fbpx

This is digital planet.

AppleTech News

ဘက်ထရီစွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ရှိနေတဲ့ 2019 iPhone XR

၂၀၁၈ ခုနစ်က ထွက်ရှိခဲ့တဲ့ iPhone XR ၊ iPhone XS နဲ့ iPhone XS Max တို့ထဲမှာမှ iPhone XR ဆိုတာကတော့ ပိုမိုဈေးနှုန်းသက်သာတဲ့ အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဒီ Device အနေနဲ့ ပိုမိုဈေးကြီးတဲ့ iPhone XS နဲ့ iPhone XS Max ထက် အသုံးပြုသူတွေကြားမှာ ပိုမိုနာမည်ကြီးခဲ့ပြီး သူမှာရွေးချယ်စရာ ကာလာ အများအပြားပါဝင်နေသလို အသုံးခံတဲ့ ဘက်ထရီ စွမ်းဆောင်ရည်ကြောင့်လည်း ဖြစ်ပါတယ်။ ယခုထွက်ရှိလာတဲ့ သတင်းတွေအရ Apple အနေနဲ့ ၂၀၁၈ iPhone XR ရဲ့ Successor ကို ဘက်ထရီပိုင်းပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

iPhone XR

သူရဲ့နာမည်ကိုတော့ Apple အနေနဲ့ iPhone XR 2 (ဒါမှမဟုတ်) iPhone XIR ဆိုပြီး ပေးထားဖွယ်ရှိနေပါတယ်။ ဒီ Model အသစ်မှာတော့ ဘက်ထရီပိုင်းအနေနဲ့ 3110 mAh ပါဝင်မယ်လို့ သိရပြီး အရင် iPhone XR တုန်းက 2941 mAh ဘက်ထရီပဲ ပါဝင်ခဲ့တာကြောင့် Capacity 5% တိုးတက်လာတယ်လို့ ဆိုရမှာပါ။ ဒီ ပမာဏကတော့ အရမ်းကြီး များပြားတဲ့ ပမာဏ မဟုတ်ပေးမဲ့ iPhone လို Software Stabilization ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးမှာတော့ အနည်းငယ်တော့ သိသာလာပါလိမ့်မည်။

ဒီသတင်းကတော့ iPhone XR 2 အတွက် ဘက်ထရီတွေကို မှာယူခဲ့တဲ့ Chinese Amperex Technology Limited (ATL) မှ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီ ဘက်ထရီတွေနဲ့ စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်လာတဲ့ 7nm Apple A13 Chipset အသစ်တို့ရဲ့ ပေါင်းစပ်မှုကြောင့် ဒီနှစ် ထွက်ရှိမဲ့ iPhone တွေမှာ ပိုမိုကောင်းမွန်တဲ့ ဘက်ထရီ Life တွေကို မြင်တွေ့ရဖို့လည်း ရှိနေပါတယ်။ ပြီးခဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone XR အနေနဲ့ အောင်မြင်ခဲ့တာကြောင့် Apple အနေနဲ့ ဒီနှစ်မှာတော့ ပိုမိုဆွဲဆောင်မှု ရှိရှိနဲ့ ပွဲထုတ်လာနိုင်ဖို့လည်း ရှိနေပါတယ်။

Ref: Gizchina