fbpx

This is digital planet.

Tech NewsXiaomi

မကြာခင်ထွက်ရှိလာတော့မယ့် Xiaomi ရဲ့ 5G flagship Mi MIX Alpha နဲ့ပက်သက်ပြီး ထွက်ထားတဲ့ အချက်များ

နည်းပညာအရ Mi Mix လမ်းစဉ်ဟာ Concept အပေါ်‌မှာ အခြေတည်ထားတဲ့ လမ်းစဉ်ပဲဖြစ်ပါတယ်။ အဲ့လမ်းစဉ်မှာ Xiaomi အနေနဲ့ Design အသစ်တွေနဲ့ နည်းပညာအသစ်တွေကို စမ်းသပ်သုံးလေ့ရှိပါတယ်။ တစ်ခြား Concept Products တွေလိုမဟုတ်ဘဲ အရေးအတွက်အများအပြား ထုတ်ထားပြီး မိတ်ဆက်ပြီးမကြာခင်မှာ ‌‌Commercial အနေနဲ့ ရရှိလာမှာဖြစ်ပါတယ်။ ဒီအပတ်မှာ Xiaomi အနေနဲ့ Mi MIX Alpha လို့ခေါ်လာမယ့် နောက်ဆုံးထွက် Series ကို မိတ်ဆက်လာပါတော့မယ်။ အောက်ကအချက်တွေက Mi Mix Alpha နဲ့ပက်သက်ပြီး နောက်ဆုံး သိထားရတဲ့ အချက်တွေပါ။

Mi MIX Alpha

Mi MIX 4 မဟုတ်တော့ဘဲ , Mi MIX α (Alpha) ဖြစ်လာမယ်

Mi MIX 4 နာမည်အစား Xiaomi ဟာ MIX flagship အသစ်ကို Mi MIX α အနေနဲ့ထုတ်လာတော့မှာပါ။ အဲ့လို နာမည် ပြောင်းလာတာက ခေတ်အသစ်စဖို့ ဖြစ်တယ်လို့ Xiaomi ကဆိုထားပါတယ်။ Arabic numerals (0, 1, 2, 3, 4, 5, 6, 7, 8 and 9) ကနေ Greek alphabets ကိုပြောင်းလိုက်တာက အရင် Xiaomi ရဲ့ MIX name သုံးမှုကို ဆန့်ကျင်ထားပြီး စီစဉ်ထားပါတယ်။

Design

Mi MIX Alpha ရဲ့ Design ဟာ Web ပေါ်မှာ ဆွေးနွေးစရာအနေနဲ့ ထွက်ထားပါတယ်။ သူ့ရဲ့ Design ဟာ candy bar design ပုံစံလို့ထင်ရပြီး Display မှာ Notch တွေ Punch Hole တွေမပါ၀င်တော့ပါဘူး။ ရှေ့ Panel Glass ဟာ Pop up Selfie Camera ပါလာနိုင်တယ်လို့ ထင်ရပါတယ်။ Teaser Poster ထွက်ပေါ်လာတဲ့အခါ Xiaomi အနေနဲ့ ဒီနှစ်အစောပိုင်းတုန်းကပြသခဲ့တဲ့ ရှေ့ပြေးပုံစံ foldable phone ဖြစ်လာဖို့ယုံကြည်ခဲ့ကြပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ Mi MIX Alpha ဟာ foldable phone မဟုတ်ဘူးလို့ Weibo မှာတင်ခဲ့ပါတယ်။


Design ကို ခုထိ‌သေချာမသိရသေးပေမယ် သေချာတာက Mate 30 Pro ရဲ့ Horizon Display ထက်ပို Curve ဖြစ်လာမယ် flexible display ကိုသုံးလာမှာပါ။ နောက်ထပ် Phone ရဲ့ ဖြစ်နိုင်‌ခြေ Design ကတော့ Display မှာပါလာမယ့် front-facing camera ပဲဖြစ်ပါတယ်။ ဟိုတစ်နေ့က Xiaomi ဟာ Weibo မှာ Poster တစ်ခုတင်ခဲ့ပြီး Poster ထဲမှာ waterdrop notch ၊ pop-up selfie camera နဲ့ punch-hole display designs တွေကိုဖော်ပြထားပြီး ဘယ် front-facing camera design ကိုသုံးသင့်တဲ့ အကြောင်းကို မေးထားပါတယ်။ တစ်ချို့သောသူတွေကတော့ အဲ့ Post ကနေ under-display selfie camera ကိုသုံးလာဖို့ Tease လုပ်နေတယ်လို့ အဓိပ္ပာယ်ကောက်ထားကြပါတယ်။ အရင်က Xiaomi ဟာ under-display selfie camera technology ကို မူပိုင်ခွင့်တင်ထားတဲ့ အတွက် အဲ့ Tech ကိုယူလာဖို့ မကြာလောက်တော့ပါဘူး။

Specs

Mi MIX Alpha ရဲ့ Key Specifications တွေကတော့အခုမသိရသေးပါဘူး။ Leaks တွေအရ Snapdragon 855 Plus processor ၊ 108MP camera sensor ၊ wireless charging နဲ့ reverse wireless charging ပါ၀င်လာမယ်လို့ သိထားရပါတယ်။ Mi MIX Alpha ကို September 24 မှာ Mi 9 Pro 5G ၊ Mi TV Pro နဲ့ တစ်ခြားစိတ်၀င်စားဖို့ကောင်းတဲ့ Products တွေနဲ့အတူ မိတ်ဆက်လာမှာပဲဖြစ်ပါတယ်။

Ref: Gizmochina