fbpx

This is digital planet.

NewsRedmi

မထင်မှတ်ပဲ ပျံနှံ့သွားတဲ့ Redmi K20 Specification များ

Xiaomi ရဲ့ Brand ကနေခွဲ ထွက်ထားတဲ့ Redmi က သူရဲ့ ပထမဆုံး Flagship ဖုန်းတစ်လုံးကို မကြာခင်မှာမိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းက Redmi ကထုတ်မယ့် flagship ဖုန်းတစ်လုံးပီ ပီ Specification အမြင့်စားတွေ ကို အသုံးပြုပေးထားမှာ ဖြစ်တဲ့ အတွက် လူတိုင်းရင်ခုန်စောင့်မျော်နေတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Redmi ရဲ့ Manager တစ်ဦးရဲ့ Weibu post အရ Antutu Benchmark စားရင်းမှာ ၄ သိန်း ကျော်အထိ ရရှိပြီး codename ကို Demon King လို့ခေါ်ထားပါတယ်။ Redmi K20 ရဲ့ Specs တွေကလဲ Twitter ပေါ်မှာ ပျံနှံလာ ပါပြီး။

1080p+ 6.39-inch OLED display ကို 19.5:9 aspect ratio ရှိပါတယ်။ Selfie camera ဟာ Pop-up 20MP f/2.0 aperture ဖြစ်ပြီး Main camera ကတော့ 48 MP F1.7 ဖြစ်ပြီး Ultrawide 13 MP f/2.4 နှင့် telephoto lens အဖြစ် 8 MP F/2.4 ဖြစ်ပါလိမ့်မယ်။ Battery ပိုင်းမှာတော့ 4000 mAh ပါဝင်မှာဖြစ်ပါတယ်။ ဒီ 4000 mAh ကို 27W Fastcharging နှင့်သွင်းရမှာဖြစ်ပါတယ်။ Wireless Charging ပါမပါ မသိရသေးပါဘူး။

ဒီ Redmi K20 မှာ Snapdragon 670 ကိုသုံးပေးထားမှာ မဟုတ်ပဲ Qualcomm ရဲ့Flagship ဖြစ်တဲ့ Snapdragon 855 SoC ကို အသုံးပြုထားပါလိမ့်မယ်။ UFS 2.1 storage နှင့်ဆိုတော့ Data transfer နှုန်းတွေက Flagship တွေလို မြန်နေမှာပါ။ နောက်ပြီး Antutu မှာ ၄ သိန်းကျော်ရရှိထားတဲ့ အတွက် ဘယ်လိုဖြစ်ဖြစ် ညံ့ စရာအကြောင်းတစ်ချက်မှ မရှိလာနိုင်ပါဘူး။

ဒီဖုန်းအကြောင်း အကုန်တော့ မသိရသေးပါဘူး။ In-display Fingerprint ပါမပါ RAM ဘယ်လောက်ရှိမရှိ သေချာမသိရသေးပါဘူး။ ဈေးက Pocophone F1 လို Flagship တွေကို အားလုံး kill မလား တစ်ချက်စောင့်ကြည့်ရပါမယ်။

Ref: GSMArena

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်