fbpx

This is digital planet.

GoogleTech News

မိတ်ဆက်စရာမလိုလောက်အောင် အချက်လက်တွေ စုံလင်စွာ ပေါက်ကြားနေတဲ့ Pixel 4 နဲ့ Pixel 4 XL

မနက်ဖြန်ဆိုရင် Google မှ ၄င်းတို့ရဲ့ Flagship ဖုန်းဖြစ်တဲ့ Pixel ဖုန်းအမျိုးအစားအသစ်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ မနှစ်က Pixel 3 မထွက်ခင်ကလည်း Pixel 3 နဲ့ ပက်သက်ပြီး ရိုက်ကူးထားတဲ့ ပုံတွေပြန်ခဲ့သလို ဒီနှစ်မှာလည်း Pixel 4 ရဲ့ Design တစ်ချို့နဲ့ ပါ၀င်မည့် Feature တစ်ချို့ကို Google ဘက်မှ တရား၀င်ချပြတာတွေရှိပါတယ်။ အခြားသော Media တွေ YouTube တွေမှာလည်း Pixel 4 XL နဲ့ပက်သက်ပြိး Hands-On Video များ ပေါ်ထွက်လာပါတယ်။

Pixel 4, 4 XL listed on Best Buy Canada with specs and images
အချက်အလက်တော်တော်များများ ပေါက်ကြားနေတဲ့ Pixel 4 က ထွက်လာတဲ့အခါ ရင်ခုန်စရာရှိမလားဆိုတာတော့ ကျွန်တော် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ Pixel 4 XL နဲ့ပက်သက်ပြီး နေရာတော်တော်များများမှာ အပိုင်းအစတွေပေါက်ကြားခဲ့သလို အချက်အလက်တော်တော်များများနဲ့ ပြည့်ပြည့်စုံစုံ ပေါက်ကြားခဲ့တာတော့ NEXTRIFT ဆိုတဲ့ website ကပဲဖြစ်ပါတယ်။ အခုလည်း ကနေဒါနိုင်ငံ Best Buy Website မှာ Pixel 4 and 4 XL တို့နဲ့ပက်သက်ပြီး Images နဲ့ Specs များ ပေါ်ထွက်လာပါတယ်။

ထွက်ပေါ်လာတဲ့ပုံတွေအရ ကျွန်တော်တို့ ရှေ့မြင်တွေ့ခဲ့တဲ့ Design နဲ့ အတူတူပါပဲ။ အခြားအရောင်တွေ မတွေ့ခဲ့ရပေမဲ့ အဓိက မြင်တွေ့ခဲ့ရတာကတော့ Just Black နဲ့ Clearly White တို့ပဲ ဖြစ်ပါတယ်။

Pixel 4, 4 XL listed on Best Buy Canada with specs and images

Camera ပိုင်းမှာ နာမည်ကြီးလေ့ရှိတဲ့ Pixel က ဒီတစ်ခါမှာဘာတွေ ထုတ်ပြမလဲ မသိသေးပေမဲ့ Just point and Shoot for fantastic photos ဆိုတဲ့ စာနဲ့အတူ ၄င်းတို့ လုပ်နိုင်တဲ့ အရာတွေနဲ့ ဖော်ပြထားပါတယ်။ ဓာတ်ပုံတွေကို Studio မှာ သေချာ Setting ချရိုက်ထားသလို Pixel 4 နဲ့ ရိုက်တဲ့ပုံတွေကလည်း Studio-like Photos အတိုင်း ရိုက်ကူးနိုင်အောင် Software က ကူညီမယ်လို့ပြောထားပါတယ်။ “nothing new to learn and no editing required” စာနဲ့အတူ ဓာတ်ပုံပညာတွေ လေ့လာစရာမလိုပဲ Point and Shoot မှာ ကောင်းကြောင်းကို ကြွားလုံးထုတ်ထားပါတယ်။ Camera ပိုင်းမှာ Feature အသစ်အနေနဲ့ Astronomy Photography mode ပါ၀င်လာမှာဖြစ်ပါတယ်။ ဘယ်လောက်ထိ စွမ်းမလဲဆိုတာတော့ မနက်ဖြန်မှာ စောင့်ကြည့်ရမယ်။

Pixel 4, 4 XL listed on Best Buy Canada with specs and images

ဖုန်းကို လက်နဲ့ ထိစရာမလိုပဲ အသုံးပြုနိုင်တဲ့ Quick Gestures တွေပါ၀င်မှာ ဖြစ်သလို ထုံးစံအတိုင်း Pixel ၀ယ်ယူသူတွေအတွက် Original Quality အတိုင်း Google Photos မှာ Backup လုပ်နိုင်တဲ့ Service တွေလည်း ရရှိမှာဖြစ်ပါတယ်။

Photos from NEXTRIFT

အခြားသော အချက်အလက်တွေအနေနဲ့ Google က Pixel 4 မှာ In Display fingerprint ကို မသုံးပဲ Face Unlock ကို အသုံးပြုမှာဖြစ်ပါတယ်။ Google မှာ သုံးထားတဲ့ Face Unlock က Biometric Security Feature ဖြစ်တဲ့အပြင် လုံခြုံစိတ်ချရတဲ့ အတွက်ကြောင့် Apple Face ID လိုပဲ payments တွေကိုပါ ပေးချေနိုင်မှာပါ။ SoC အနေနဲ့ Out of date ဖြစ်ခါနီးတော့မည့် Snapdragon 855 ကိုပဲ သုံးထားသလို 90Hz Smooth Display လည်းပါ၀င်မှာ ဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ Pixel 4 မှာ 2800mAh နဲ့ Pixel 4 XL မှာ 3700mAh တို့ပါ၀င်မှာ ဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ဖြစ်သွားတဲ့အတွက် အရင် Pixel တွေနဲ့ယှဥ် များစွာ Multi−tasking ပိုကောင်းလာမှာ ဖြစ်ပါတယ်…

Image result for pixel 4 astrophotography

Ref: GSMArena