fbpx

This is digital planet.

OPPOTech NewsVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

ဒီနေ့ Xiaomi ဟာ OPPO နဲ့ Vivo တို့ပါဝင်ထားတဲ့ Inter-Transfer Alliance group ကိုမိတ်ဆက်ခဲ့ပြီး Airdrop လို file transfer service ကိုပြုလုပ်နေပါတယ်။ လက်ရှိမှာ Open Beta ပဲရသေးပြီး မတူညီတဲ့ Devices တွေကနေ Photos နဲ့ Documents စတာတွေကို ရိုရှင်းတဲ့ swipe or click လုပ်ပြီး လဲလှယ်လို့ရမှာပါ။

အဲ့လိုလဲလှယ်ရာမှာ 4G Data ဒါမှမဟုတ် third-party app ကို မသုံးဘဲ Battery ကိုချွေတာပြီး Files တွေကို Bluetooth နဲ့ လဲလှယ်နို်င်မယ်လို့ Company ကဆိုထားပါတယ်။ Speed မှာတော့ 20 MB/s ထိရပါမယ်။ 720p movie တစ်ခုကို ဖုန်းနှစ်လုံးကြား Transfer လုပ်တဲ့အခါ ၂ မိနစ်လောက်ပဲကြာမှာပါ။

လောလောဆယ် Inter-Transfer Alliance မှာ 3 members ပဲရှိသေးပါတယ်။ Xiaomi အနေနဲ့ တစ်ခြား Brands တွေ Join လာဖို့ကို ကြိုဆိုနေပါတယ်။Realme နဲ့ Redmi ဟာလည်း သူတို့ Parent companies တွေ Team မှာ ပါဝင်နေတာမလို့ Team ထဲကိုဝင်လာဖို့သေချာနေပါတယ်။

Ref: GSMARENA