါသည်။

Image result for nova 7i

Camera Bump of HUAWEI nova 7i

လှပသေသပ်သောဓာတ်ပုံများကိုဖန်တီးနိုင်မယ့် ကင်မရာအတွဲအစပ်နဲ့ လေးထောင့်စပ်ကင်မရာဒီဇိုင်းပုံစံ

HUAWEI ရဲ့ ကင်မရာ အတွဲအစပ်တွေနဲ့ ကင်မရာတည်ဆောက်ပုံ ဒီဇိုင်းပိုင်းတွေက စမတ်ဖုန်းလောကတွင်ဦးဆောင်နေဆဲဖြစ်ပြီး HUAWEI nova 7i ဖြင့် နောင်တစ်ဖန်ပြန်ပြီး trend အသစ်တွေကို ဦးဆောင်ဖန်တီးနိုင်ဦးမှာပဲဖြစ်ပါသည်။ HUAWEI nova 7i ၏ ကျောဖက် quad camera တွင် 48MP ပင်မကင်မရာ၊ 8MP ultra wide-angle lens၊ 2MP macro lens နှင့် 2MP bokeh lens တို့ပါဝင်သောကြောင့် အခြေအနေအမျိုးမျိုးတအတွက် လှပသောဓာတ်ပုံနှင့် ဗီဒီယိုတို့ကိုကောင်းမွန်စွာရိုက်ကူးနိုင်မည် ဖြစ်သည်။

ဖုန်းအနောက်ဖက်ရှိ 48MP ပင်မကင်မရာမှာ f/1.8 ရှိသော aperture ပါဝင်သည့် ½-inch အာရုံခံကိရိယာတပ်ဆင်ထားပြီး စွမ်းဆောင်ရည် ကောင်းမွန်သော chipset, multi-frame synthesis technology တို့ဖြင့် ထောက်ပံ့ပေးထားသောကြောင့် ရိုက်ကူးထားသောဓာတ်ပုံတို့ကို အနီးကပ် zoom ဆွဲကြည့်သည့် အနေအထားမျိုးတွင်ပါ အသေးစိတ်ကို မြင်တွေ့နိုင်မှာဖြစ်သည်။

Image result for nova 7i

Photo from HUAWEI

ညအချိန်ဓာတ်ပုံရိုက်ကူးရာတွင် 4-in-1 pixel နည်းပညာကို အသုံးပြုထားခြင်းကြောင့် ညအချိန်ကောင်းကင် ကိုရိုက်ကူးရာမှာ noise နည်းပါးစေပြီး ပိုမိုကြည်လင်စေ၍ long exposure နှင့် multi-frame composition တို့ဖြင့်တွဲဖက်လိုက်သောအခါ အလွန်လှပသာကြယ်တွေစုံတဲ့ကောင်းကင်ကို ရိုက်ကူးရရှိနိုင်မည်ဖြစ်သည်။

HUAWEI nova 7i တွင်ပါဝင်သည့် ၁၂၀ ဒီဂရီအပြည့်မြင်နိုင်သည့် 8MP ultra wide-angle lens ကြောင့် အဆောက်အဦးများ၊ သဘာဝရှုခင်းများနှင့် အုပ်စုလိုက်ဓာတ်ပုံများကို ရိုက်ကူးရာတွင် ရင်သပ်ရှုမောဖွယ် ကောင်းသော ဓာတ်ပုံနှင့် ဗီဒီယိုတို့ကို ရရှိနိုင်မည်ဖြစ်သည်။

HUAWEI nova 7i ၏ 4cm အထိအနီးကပ်ရိုက်ကူူးနိုင်သည့် macro lens က သဘာဝတရားကြီးထဲက သေးငယ်တိကျတဲ့အရာတွေကို ရှုာဖွေရိုက်ကူးနိုင်မည်ဖြစ်သည်။ ဒါ့အပြင် AI algorithms အထောက်အပံ့ပေးထားပြီး depth sensing hardware တို့ကို အသုံးပြုထားခြင်းကြောင့် သဘာဝကျကျ နောက်ခံ background တွေကို ဝေဝါးသွားစေမှာဖြစ်ပြီး အလှပဆုံးသော bokeh ဓာတ်ပုံကိုရိုက်ကူးနိုင်မှာပဲဖြစ်ပါသည်။

