fbpx

This is digital planet.

Tech NewsXiaomi

မိန်းကလေးတွေအတွက် ရည်ရွယ်ထားတဲ့ Xiaomi Mi CC9

Xiaomi ကတော့ မိန်းကလေးတွေအတွက် ရည်ရွယ်ပြီး Selfie ကို အဓိကအားထားတဲ့ Mi CC9 ထုတ်ဖို့ကြိတ်ကြံနေတာ ကြာပါပြီ။ တရုတ်ပြည်ရဲ့ Selfie king လို့သတ်မှတ်ကြတဲ့ Meitu Company ကို ဝယ်လိုက်ပြီး မိန်းကလေးတွေအတွက်ပါ သီးသန့်ရည်ရွယ်ပြီး Selfie အသားပေး ဖုန်းထုတ်ပါတော့မယ်။ အခုအခါမှာ Mi CC9 ရဲ့ဗူးပုံတွေကတော့ ထွက်လာပါပြီ။

ဗူးလေးက Xiamoi မှာမြင်နေကြပုံမျိုးမဟုတ်ပဲ အဖြူရောင်လေးပေါ်မှာ ကာလာစုံနဲ့ တော်တော်လေးလှပါတယ်။ ရှေ့ဘက်မှာက 48MP Main Sensor ကို Mi 9 လိုပုံစံမျိုး ထားသွားဖို့ရှိပြီး နောက်က Selfie ကိုတော့ 32MP သုံးသွားမှာပါ ။

ထွက်ပေါ်ထားတဲ့ Selfie ကင်မရာရဲ့ Samples လေးတွေကတော့ မိန်းကလေးတွေအကြိုက်ဖြစ်လာဖို့ရှိပါတယ်။ Xiaomi ထုတ်ကုန်တွေကများသောအားဖြင့် ဈေးနှုန်းသက်သာလေ့ရှိပါတယ်။ အဲ့ဒီအတွက် ပိုက်ဆံ လည်း အရမ်းမသုံးချင်ဘူး Midrange Smartphone တွေ ထဲမှာ Selfie ကောင်းတာလေးလည်း လိုချင်တယ်ဆိုတဲ့သူတွေအတွက်တော့ ရွေးချယ်စရာနောက်တစ်ခုဖြစ်လာဖို့ ကြိမ်းသေနေပါပြီ။

ဒါနဲ့ Xiaomi အနေနဲ့ ဒီဖုန်းကို လာမဲ့လ July 2 ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ အဲ့ဒီနေ့မှာ Mi CC9 အပြင် သူရဲ့ ညီမလေး Mi CC9e ကိုပါ Light Version အနေနဲ့မိတ်ဆက်သွားမှာဆိုတော့ ပိုက်ဆံနည်းနည်းပဲ သုံးပါမယ်ဆိုတဲ့သူတွေအတွက်ပါ ရွေးချယ်စရာတစ်ခုတိုးလာမှာပါ။ Xiaomi က မိန်းကလေးတွေအတွက်ရည်ရွယ်တဲ့ Smartphone တွေထုတ်လာပြီဆိုတော့က သိပ်မကြာခင်မှာ Mi fan girl လေးတွေကို ပိုမြင်လာရဖို့ရှိပါလိမ့်မယ်။

Ref: GSMArena