fbpx

This is digital planet.

Tech News

မတူညီ‌တဲ့ ဈေးတန်းထဲက အတန်ဆုံး ဖုန်းတွေရဲ့ စာရင်းကို ထုတ်ပြန်လိုက်တဲ့ AnTuTu

နို၀င်ဘာ ၁၁ မှာ တရုတ်မှာ ကျင်းပပြုလုပ်မယ့် Double 11 sale မတိုင်ခင်မှာ AnTuTu ဟာ မတူညီတဲ့ ဈေးတန်းထဲက အမြင့်ဆုံး Benchmark ရလဒ်ရရှိထားတဲ့ဖုန်းတွေကို ထုတ်ပြန်လိုက်ပါပြီ။ အခြေခံအားဖြင့် အခု Benchmarks တွေဟာ CPU performance အရ သုံးစွဲသူတွေအတွက် အတန်ဆုံးဖုန်းဖြစ်မယ့် ဖုန်းတွေကို အသားပေးထားပါတယ်။ မတူညီတဲ့ဈေးတန်းက အတန်းဆုံး ဖုန်းတွေကို အောက်မှာဖော်ပြထားပါတယ်။ CPU Performance ကိုကြည့်ပြီး အတန်ဆုံးဆုံးဖြတ်တာပါ။ ဈေးကိုမဟုတ်ပါ။

Yuan 0-1449 (~$0-207)

အခု ဈေးတန်းထဲမှာ အတန်ဆုံးကတော့ Meizu 16th 6 GB + 64 GB ပဲ ဖြစ်ပါတယ်။ ဖုန်းဟာ Meizu ရဲ့ 2018 က Flagship ဖုန်းဖြစ်ပြီး Snapdragon 845 SoC ကိုသုံးထားပါတယ်။ သူ့နောက်မှာတော့ Meizu X8 4 GB + 64 GB နဲ့ Honor 9X 6 GB + 64 GB တို့က 223.8 မှတ် ၊218.4 မှတ် တို့နဲ့အသီးသီး နောက်ကလိုက်ပါတယ်။ အံဩစရာကောင်းတာက အခုဈေးတန်မှာ ‌ဈေးအနည်းဆုံးနဲ့ Xiaomi Redmi Note 8 Pro 4 GB + 64 GB ပါ၀င်လာတာပါပဲ။

Yuan 1550-1999 (~$214-285)

အခုဈေးတန်းမှာတော့ အတန်ဆုံးဖုန်းကတော့ Lenovo Z6 Pro 8 GB + 128 GB ဖြစ်ပြီး Flagship တန်းက Snapdragon 855 SoC ကို သုံးထားပါတယ်။ ဒုတိယနဲ့ တတိယနေရာကိုတော့ Vivo iQOO 6 GB + 128 GB နဲ့ Honor V20 6 GB + 128 GB တို့က နေရာယူထားပါတယ်။ နောက်ထပ် အခုဈေးတန်းထဲက ဈေးအနည်းဆုံးဖုန်းက Xiaomi ရဲ့ CC9 6 GB + 128 GB ပဲဖြစ်ပါတယ်။

Yuan 2000-2999 (~$214-428)

အခုဈေးတန်းထဲက အတန်ဆုံးဖုန်းကတော့ K20 Pro 8 GB+256 GB ဖြစ်ပြီး သူ့‌ရဲ့နောက်မှာတော့ Meizu 16s 6 GB+128 GB နဲ့ gaming ဖုန်းဖြစ်တဲ့ Red Magic 3 8 GB+128 GB ကလိုက်ပါတယ်။ ဖုန်းသုံးလုံးစလုံးမှာ Snapdragon 855 SoC ကိုသုံးပေးထားပါတယ်။ အခု benchmark result မှာ ဈေးအနည်းဆုံးကတော့ Xiaomi Black Shark 2 Pro 12 GB + 128 GB ပဲဖြစ်ပါတယ်။

Yuan 3000 or higher (~$429+)

ဒီထဲမှာ အတန်ဆုံးဖုန်း‌တွေထဲမှာ OnePlus 7T 8 GB+256 GB ၊ Asus ROG Phone 2 8 GB + 128 GB နဲ့ Vivo iQOO Pro 5G 8 GB + 128 GB တို့ပါ၀င်ပါတယ်။ OnePlus 7T မှာ 90 Hz refresh rate display ရှိနေချိန်မှာ Asus ROG Phone 2 က တစ်လှမ်းသာကာ 120 Hz refresh rate display ကိုသုံးထားပါတယ်။ အခုဈေးတန်းမှာ ဈေးအနည်းဆုံးဖုန်းက Camera အသားပေး Huawei P30 8 GB RAM +128 GB ROM ပဲဖြစ်ပါတယ်။

ခြုံပြောရရင် အခု Charts တွေဟာ အမြင့်ဆုံး CPU benchmarks တွေကို အခြေခံထားတဲ့ မတူညီတဲ့ ဈေးတန်းထဲက အတန်ဆုံးဖုန်းတွေကိုသာ ညွှန်ပြထားတာဖြစ်တယ်။ ဖုန်းမ၀ယ်ခင် သေချာစဉ်းစားရမှာက CPU တစ်ခုထဲမဟုတ်ပဲ Display အရွယ်အစားနဲ့ အမျိုးအစား ၊ Battery ပမာဏ နဲ့ Camera performance စတဲ့ အရေးကြီးတဲ့ အချက်တွေကို ‌စဉ်းစားရမှာဖြစ်ပါတယ်။

Ref: Gizmochina