Image result for nova 7i

HUAWEI nova 7i

အကောင်းမွန်ဆုံးသော ဂိမ်းအတွေ့အကြုံအတွက် 7nm Soc

HUAWEI nova 7i တွင် 7nm နည်းပညာဖြင့် Kirin 810 chipset က ကြီးမားသော cores နှစ်ခုနှင့်  core အသေးခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး Mali-G52 GPU၊ Huawei ၏စတုတ္ထမြောက်မျိုးဆက် ISP နည်းပညာတို့ဖြင့် ထုတ်လုပ်ထားပါသည်။ Huawei ၏ တရားဝင်စာရင်းများအရ 7nm နည်းပညာဖြင့် Kirin 810 Chipset က 12nm နည်းပညာဖြင့် အသုံးပြုသော Kirin 710 Chipset ဖြင့် နှိုင်းယှဉ်ကြည့်ပါသောအခါတွင် ၁၁၀ ရာခိုင်နှုန်းပိုမိုမြင့်မားသော transistor သိပ်သည်းဆရှိပြီး စွမ်းအင်သုံးစွဲမှုကိုလျော့ကျစေပြီး အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ရရှိနိုင်မည်ဖြစ်သည်။

Image result for nova 7i 40w charger

Photo from NXT Singapore

Kirin Gaming+ system-level AI နည်းပညာ၊ အဆင့်မြင့်ထားသော GPU နှင့် HD game special effects တို့က အရည်အသွေးကောင်းမွန်သော၊ ကြီးမားသည့် 3D ဂိမ်းများမှ အချိန်နှင့်တပြေးညီပုံရိပ်များကိုထုတ်ပေး နိုင်သောကြောင့် ဂိမ်းကစားရာတွင် တိကျကြည်လင်ပြတ်သားသော အတွေ့အကြုံကိုရရှိမည်ဖြစ်သည်။

NPU ၏အဆင့်မြင့်သော AI စွမ်းရည်ဖြင့် စဖတ်ဖုန်းသည် CPU၊ GPU နှင့် DDR တို့အတွက်အရင်းအမြစ်ကို အလွယ်တကူနေရာချထားနိုင်သည်။ EMUI10 ၏ feature အသစ်ဖြစ်သော Deterministic Latency Engine က HUAWEI nova 7i ၏ကွန်ပျူတာအမြန်နှုန်းကို ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

လုံခြုံလျင်မြန်သော 40W HUAWEI SuperCharge နှင့် 4200mAh ဘက်ထရီ

HUAWEI nova 7i တွင်ပါဝင်သည့် ကြီးမားသော 4200mAh ဘက်ထရီက အသုံးပြုသူတို့ တစ်နေ့တာလုံးလိုအပ်ချက်ကို အလွယ်တကူဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို ဘက်ထရီကုန်သွားမည်ကို စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်မည် ဖြစ်သည်။  HUAWEI nova 7i တွင်ပါဝင်သည့် 40W HUAWEI SuperCharge သည် မိနစ် ၃၀ အားသွင်းရုံဖြင့် ၇၀ ရာခိုင်နှုန်းအားပြည့်စေမည်ဖြစ်ပြီး တစ်နာရီအတွင်း ၁၀၀ ရာခိုင်နှုန်းအပြည့် အားသွင်းနိုင်ပါသည်။ Huawei ၏ fast charging technology သည် TÜV Rheinland ရဲ့ safety certification ကိုရရှိပြီးဖြစ်သည်။

Price

စွမ်းဆောင်ရည်မြင့်မားပြီး တာရှည်ခံသည့်ဘက်ထရီသက်တမ်းရှိသည့် အကောင်းဆုံးသောဓာတ်ပုံတွေကို ပေးစွမ်းနိုင်မည့် HUAWEI nova 7i သည့် အကောင်းဆုံးသောစွမ်းဆောင်ရည်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ရရှိနိုင်မည့် စမတ်ဖုန်းတစ်လုံး ဖြစ်သည်။

ဓာတ်ပုံနှင့် ခရီးသွားတာကို ဝါသနာပါပြီး ဂိမ်းကစားခြင်းကိုပါနှစ်သက်ပါက ထိုအရာအားလုံးအတွက် အကောင်းဆုံးသော အတွေ့အကြုံကိုပေးနိုင်သည့် HUAWEI nova 7i က  အကောင်းဆုံးသောလက်ဆောင်အဖြစ် မှတ်ယူနိုင်ပါသည်။ HUAWEI Nova 7i ကို RAM/ROM (8/128GB) version ဖြင့် Sakura Pink (ပန်းရောင်)၊ အနက်ရောင် နှင့် အစိမ်းရောင်တို့ကို မြန်မာနိုင်ငံ ဈေးကွက်တွင် ၃၆၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။