fbpx

This is digital planet.

MicrosoftTech News




 


 




Unicode

မျက်မမြင်တွေကို Program Code တွေရေးနိုင်ဖို့ အကူအညီပေးနိုင်တော့မယ့် Microsoft

“တစ်ချို့စိတ်ကူးအိပ်မက်တွေဟာ တန်ဖိုးကြီးမားတယ်” အထူးသဖြင့် Code တွေ ရေးရ၊ ဖတ်ရတဲ့ “Programmer” တစ်ယောက်ဖြစ်နိုင်ဖို့ “အမြင်အာရုံ” ဟာ အလွန်ရေးပါပါတယ်။ နိုင်ငံခြားက မူလတန်းကျောင်းတွေမှာ Programming အပိုင်းကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် “Scratch” လို့ခေါ်တဲ့ Visual Program ကို အသုံးပြုပြီး Basic Coding Concept တွေကို သင်ကြားပေးကြတယ်။ သို့ပေမယ့် Theo လို Coding ပိုင်းကို ဝါသနာထုံပေမယ့် အမြင်အာရုံချို့တဲ့နေသူတစ်ယောက်အတွက်တော့ အိပ်မက်တွေဟာ အလှမ်းဝေးနေခဲ့ရတယ်။

Microsoft ဟာ Theo လို အမြင်အာရုံချို့တဲ့သူတွေအတွက် Code တွေကို ဖန်တီးမှုနဲ့ သင်ယူမှုအပိုင်းတွေမှာ ပိုပြီးလွယ်ကူစေမယ့် အထောက်အကူပြုပစ္စည်းကို ဖန်တီးခဲ့ပြီး အဲဒီ ပစ္စည်းကို “Code Jumper” လို့ နာမည်ပေးခဲ့ကြတယ်။ ဒီ Project ကို ဦးဆောင်ခဲ့သူကတော့ Microsoft’s Cambridge ရဲ့ သုတေသနဓာတ်ခွဲခန်းက ကွန်ပျူ တာသိပ္ပံပညာရှင် Cecily Morrison ပါ။ သူမအနေနဲ့ Project ကို ဦးဆောင်ခဲ့ရတဲ့အကြောင်းအရင်းထဲမှာ မွေးရာပါ အမြင်အာရုံချို့တဲ့ခဲ့ရတဲ့ သူမရဲ့ ၆ နှစ်အရွယ် သားလေးကို Coding ပိုင်းသင်ကြားပေးမယ့် နည်းလမ်း ရှာဖွေနိုင်ဖို့အတွက်လည်း ပါဝင်ခဲ့ပါတယ်။

 

Theo, Ollie and Cecily with Code Jumper

 

“Code Jumper” မှာ ဝါ၊ စိမ်း၊ နီ၊ ပြာ အရောင်ခွဲထားတဲ့ Pod လေးတွေပါဝင်ပြီး Pod တစ်ခုစီဟာ Code Line တစ်ခုကို ကိုယ်စားပြုပါတယ်။ မျက်စိမမြင်သူတစ်ယောက်အနေနဲ့ Pod တွေကို ခွဲခြားနိုင်ဖို့ မတူညီတဲ့ အသံကိုယ်စီ ထည့်သွင်းထားပြီး Code အတို၊ အရှည်ကို ချိန်ညှိပေးမယ့် ခလုတ်လည်း ပါဝင်ပါတယ်။ ကိုယ်ရေးချင်တဲ့ Program အလိုက် အဲဒီ Pod တွေကို ကြိုးနဲ့သွယ်ဆက်ပေးပြီး Coding တွေကို ပေါင်းစပ်နိုင်မှာပါ။

“Code Jumper” ဟာ အမြင်အာရုံချို့တဲ့သူတွေကို Programming ရဲ့ အခြေခံ Concept တွေသင်ကြားရာမှာ အများကြီးအထောက်အကူပေးနိုင်ပြီး ဒီနည်းလမ်းကို စမ်းသပ်ရာမှာ အကူအညီပေးခဲ့တဲ့ Theo ကိုယ်တိုင်ကလည်း “Code Jumper ကြောင့် Coding ရဲ့ အခြေခံသဘောတရားတွေအားလုံးကို တတ်သိနားလည်ခဲ့ရပြီး “Python Programming Language” သင်ယူနိုင်တဲ့အဆင့်ကို တက်ရောက်နိုင်ခဲ့တယ်” လို့ ဆိုခဲ့ပါတယ်။

Theo ဟာ နည်းပညာနယ်ပယ်မှာ Programmer တစ်ယောက်အဖြစ်ရပ်တည်ဖို့ ဆန္ဒပြင်းပြသူတစ်ယောက်ဖြစ်ပြီး အမြင်အာရုံချို့တဲ့သူတွေအတွက် ဖုနိးနဲ့ ကွန်ပျူ တာ အသုံးပြုရာမှာ ပိုမိုလွယ်ကူအောင် တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ဖို့ ရည်ရွယ်ထားပါသတဲ့။ လေးနှစ်တာ စမ်းသပ်မှုအပြီးမှာတော့ Code Jumper ကို UK, US, Canada, Austraila နဲ့ India တို့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး နောင် ၅ နှစ်အတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြန့်ချီသွားနိုင်ဖို့အထိ ရည်ရွယ်နေပါတယ်။ ဒါဆိုရင် မကြာခင်မှာ အမြင်အာရုံချို့တဲ့သူတွေအတွက် Programmer ဖြစ်ချင်ကြတဲ့ အိပ်မက်တွေဟာ လက်တွေ့အကောင်အထည်ပေါ်လာတော့မှာပါ။

Source